အင်းဆက်ကိုက်ခြင်း
30-Oct-2016အင်းဆက်တွေက ပူတဲ့ အချိန်တွေမှာ ပိုပေါတတ်ပါတယ်။ အင်းဆက် အကိုက်ခံရရင် လူအများစုမှာ သေးငယ်ပြီး ယားယံတဲ့ အဖုသေးတစ်ခု ထွက်လာ တတ်ပါတယ်။အင်းဆက်ကိုက်တာက မပြင်းထန်ဘူးဆိုရင် ဒဏ်ရာပေါ် ရေခဲဝတ်ကပ်ပေးရုံနဲ့ ရောင်ရမ်းနာကျင်မှုလျော့ကျစေနိုင်ပါတယ်။ ဟစ်စတာမင်းဆန့် ကျင်ဆေး (Anti-histamine pill)ကိုသောက်ရင် ယားယံတာ သက်သာပြီး အိပ်မောကျသွားပါလိမ့်မယ်။ အင်းဆက် နဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့သူတွေ အင်းဆက်အကိုက်ခံရရင် ပိုဆိုးစေနိုင်ပါတယ်။ လက္ခဏာအနေနဲ့ ပူတာ၊ မျက်နှာရဲတာ၊ အသက်ရှူရခက်တာ၊ ရင်ဘတ်ထဲတင်းကျပ်နေတာ စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ ဒါဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားပြသင့်ပါတယ်။