အဆစ်လွဲခြင်း
30-Oct-2016လက်ကို ချိုးလိမ်တာ၊ ဆွဲလိုက်တာ၊ မတော်တဆထိခိုက်မိတာနဲ့ အဆစ်လွဲ တာတွေ ဖြစ်ရင် နာကျင်ရတတ်ပါတယ်။ အဲဒီအခါ နာကျင်မှု သက်သာအောင်ရေခဲဝတ်ကပ်ပေးပြီး အကိုက်အခဲပျောက် ဆေးနဲ့ ရောင်ရမ်းမှုတားဆေးတွေကိုမှီ ဝဲသင့်ပါတယ်။ အဆစ်နာမှု အများစုအ တွက် PRINCE ဆိုတဲ့ စကားလုံးကို မှတ်ထားသင့်ပါတယ်။ ဖြစ်တဲ့နေရာကို မထိခိုက်အောင် ကာကွယ်ပါ (Protect)၊ အနားယူပါ (Rest) ၊ ရေခဲကပ်ပါ (Ice)၊ ကိုက်ခဲရောင်ရမ်းမှုကျဆေး သောက်ပါ(NSAIDs) ၊ ဖိထားပါ (Compress) ၊ မြင့်ထားပါ (Elevate) ဆိုတဲ့နည်းတွေ ကိုလိုက်နာရင် အမြန်အနာကျက်စေနိုင်ပါတယ်။