အမျိုးသမီးလစဉ်သုံးပစ္စည်းများနဲ႔ ကင်ဆာရောဂါအန္တရာယ်
25-Feb-2017အိန္ဒိယနိုင်ငံ၊ ကာလကတ္တားရှိ Tata Cancer Hospital (ခေါ်) ကင်ဆာဆေးရုံမှ အမျိုးသမီးများ အတွက် ကျမ္မာရေးအသိပေး နှိုးဆော်ထားချက်ကို မျှဝေလိုက်ပါရစေ။
အဲဒီဆေးရုံမှာ သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာတို ့ဖြင့် လာရောက်ကုသမှု ခံနေကြတဲ့ အမျိုးသမီးဝေဒနာရှင်များကို ဆေးမှတ်တမ်းပြုစု၍ရောဂါရာဇဝင်ကို လေ့လာစမ်းစစ်တဲ့အခါမှာ၊ ထိုကင်ဆာဝေဒနာသည် အများစုဟာ ဓမ္မတာရာသီလာတဲ့အခါ pad (ခေါ်) လစဉ်သုံးပစ္စည်းကို အတွင်းခံဘောင်းဘီမှာ အချိန်ကြာမြင့်စွာထားပြီး၊ တော်တော်နဲ ့ အသစ်လဲလေ့မရှိခဲ့ကြတာကို အဖြေရှာတွေ ့ခဲ့ပါတယ်။
ရာသီသွေးဆင်းတဲ့အခါ အတွင်းခံဘောင်းဘီမှာ ကပ်ထားတဲ့ pad (ခေါ်) လစဉ်
သုံးပစ္စည်း က အပြင်အဝတ်အထည်တွေကို မစွန်း ထင်းစေဖို့ စုပ်ယူထိန်းထားပေးလေ့ရှိ
ပါတယ်။ pad တွေကို ဓာတုပစ္စည်းတွေနဲ့ ဖန်တီးပြုလုပ်ထားခြင်းကြောင့်သာ၊ အခုလို ရာသီသွေးရည်များနဲ့ အစိုဓာတ်ကို အချိန်ကြာကြာ စုပ်ယူုထိန်းထားနိုင်တာပါ။ ဒါပေမယ့်
အချိန်တော်တော်ကြာ စုပ်ယူပြီးနောက် မှာတော့ pad မှာပါတဲ့ဓာတုပစ္စည်းများ
ပျက်ပြယ်ကာ အထဲမှာစုပ်ယူထိန်းပေးထားတဲ့သွေးပုပ်များကို ဓာတ်ပြောင်းလဲစေပြီး၊
အနီရောင်မှ အစိမ်းရောင်မှို်ဖြစ်သွားပါတော့တယ်။ ထိုမှိုများက ယောနိလမ်းကြောင်း
မှတဆင့် သားအိမ်လမ်းကြောင်းနဲ ့ ဆီးလမ်းကြောင်းတလျှောက် ပျံနှံ့့သွားကာ၊
နောက်ဆုံးမှာတော့ ဆီးအိမ်နဲ ့သားအိမ်တို ့ကို ကင်ဆာဖြစ်လာစေပါတယ်။ ဒါ့ကြောင့် pad ကိုအတွင်းခံမှာ အကြာကြီးမထားဘဲ ၅- နာရီကြာတို်င်း အသစ်လဲပေးပါလို ့ Tata
Cancer Hospital ကအကြံပြုထားပါတယ်။ ၄င်းလစဉ်သုံးပစ္စည်းများသာမက၊ daily use (ခေါ်) နေ့စဉ်သုံး ကပ်ခွာပစ္စည်း တွေကိုလည်း ၅ နာရီကြာသုံးပြီးတိုင်း အသစ်လဲလှယ်
ပေးသင့်ပါတယ်တဲ့။ ၂၀၁၃ခုနှစ်၊ Tata Cancer Hospital ရဲ ့ မှတ်တမ်းအရ၊ pad တစ်ခုတည်းကို အချိန်ကြာကြာ သုံးစွဲခဲ့ခြင်းကြောင့် ဖော်ပြပါ ကင်ဆာရောဂါများနဲ ့
ကွယ်လွန်သူ အမျိုးသမီးဦးရေမှာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလလယ်အထိ ၅၆ ဦးရှိနေပါပြီတဲ့။ ဒါကြောင့် အမျိုးသမီးထု တကိုယ်ရေးသန့် ရှင်းကျမ္မာရေးအတွက်
လွန်စွာအရေးကြီးလို ့ ရှက်စရာလို့ မယူဆဘဲ၊ဒီသတင်းကို မိမိရဲ ့ မိတ်ဆွေ၊ အပေါင်း
အသင်းများအား ကျယ်ကျယ်ပြန် ့ပြန့်မျှှဝေအသိပေးပါလို ့ကင်ဆာဆေးရုံမှ ထပ်လောင်း
အကြံပြုထားပါတယ်။
Healthcare.com.mm
Ref: ပေါက်ပေါက်