စိတ်ကျန်းမာရေး အခြေအနေသည် နှလုံးအပေါ် သက်ရောက်မှုရှိ
01-Mar-2017
စိတ်ကျန်းမာရေး အခြေအနေသည် နှလုံးအပေါ် သက်ရောက်မှုရှိစိတ်ဓာတ် ကျတာ၊ ပူပင်သောက များတာနဲ့ နှလုံးရောဂါ အကြား ဆက်စပ်မှုကို လေ့လာခဲ့တဲ့ လတ်တလော လေ့လာမှု တစ်ရပ်အရ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောက များတာဟာ နှလုံးရောဂါဖြစ်စေ နိုင်တဲ့ အဓိက အချက်တစ်ခုဖြစ်ကြောင်း သိရ ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံ၊ ကိုယ်လက် လှုပ်ရှားမှု မရှိတာနဲ့ အသက်ကြီးတာစတဲ့ အချက်တွေကသာ နှလုံးရောဂါ ဖြစ်စေနိုင် ရုံမကဘဲ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကများတာတို့လို စိတ်ကျန်းမာရေး အခြေအနေတွေဟာလည်း နှလုံးရောဂါနဲ့ ဆက်နွှယ်မှု ရှိနေကြောင်း သက်လတ်ပိုင်း အမျိုးသမီးတွေကို ၁၅နှစ်ကြာ လေ့လာမှုအရ သိခဲ့ရတာ ဖြစ်ပါတယ်။ ဒီလေ့လာမှုအရ အထူးသဖြင့် နှလုံးရောဂါ မျိုးရိုးရှိသူတွေ အနေနဲ့ စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများ တာတို့ကို နာ တာရှည်သဖွယ် ခံစားနေရရင် နှလုံးကျန်းမာရေး မထိခိုက်ခင် သက်ဆိုင်ရာ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်နဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးကာ ကုသမှုခံယူဖို့လိုအပ်ကြောင်း မီးမောင်း ထိုးပြထား ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Good Health
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

