ဆီးချို သွေးချိုရောဂါဖြစ်ရန်အန္တရာယ်ရှိသောသူများ
01-Mar-2017- အသက် (၄၀) ကျော်သူများ
- ဆီးချိုသွေးချိုရောဂါမျိုးရိုးရှိသူများ
- အချိုစားသူများသောသူများ
- လိုအပ်သည်ထက် ပိုမိုစားသောသူများ
- ကိုယ်လက်လှုပ်ရှားမူနည်းသူများ
- ကိုယ်ဝန်ဆောင်စဉ် ဆီးချိုသွေးချိုရောဂါ ဖြစ်ခဲ့ဖူးသူများ
- ကိုယ်ဝန်ဆောင်စဉ် ခန္ဓာကိုယ်အလေးချိန် အလွန်အမင်းတက်သောသူများ
- အသက်ငယ်ငယ်နှင့် နှလုံးသွေးကြောကျဉ်းသူများဆီးချိုသွေးချိုရောဂါသည်
လူ့ဘဝနေထိုင်မှုဟန်နှင့် များစွာဆက်စပ်နေပါတယ်။ ယခုခေတ်ကာလတွင် ငယ်ရွယ်စဉ်ကလေးဘဝမှ စ၍ အန္တရယ်ရှိသော လူ့ဘဝတွင် နေထိုင်မှုဟန်များနေကြသည်။
အဆီစားများသည်။ အချိုစားများသည်။ အငန်စားများသည်။ အသင့်စားနိုင်သော အစားအစာများ၊ အပြင်စာများ (အပြင်စာများတွင် အချိုမှုန့် ၊ ဆား၊ ဆီ အသုံးပြုမှုများသည်) အစားများလာကြသည်။ အချိုရည်သောက်သုံးမူများလာသည်။ထိုအပြင် ကို်ယ်လက်လှုပ်ရှားမူ နည်းလာကြသည်။ ဂိမ်း(Game) ကစားခြင်း ၊ ကွန်ပြူတာကြည့်ခြင်း၊ အင်တာနက် ထိုင်ကြည့်ခြင်း ၊ ရုပ်ရှင် ၊ ဗွီဒီယိုများ တစ်နေကုန်ထိုင်ကြည့်ခြင်း များလာကြသည်။ အထက်ဖော်ပြပါအန္တရာယ်ရှိသော လူ့ဘဝနေထိုင်မှုဟန်များသည်။ အသက်ငယ်ငယ်နှင့် ဆီးချိုသွေးချိုရောဂါကို လက်ယပ်ခေါ်သလိုဖြစ်နေ
ပါသည်။ ထို့ကြောင့်လည်း အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါသည် ယခင်က အသက် (၄ဝ) ကျော်သူများတွင်သာ အတွေ့ရများသော်လည်း ယခုအခါ ဆယ်ကျော်သက်များ ၊ ငယ်ရွယ်သူများတွင်လည်း အများအပြား တွေ့ရပါသည်။လူတိုင်းလူတိုင်း ငယ်ရွယ်စဉ်မှစ၍ အန္တရာယ်ရှိသော လူ့ဘဝနေထိုင်မှုဟန်မှသည် ကျန်းမာသောလူ့ဘဝနေထိုင်မှုဟန်သို့ပြောင်းလဲရန် အရေးကြီးလှပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Page 52 ZIWAKA NOVEMBER 2014
ဒေါက်တာအေးအေးဝင်း