ရုတ်တရက် နှလုံးတိုက်ခိုက်ခံရခြင်းမှ ကင်းဝေးစေသော နည်းလမ်းများ
01-Mar-2017ကိုယ်ခန္ဓာကို ပုံမှန်စောင့်ရှောက်ပါ
သွေးဖိအား ပုံမှန်ရှိရဲ့လား၊ သွေးတွင်း ကောင်းတဲ့အဆီ ပုံမှန်ရှိရဲ့လား၊ သွေးတွင်း မကောင်းတဲ့အဆီ များနေလား၊ ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်ရဲ့ BMI စတာတွေက အလေးထားပါ။ ထိုအရာတွေ ပုံမှန်ရှိနေရင် နှလုံးကျန်းမာရေးကို စောင့်ရှောက်ပြီး သား ဖြစ်စေပါတယ်။
Triglyceride ကိုယ်တွင်း အဆီဓာတ်ပမာဏ
ထရိုင်ဂလစ်စရိုက် ဘယ်လောက်ရှိလဲဆိုတာပေါ် မူတည်ပြီး နှလုံးရောဂါနှင့် ဆီးချိုသွေးချို ဖြစ်နိုင်ခြေကို ခန့်မှန်းနိုင်ပါတယ်။
နှလုံးကို ဖိစီးမှုဖြစ်စေသည်များကို လျှော့ချပါ
စိတ်ဖိစီးမှုတွေက သွေးဖိအားများတာ၊ နှလုံးခုန်များတာနဲ့ ဖိစီးမှုဖြစ်စေ တဲ့ ဟော်မုန်းကော်တီဇော များတာတွေကို ဖြစ်စေပါတယ်။ အထူးသဖြင့် အလုပ် ကနေ ဖြစ်ပေါ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ အလုပ်ချိန်အတွင်းမှာ ၁၅ မိနစ်လောက် အလုပ်အကြောင်း မစဉ်းစားဘဲ ကော်ဖီသောက်ရင်း အပေါင်းအသင်းနဲ့ စကားပြောတာ၊ ဖုန်းပြောတာ ပြုလုပ်ပါ။ စိတ်ဖိစီးမှုကို လျှော့ချစေဖို့ ယောဂကျင့်တာ၊အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ တရားထိုင်တာတွေကို နေ့စဉ်ပြုလုပ်ပေးပါ။
ဆားလျှော့စားပြီး သွေးဖိအားကို လျှော့ချပါ
ဆားလျှော့စားတာက သွေးဖိအားကို လျော့နည်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုကိုလျှော့ချပေးပါတယ်။
လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက နှလုံးကျန်းမာရေးကို များစွာအထောက်အပ့ံဖြစ်စေ ပါတယ်။ တစ်နေ့ကို တစ်နာရီလုပ်သင့်ပြီး မိနစ် ၂၀ လောက် လုပ်သင့်ပါတယ်။
အရက် အနည်းငယ်သောက်ပါ
အရက် အနည်းငယ်သောက်တာက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီးနှလုံးတိုက်ခိုက်ခံရနိုင်ခြေကို လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။ အယ်လ်ကိုဟော က သွေးတွင်းကောင်းတဲ့ ကိုယ်လက်စထရော ပမာဏ မြှင့်တင်ပေးပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သို့ရာတွင် အရက်ကို အလွန်အကျွံ သောက်သုံး ပါလျှင် သွေးဖိအားများစေတာ၊ နှလုံး လုပ်ငန်းဆောင်တာ ကျဆင်းစေတာ၊ နှလုံးခုန်မမှန် တာတွေ ဖြစ်စေပါတယ်။
လူမှုပတ်ဝန်းကျင် အထောက်အပ့ံကို ရယူပါ
ပရဟိတတွေ လုပ်ဆောင်တာ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော် ရွင်ရွင်နေတတ်တာ၊ ဆွေမျိုးများတာစတဲ့သူတွေက သွေးဖိအားလျော့နည်းပြီး နှလုံးရောဂါဖြစ်နိုင်ခြေနည်းတာကို တွေ့ရပါတယ်။
ခါးအရွယ်အစားကို တိုင်းတာပါ
သင့်ခါးအရွယ်အစားက မိန်းကလေးဆို ၃၅ လက်မနှင့် ယောကျ်ားလေးဆို ၄၀ လက်မထက် မပိုသင့်ပါဘူး။ ခါးအတိုင်းအတာ ပုံမှန်အရွယ်အစား ထက် ကျော်လွန်နေ ပါက နှလုံးရောဂါဖြစ်ပွားနိုင်ခြေနှင့်အမျိုးအစား၂ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်ခြေတွေ မြင့်မားစေပါတယ်။
အိပ်ချိန်လုံလုံလောက်လောက် အိပ်ပါ
ညချိန် အိပ်ချိန်လုံလောက်မှုမရှိတာက နှလုံးရောဂါနှင့် သေဆုံးနိုင်ခြေ နှစ်ဆ ပိုမိုမြင့်မားစေပါတယ်။
ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်ကို တစ်နှစ်လောက် သောက်သုံးခဲ့ရင်တောင် နှလုံးရောဂါဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းရှိပါတယ်။ ဆေးလိပ်မသောက်သူတွေနှင့် တူညီတဲ့ နှလုံးကျန်းမာမှုကို ရရှိဖို့ ဆို နောင် ၁၀ နှစ် ဆေးလိပ်မသောက်ဘဲနေမှသာ ဖြစ်နိုင်မှာပါ။ ကိုယ်တိုင်ဆေးလိပ် မသောက်ပေမယ့်လည်း ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှူရှိုက်ရ သူတွေဟာ ဆေးလိပ်သောက်သူတွေ နည်းတူပဲ နှလုံးရောဂါ ဖြစ်နိုင်ခြေများ တာကို တွေ့ရပါတယ်။
ခန္ဓာကိုယ်အဆီကို လျှော့ချပါ
အေးရိုးဗစ်လေ့ကျင့်ခန်း လုပ်ဆောင်တာ၊ ကိုယ်အလေးချိန်ထိန်းသိမ်း တဲ့ လေ့ကျင့်ခန်းလုပ်တာတွေက သွေးတွင်းကောင်းတဲ့ အဆီကို မြင့်မားစေလို့ နှလုံး ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အလင်း(ဆေးဝါး)
Arogyam magazine, July 2014,