Print

နှလုံးအောင့်၊ နှလုံးနာရောဂါ

  01-Mar-2017
Preview Image

 

နှလုံးသို့ သွေးရောက်ရှိမှု နည်းပါးခြင်းကြောင့်ဖြစ်ရသော နှလုံးရောဂါအခြေအနေ တစ်ရပ်ဖြစ်သည်။ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကိုယ်ခနွာ၏ သွေးကြောများမှာ မာလာပြီး သွေးကြောနံရံများလည်း ထူလာကြသဖြင့် သွေးလှည့်ပတ်မှု နည်းပါး လာစေသည်။ နှလုံးသည် တစ်ကိုယ်လုံးသို့ သွေးများပို့ဆောင်ပေးရသော အင်္ဂါတစ်ခုဖြစ်ပြီး နှလုံးကြွက်သားများသို့ လာသော နှလုံးသွေးကြောများ မာကြော လာခြင်းကြောင့်
နှလုံးတွင် လုံလောက်သော သွေးမရနိုင်တော့ဘဲ ကောင်းမွန်စွာ လှုပ်ရှားမှု ကျဆင်းလာသည်။ ဝေဒနာရှင်သည် တောင်တက်ခြင်း၊ အမြင့်တက်ခြင်း စသဖြင့် နှလုံးကို ပိုမိုအလုပ်လုပ်စေသော လှုပ်ရှားမှုတစ်ခုခုကို ပြုလုပ်ပါက ရင်ဘတ်အောင့် လာနိုင်ပြီး ထိုသို့ဖြစ်လာပါက တတ်ကျွမ်းသူအထူးကုဆရာဝန်များနှင့် ပြသကာ ကုသမှု ခံယူရပါမည်။

 

လူနာဘက်ကလည်း ဆေးလိပ်သောက်ခြင်း၊ အဆီများစားသုံးခြင်းကို ရှောင်ရှားကာ ကိုယ်အလေးချိန်ကိုပါ ချရမည်။ ထို့ပြင် မိမိ၏ နေ့စဉ်လှုပ်ရှားမှုများကို ချင့်ချိန်နေထိုင်ပြီးမြေပြင်ညီတွင် ဖြည်းဖြည်းနှင့်ကြာကြာ လမ်းလျှောက်ပေးခြင်း၊ လေ့ကျင့်ခန်းကို ရင်ဘတ်အောင့် ဝေဒနာမခံစားရပါက ပြုလုပ်ပေးရမည်။ ရင်ဘတ်အောင့်ဝေဒနာကို ခံစားနေရသော်လည်း လူနာအများစုမှာ အနှစ် (၃၀) နှင့် ထိုထက်ပင်ပို၍ အသက်ရှည်နိုင်ကြ
သဖြင့် ဝေဒနာ ခံစားရတိုင်း စိတ်ဓာတ်မကျသင့်ဘဲ ဖော်ပြပါအတိုင်း ချင့်ချိန်နေထိုင်လှုပ်ရှားသင့်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန်စာအုပ် မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18