Print

နှလုံးသွေးကြောချဲ့ခြင်း

  01-Mar-2017
Preview Image

 

နှလုံးသွေးကြောချဲ့ခြင်းကို ၁၉၉၇ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သည်။ သွေးကြောလမ်းလွှဲ ခွဲစိတ်ခြင်းထက် ခနွာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်မှု ပိုနည်းသည်။ တစ်နှစ်လျှင် လူတစ်သန်း ကျော်ခန့် ဤကုသမှုဖြင့် ခံယူနေကြသည်။ နှလုံးသွေးကြော ချဲ့ခြင်းဖြင့် ပိတ်ဆို့သည့်နေရာကို ကျယ်စေပြီး နှလုံးကြွက်သားများ သွေးရစေကာ ရင်ဘတ်အောင့် သက်သာစေသည်။ ရင်ဘတ်အောင့် သောလူနာသည် နှလုံးကြွက်သားများ အမြောက်အများ ထိခိုက်ဒဏ်ရာရရန် အခြေအနေဖြစ်လျှင် (နှလုံးအထူးကု ဆရာဝန်မှ ဆုံးဖြတ်ရသည်) ကယ်နိုင်သမျှသော ကြွက်သားတို့အား အမြန်ကယ်ရန် နှလုံးသွေးကြော ချဲ့ခြင်းသည် ကောင်းသောအကြံ ဖြစ်သည်။

 

ကြွက်သားအနည်းစုသာ ထိခိုက်ပါက လူနေမှုပုံစံပြောင်းခြင်း၊ ဆေးသောက်ခြင်းတို့ဖြင့် ကု၍ရနိုင်သည်။ ရင်ဘတ်အောင့်ခြင်း ပျောက်လိုပြီး လူနေမှုပုံစံကိုလည်း ပြုပြင်နိုင်စွမ်းမရှိသူတို့ အတွက် နှလုံးသွေးကြောချဲ့ခြင်းသည် သင့်လျော်ပေသည်။ သတိပြုရမည်မှာ ပိတ်ဆို့နေသော နေရာကို ဖွင့်ပေးခြင်းသည် ရင်ဘတ်အောင့်ခြင်းကို သက်သာအောင်လုပ်ပေးသော်လည်း သက်တမ်းပိုရှည်ရန်နှင့် နှလုံးထဖောက်ခြင်းမဖြစ်ရန် မတတ်နိုင်
သေးပေ။ နာတာရှည် နှလုံးသွေးကြောပိတ် လူနာများတွင် သွေးကြောချဲ့ခြင်းနှင့် ကြပ်ကြပ်မတ်မတ် ဆေးဖြင့် အဆီချခြင်း နှစ်ခုတို့၏ အောင်မြင်မှု နှိုင်းယှဉ်ထားသည့် စာတမ်းတစ်စောင် (Avert study) ၁၉၉၉ ခုနှစ်တွင် ထွက်ခဲ့သည်။ 

 

ထိုစာတမ်းအရ စတက်တင်ဆေးပမာဏ အပြည့်အဝဖြင့် ကြပ်ကြပ်မတ်မတ် ကုခံရသော လူနာတို့၏ နောက်ဆက်တွဲ ဆေးရုံပြန်တက်ရခြင်း၊ အသစ် (သို့) နောက်ထပ် နှလုံးသွေးကြောချဲ့ခြင်းနှင့် ခွဲစိတ်ကုခံရခြင်းတို့သည် နှလုံးသွေးကြောချဲ့ခြင်း အုပ်စုတက်လာ၍ ကောင်းမွန်ကြောင်း အ့ံသြစွာတွေ့ရသည်။ နာတာရှည် နှလုံးရောဂါတို့တွင် နှလုံးထဖောက်ခြင်းကို နှလုံးသွေးကြောချဲ့ခြင်းဖြင့် ကာကွယ်နိုင်သည်ဟု သက်သေအခိုင်အမာ ဆရာဝန်များအသင်းသည် စာတမ်းတစ်စောင်သည်လည်း နှလုံးသွေးကြောချဲ့ခြင်းကို ဆေးကုခြင်းနှင့် နှိုင်းယှဉ်ထားသည်။ တွေ့ရှိချက်မှာ နာတာရှည် နှလုံးရောဂါသည်တို့တွင် နှလုံးသွေးကြောချဲ့ခြင်းဖြင့် နှလုံးထဖောက်ခြင်းနှင့် သေဆုံးခြင်းကို ဆေးဖြင့်သာ ကုသမှုခံယူသော လူနာတို့ထက် လျော့အောင် လုပ်နိုင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာခွန်စိုးမိုး (နှလုံးနှင့်သွေးကြောခွဲစိတ်ကုသ ဆရာဝန်ကြီး )

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18