Print

နှလုံးသွေးကြောရောဂါ

  01-Mar-2017
Preview Image

 

နှလုံးသွေးကြောရောဂါမှာ အဓိက အမျိုးအစား (၂) မျိုးရှိပါတယ်။ ပထမတစ်ခုက ရုတ်တရက်ဖြစ်တဲ့ နှလုံးသွေးကြောရောဂါ (Acute Coronary Syndrome) ပါ။ ဒီရောဂါရှင် လူနာတွေဟာ နှလုံးသွေးကြော ရောဂါရှိမှန်း မသိကြဘဲ ရုတ်တရက် ရောဂါလက္ခဏာ ပြတဲ့အခါ ပြင်းထန်မှုကိုလိုက်ပြီး ရုတ်တရက် နှလုံးဖောက်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ဒီအမျိုးအစားမှာ "ST Elevation" ရောဂါရှင်ရဲ့ ECG ကိုကြည့်ရင် STလိုင်းမှာ ပုံမမှန်ဖြစ်နေတာတွေ့မယ်၊ နှလုံးသွေးကြောမှာ သွေးခဲပိတ်လို့ ရင်ဘတ်အောင့်တာနဲ့ လာတတ်ပြီး အသက်အန္တရာယ် ဆုံးရှုံးရပါတယ်။ အချိန်မီ အသက်ကယ်တင်နိုင်ခြင်း မရှိပါ က နှလုံးကြွက်သားတွေ ကြီးစွာထိခိုက်ပျက်စီးကာ လူနာသေဆုံးတတ်ပါတယ်။ နောက်တစ်ခုကတော့ "Acute Non ST Inversion" လို့ခေါ်တဲ့ အသေးစား နှလုံး အမောဖောက်ခြင်း ဖြစ်တတ်ပြီး ရောဂါလက္ခဏာတစ်ရပ်အနေနဲ့ ဖြစ်ပေါ်လာခြင်း ပါ၊ ဖြစ်ဖြစ်ချင်း မကုသလည်းဘဲ အသက်ရှင်သန်နေနိုင်ပြီး သိပ်မပြင်းထန်တဲ့ နှလုံး အမောဖောက်ချိန်မှာ မကုသဘဲထားလိုက်ရင် ပြင်းထန်တဲ့ နှလုံးအမောဖောက်ခြင်း အဆင့်ကို ကူးပြောင်းကာ အသက်သေဆုံးနိုင်ပါတယ်။

 

ဒီအမျိုးအစား နှစ်ခုလုံးဟာ Acute Coronary Syndrome ထဲမှာ ပါဝင်ပါတယ်။နောက်ရောဂါအုပ်စု တစ်ခုကတော့ "Stable Ischaemic Heart Disease" ခေါ် တည်ငြိမ် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ပြီး လူနာဟာ နာကျင်မှု တစ်စုံတစ်ရာ မရှိဘဲ လုပ်နေကျ အလုပ်တွေနဲ့ အားကစားတွေကို ပုံမှန်အတိုင်း လုပ်နိုင်ပါတယ်။ ဒီလူနာတွေ ဟာ မောပန်းနွမ်းနယ်လွယ်တာ၊ အသက်ရှူကျပ်တာ၊ ပုံမှန်လုပ်နေကျ အလုပ်တွေကို လုပ်နိုင်စွမ်းကျလာတာကို တွေ့ရပါတယ်။ ဒီလိုလက္ခဏာတွေ ပြလာပြီဆိုရင်တော့ Stress test လုပ်တဲ့အခါ နှလုံးခုန်ပုံမှန် မဟုတ်တာကို တွေ့ရပါတယ်။ Stress test လုပ်ကြည့်လို့ နှလုံးကြွက်သား ဧရိယာတော်တော် များများ ကို သွေးဖြန့်ဝေမှု အလုံအလောက် မရောက်ရှိတာကို တွေ့ရတဲ့အခါမျိုးလည်း ရှိပါ တယ်။ ဒီနေရာမှာ Angiogram ရိုက်တာနဲ့ Stent Procedure က ပိုအကျိုးရှိစေပါတယ်။ ဒါကတော့ Stable & Unstable ဆိုတဲ့ တည်ငြိမ်နှလုံး သွေးကြောကျဉ်းရောဂါနဲ့ မတည်ငြိမ်နှလုံးသွေး ကြောကျဉ်းရောဂါ ဆိုတဲ့ အဓိကထားကုရတဲ့ နှလုံးရောဂါကြီးတွေ ပဲ ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref : ဇီဝက



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18