စိတ်ကြောင့်ဖြစ်သော နှလုံးရောဂါများ
01-Mar-2017စိတ်ကြောင့် အောက်ပါနှလုံးရောဂါများကို ဖြစ်စေနိုင်ပါသည်။
၁။ နှလုံးသွေးကြောကျဉ်းရောဂါ
( Coronary Artery Disease )
၂။ နာတာရှည်နှလုံးအားနည်းရောဂါ
( Chronic Heart Failure )
၃။ အစွန်အဖျားသွေးကြောကျဉ်းရောဂါ
( Peripheral Arterial Disease ) တို့ကို ဖြစ်ပေါ်စေပါသည်။
၎င်းအပြင် အောက်ပါနှလုံးဆေးကုသခြင်းများတွင် စိတ်ကြောင့် နှလုံးရောဂါကို ပိုမိုဆိုးရွားစေကြောင်း သိရှိရပါသည်။ ၎င်းတို့မှာ …..
(၁) နှလုံးသွေးကြောချဲ့ခြင်း
( Percutaneous Coronary Intervention, PCI )
(၂) နှလုံးသွေးကြော အစားထိုးကုသခြင်း
( Coronary Arteries bypass graft Surgery, CABG )
(၃) နှလုံး အစားထိုးကုသခြင်း ( Heart transplantation )
(၄) ကိုယ်တွင်း အလိုအလျောက်နှလုံးနှိုးစက် တပ်ဆင်ခြင်း ( Automatic Implantable Cardiac Defibrillator, AICD ) တို့ ဖြစ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ပါမောက္ခဦးတင်လတ် ( နှလုံးအထူးကုဆရာဝန်ကြီး )
နှလုံးသွေးကြောကျဉ်းနှင့် နှလုံးရောဂါ သိမှတ်စရာများ စာအုပ်မှ ကောက်နုတ်ထားပါသည်။