Print

ဆီးချိုသွေးချိုရောဂါကြောင့်ဖြစ်သော နှလုံးရောဂါ

  01-Mar-2017
Preview Image

 

ဆီးချိုသွေးချိုရောဂါတွင် အင်ဆူလင်လိုအပ်သော နှလုံးရောဂါသည်နှင့် အင်ဆူလင် မလိုအပ်သော နှလုံးရောဂါသည် ဆိုပြီး နှစ်မျိုးရှိပါသည်။ သွေးကြောကျဉ်းရောဂါသည်ဆီးချိုသွေးချိုရောဂါဖြစ်စဉ် ကာလရှည်ကြာမှုနှင့် ဆီးချိုသွေးချို ထိန်းသိမ်းနိုင်မှုအပေါ်တွင် မူတည်၍ ဖြစ်ပွားတတ်ပါသည်။ ဖြစ်ပွားရခြင်းအကြောင်းမှာ သွေးကြောနံရံအမြှေးပါး အလုပ်ကောင်းစွာ မလုပ်ခြင်း၊ သွေးထဲ၌ အဆီဓာတ်များပြားလာခြင်း၊ သွေးကြော
ရောင်ရမ်းခြင်း၊ သွေးချိုနှုန်းမြင့်မားခြင်းနှင့် ဇီဝဓာတုမှားယွင်းမှုများကြောင့် ဖြစ်ပါသည်။ဆီးချိုသွေးချိုဝေဒနာရှင်များသည် နှလုံးသွေးကြောပိတ်ခြင်း ပိုမိုဖြစ်တတ်ပြီး သွေးကြောပိတ်ခြင်းကို သွေးကြောကြီးငယ်မရွေး ဖြစ်ပေါ်စေကာ သွေးကြောပိတ်ခြင်းကြောင့်ဖြစ်ပေါ်သော နောက်ဆက်တွဲ နှလုံးအားနည်းရောဂါ၊ အခြားနှလုံးရောဂါအမျိုးမျိုးဖြစ်ခြင်းနှင့် သေဆုံးမှုတို့မှာ သာမန်လူများထက် ပိုမိုအဖြစ်များလေ့ရှိပါသည်။ နှလုံးသွေးကြော
ကျဉ်းရောဂါ ဖြစ်လျှင် ရင်ဘတ် အောင့်ခြင်းမှာ နည်းပါးပြီး သမားရိုးကျမဟုတ်သောနှလုံးသွေးကြောကျဉ်းလက္ခဏာများ ဖြစ်သော ပျို့ခြင်း၊ မောခြင်း၊ နှလုံးခုန်မမှန်ခြင်း၊နှလုံးခုန်နှေးခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပေါ်ပြီး ဆရာဝန်များထံ လာရောက်ပြသလေ့ရှိပါသည်။ 

 

ဆီးချိုဝေဒနာရှင်များ နှလုံးသွေးကြောကျဉ်းရောဂါသည် အများစုသည် ရင်ဘတ်မအောင့်ဘဲ Silent Ischemia ခေါ် အသံတိတ် နှလုံးသွေးကြောကျဉ်းလက္ခဏာများဖြင့်ဆေးရုံ၊ ဆေးခန်းသို့ ရောက်လေ့ရှိပါသည်။ ဤသို့ဖြစ်ခြင်းကို ၉၀ ရာခိုင်နှုန်းသော ဆီးချိုသွေးချိုလူနာများတွင် တွေရှိရပါသည်။ နှလုံးသွေးကြောကျဉ်းနေရာများတွင် နှလုံးသွေးကြောချဲ့ ဆန်ခါထောက်ကုသခြင်း ပြုလုပ်ခဲ့သော် ထိုလူနာများတွင် နှလုံးသွေးကြော ပြန်ပိတ်နှုန်း များပြားတတ်ပါသည်။ ဆီးချိုသွေးချို လူနာများသည် နှလုံးအားနည်းရောဂါလည်း အဖြစ်များလေ့ရှိပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးတင်လတ်
နှလုံးအထူးကုဆရာဝန်ကြီး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18