Print

နာတာရှည် ကျောက်ကပ်ရောဂါ

  01-Mar-2017
Preview Image

 

နာတာရှည် ကျောက်ကပ်ရောဂါတွင် ကျောက်ကပ်ပျက်စီးပြီးနောက် ပုံမှန်လုပ်ငန်းဆောင်တာများ ပျက်ယွင်းကာ ကျန်းမာရေးကို တဖြည်းဖြည်း ဆိုးရွားစွာထိခိုက်စေသည်။ကျောက်ကပ်ရောဂါ တဖြည်းဖြည်းဆိုးလာပါက ခန္ဓာကိုယ်သွေးတွင်းရှိ အညစ်အကြေးများစုံပုံလာပြီးနောက် ဘေးထွက်ဆိုးကျိုးများအဖြစ် သွေးပေါင်ချိန်မြင့်တက်ခြင်း၊ သွေးအားနည်းခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် အာရုံကြောများပျက်စီးနိုင်သည်။ ထိုသို့
ကျောက်ကပ်ရောဂါ ဖြစ်လာချိန်တွင် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါတို့သည်လည်း ဖြစ်ပွားတတ်သည်။ ယင်းကဲ့သို့ နောက်ဆက်တွဲ ပြဿနာများလည်း အချိန်ကြာမှ ဖြစ်ပေါ်လာတတ်သည်။ စောစီးစွာ တွေ့ရှိပြီး ကုသသည့်တိုင် အခြေအနေဆိုးသည်များလည်းရှိသည်။နာတာရှည်ကျောက်ကပ်ရောဂါမှတစ်ဆင့် ကျောက်ကပ်လုံးဝအလုပ်မလုပ်သော အခြေအနေသို့ ရောက်ပါက ကျောက်ကပ်ဆေးခြင်းနှင့် ကျောက်ကပ်အစားထိုးကုသခြင်းဖြင့်သာ အသက်ဆက်လက်ရှင်သန်စေသည်။

 

နာတာရှည် ကျောက်ကပ်ရောဂါဖြစ်စေသော အကြောင်း
နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေသော အဓိကအကြောင်းရင်းနှစ်ခုမှာ ဆီးချိုသွေးချို ရောဂါနှင့် သွေးတိုးရောဂါတို့ဖြစ်သည်။ ယင်းတို့ကြောင့် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်ပွားသူများ၏ သုံးပုံနှစ်ပုံတို့ ဖြစ်စေသည်။ ဆီးချိုသွေးချိုရောဂါတွင် သွေးတွင်း၌ သကြားဓာတ်မြင့်မားစွာ ရှိနေခြင်းသည် ခန္ဓာကိုယ်ရှိအင်္ဂါအစိတ်အပိုင်းများကို ပျက်စီးစေသည်။ အထူးသဖြင့် ကျောက်ကပ်၊ နှလုံး၊ သွေးကြောများ၊ အာရုံကြော
များနှင့် မျက်စိကို ထိခိုက်စေသည်။ ဆီးချိုသွေးချိုရောဂါ၏ ကျောက်ကပ်ပျက်စီးမှုသည် တဖြည်းဖြည်းဖြစ်ပြီး နှစ်ချီကြာတတ်သည်။ မည်သည့်ပြောင်းလဲမှုမျှ မတွေ့ကတည်းကကျောက်ကပ်ပျက်စီးမှု စတင်နေပြီဖြစ်သည်။ ကျောက်ကပ်လုပ်ငန်းဆောင်တာ ပျက်ယွင်းခြင်းကို Urea နှင့် Creatinine တို့ကို သွေးအတွင်း ဓာတ်ခွဲကြည့်ခြင်းဖြင့် သိနိုင်သည်။ ဆီးချိုသွေးချို လူနာတစ်ဦးအနေဖြင့် ကျောက်ကပ်မပျက်စီးစေရန် ကြိုတင်ကကွယ်သင့်ပါသည်။ စတင်ဖြစ်ကတည်းက ဆီးချိုသွေးချို၊ သွေးတိုးတို့ကို ထိရောက်စွာ ကုသသင့်ပါသည်။ 

 

နိုင်ငံတကာတွင် ဆီးချိုသွေးချိုကြောင့် ကျောက်ကပ်ပျက်စီးပါက ဆီးချိုသွေးချို သက်တမ်း ၁၅ နှစ် ၂၅ နှစ်တွင် ကျောက်ကပ်ရောဂါလက္ခဏာများကို စတင်ခံစားရသည်။ အမျိုးသမီးလူနာများတွင် ပိုတွေ့ရသည်။ ဆီးချိုသွေးချို သက်တမ်းကြာလာသည်နှင့် သွေးတွင်းသကြားဓာတ်ကို ပျက်စီးစေသည်။ ရောဂါစဖြစ်ကာစတွင် ရောဂါလက္ခဏာ မပြသော်လည်း ၅ နှစ်ခန့်ကြာသော် ဆီးအတွင်း၌ အသားဓာတ်များလာသည်။ ထို့ကြောင့်ကျောက်ကပ်ရောဂါ စတင်ခံစားရသည်ကို ဆီးတွင်းအသားဓာတ် (Micro Albuminuria) စမ်းကြည့်ခြင်းဖြင့် စောစီးစွာ သိနိုင်သည်။ ထို့ကြောင့် Protein Acid အဖြစ် ဆီးအတွင်း အသားဓာတ် ပိုပါလာပြီး ကျောက်ကပ်ပျက်စီးသည်။ ကျောက်ကပ်ပျက်စီးသည်နှင့် Urea နှင့် Creatinine အစရှိသော သွေးတွင်းစွန့်ထုတ်ထားသည့် အညစ်အကြေးများမြင့်တက်ကာ အာထရာဆောင်းရိုက်ခြင်းဖြင့် ကျောက်ကပ်အရွယ်အစား သေးသယ်သွားသည်ကို တွေ့ရသည်။

 

ကျောက်ကပ်ပျက်စီးခြင်းသည် ဆီးချိုသွေးချိုထိန်းသိမ်းမှုမကောင်းခြင်းနှင့် သွေးတိုးရောဂါသည် သတ်မှတ်ထားသည့် စံအညွှန်းအတိုင်း မရောက်ခြင်းတို့ကြောင့် ပတ်သက်သည်။ ထို့ကြောင့် ဆီးချိုသွေးချိုထိန်းသိမ်းမှုကောင်းစေရန် နံနက်စောစော သွေးတွင်းသကြားဓာတ်ပမာဏကို ၁၀၀ မှ ၁၁၀ မီလီဂရမ် ရာခိုင်နှုန်း၊ အစာစားပြီးနောက် နှစ်နာရီအကြာတွင် ၁၅၀ မှ ၁၆၀ မီလီဂရမ် ရာခိုင်နှုန်း၊ Hb A1C ကို ၇ ရာခိုင်နှုန်းအောက်သို့
လည်းကောင်း၊ သွေးပေါင်ချိန်ကို ၁၂၅/ ၇၅ mg/ Hg ထိလည်းကောင်း ရောက်အောင် ထိန်းသိမ်းသင့်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမီမီကို
Ziwaka magazine, August 2016, Pg. 46

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18