Furuncle (အမွေးကျွတ်နာ)
02-Apr-2017အမွှေးဂလင်းများကို Staphylococcus aureus ဟုခေါ်သော ဘက်တီးရီးယားပိုးဝင်သည့်အခါ အမွေးကျွတ်နာ ဖြစ်တတ်ပါသည်။
မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ပေါင် နှင့် တင်ပါးတို့တွင် ဖြစ်တတ်ပါသည်။ ချွေးထွက်များပြီး အမွှေးရှိသည့်နေရာများတွင် အဖြစ်များသည်။
ဘက်တီးရီးယားပိုးဝင်သည့်အခါ ခန္ဓာကိုယ်၏ ခုခံအားစနစ်မှ ပြန်လည်တိုက်ထုတ်မှုကြောင့် သေဆုံးသွားသည့် ဘက်တီးရီးယားနှင့် ဆဲလ်များစုပုံကာ ပြည်ဖြစ်သွားသည်။ ထိုအခါ အရေပြားတွင် ပူခြင်း ၊ နီခြင်း ၊ နာကျင်ခြင်း ၊ ရောင််ရမ်းခြင်းများ ခံစားရနိုင်ပါသည်။
ဖြစ်နိုင်ချေရှိသူများ
ဆီးချိုရောဂါရှိသူများ ၊ ကုခံအားကျဆင်းစေတတ်သည့် ဆေးများသောက်နေရသည့်သူများ ၊ HIV ရောဂါရှိသူများ၊ နှင်းခူရောဂါ ရှိသူများတွင် အဖြစ်များသည်။ လူဦးရေထူထပ်ပြီး တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းသောသူများတွင်လည်း တွေ့ရတတ်သည်။
ကုသမှုများ
တစ်ခါတစ်ရံ အမွေးကျွတ်နာသည် သူ့အလိုလိုပေါက်သွားပြီး အနာကျက်သွားတတ်ပါသည်။ ရေနွေးဝတ် ကပ်ထားပေးခြင်းဖြင့် ပြည်ထွက်သွားစေရန် အထောက်အကူပြုစေပါသည်။ပြည်ထွက်သွားသည့်အခါ သန့်ရှင်းသောလက်ဖြင့် အနာကို ရေကျက်အေးနှင့် ဆေးပေးပါ။ထို့နောက် ပိုးသတ်ဆေးရည် ထည့်ထားပေးပါ။
အမွေးကျွတ်နာကို လက်ဖြင့် ဆိတ်ခြင်း ၊ ညှစ်ခြင်း မပြုလုပ်ရပါ။
အမွေးကျွတ်နာ တစ်ဖြည်းဖြည်း ကြီးလာပြီး နာကျင်မှု ပိုဆိုးလျှင် ပိုးသတ်ဆေး သောက်ရန်/ထိုးရန် လိုအပ်ပါသည်။
အမွေးကျွတ်နာကို မကုသပဲ ထားလျှင် အရေပြားပိုးဝင်ခြင်း၊ သွေးဆိပ်တက်ခြင်းများ ဖြစ်လာနိုင်ပါသည်။
ကာကွယ်ခြင်း
- လက်ကို သန့်ရှင်းစွာထားခြင်း
- တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ခြင်း
- ကျန်းမာပြီး ခန္ဓာကိုယ် ခုခံအားကောင်းအောင်နေခြင်း
Credit : Dr.May Thu