Print

သွိုင်းရွိုက်ဂလင်းကြောင့်ဖြစ်တဲ့ရောဂါ

  14-May-2017
Preview Image


သွိုင်းရွိုက်ဂလင်းကိုယ်တိုင် ပျက်စီးတဲ့အကြောင်းတွေထဲမှာ …

၁။ သူ့အလိုလို ကျုံလှီပြီးဖြစ်တာ (တချို့လူနာတွေဟာ သွိုင်းရွိုက်ဟော်မုန်း ဆန့်ကျင်ဆေးပြားတွေကို လွန်ခဲ့တဲ့ ၁၀-၂၀ စောစောပိုင်းက သောက်ထားတဲ့ ရာဇဝင်ရှိတယ်)။


၂။ တချို့က လည်ပင်းတော့ကြီးတယ်၊ ဒါပေမဲ့ သွိုင်းရွိုက်ဟော်မုန်းထုတ်တာ ပုံမှန်ဖြစ်တဲ့ သွိုင်းရွိုက်ရောင်ရောဂါ၊ (အဲဒါတွေကတော့ ဆေးတွေသောက်လို့၊ စိတ်ကျရောဂါ ဆေးတွေပါဝင်သော Lithium carbonate အိုင်အိုဒင်းကို ကြာကြာသုံးစွဲခဲ့ရင်)။


၃။ ခဏတစ်ဖြုတ်ဖြစ်ရတဲ့ သွိုင်းရွိုက်အလုပ် သိပ်မလုပ်တဲ့ရောဂါ (အဲဒါတွေကတော့ သွိုင်းရွိုက်ခွဲပြီး ၆ လတွင် တွေ့ရတတ်ပါတယ်။ ဓာတ်ရောင်ခြည်ဆေးပြားတွေ သောက်ထားတဲ့ Grave လည်ပင်းကြီးရောဂါ၊ သွိုင်းရွိုက်ရောဂါမှာ တွေ့ရပါတယ်)။


၄။ သွိုင်းရွိုက်လည်ပင်းကြီး ရောဂါသည်ကို ဓာတ်ရောင်ခြည်ဆေးပြားကျွေးပြီး (သို့) ခွဲစိတ်ကုထားရင် အဲဒီလူနာမျိုးတွေမှာ သွိုင်းရွိုက်ဟော်မုန်း ပမာဏဟာ ပုံမှန်ရှိပေမဲ့ TSH ပမာဏ တက်နေတာမျိုးလည်း ဖြစ်တတ်တော့ လက္ခဏာမပြ ဖြစ်တတ်ပါတယ်။ အဲဒါကို ရောဂါလက္ခဏာမပြတဲ့ ရောဂါလို့ ခေါ်ပါတယ်။


၅။ မွေးရာပါရောဂါကလည်း ရှိတယ်။ ကလေး ၃၀၀၀ မှာ တစ်ယောက်နှုန်း ဖြစ်တတ်ပါတယ်။ သွိုင်းရွိုက်ဂလင်း မဖွံ့ဖြိုးခြင်း၊ မရှိခြင်းကြောင့် ဖြစ်ပါတယ်။ အဲဒီကလေးကို မွေးပြီး ၂ ပတ်အတွင်း ဟော်မုန်းဆေးတိုက်ဖို့ လိုပါတယ်။ အဲဒီရောဂါကို မသိနိုင်ရင် ဦးနှောက်ပျက်စီးသွားတတ်ပါတယ်။ မွေးပြီး ၅-၇ ရက်မှာ သွေးထဲမှာ TSH ပမာဏ စစ်ဖို့လိုပါတယ်။


အသံအောအောဖြစ်နေမယ်၊ အကြားအာရုံ လျော့နေမယ်၊ အာလေးလျှာလေး ဖြစ်နေမယ်၊ လက်ဖျားတွေကျဉ်မယ်၊ လက်၊ ခြေထောက်၊ မျက်ခွံအရေပြားတွေ တင်းပြောင်နေမယ်၊ ရောင်နေမယ်၊ ရောင်နေတာကိုလက်နဲ့ဖိကြည့်ရင် ချိုင့်ဝင်မသွားဘူး။ လိမ္မော်ခွံလို အရောင်ထွက်နေမယ်၊ အေးတဲ့ဒဏ်ကို မခံနိုင်ဖြစ်မယ်၊ လှုပ်ရှားမှု နှေးကွေးမယ်၊ သွေးအားနည်းမယ်၊ ဆံပင်ကျွတ်မယ်၊ အရေပြားခြောက်မယ်၊ အကွက်တွေဖြစ်မယ်၊ ဓမ္မတာသွေးဆင်းတာများမယ်၊ ကလေးမရနိုင်၊ ဗိုက်ပူတာတွေ စတဲ့လက္ခဏာတွေ ပြကြပါတယ်။


သွေးစစ်လိုက်တဲ့အခါမှာ TSH များနေမယ်၊ T4 ပမာဏ နည်းနေမယ်၊ LDH, CK , Cholesterol ပမာဏတွေ များနေမယ်၊ ECG ရိုက်တော့ နှလုံးခုန်နှုန်း နည်းတာတို့၊ လှိုင်းမမှန်တာ Twave တို့ တွေ့ရပါတယ်။ ကုသတဲ့အခါမှာလည်း ဆေးတွေကို နည်းနည်းကနေ တဖြည်းဖြည်း တိုးတိုးသွားကြပါတယ်။ အသက်အရွယ် ကြီးလွန်းသူတွေ၊ နှလုံးသွေးကြောကျဉ်းသူတွေဆိုရင် အနည်းဆုံးနှုန်းနဲ့ ပေးကြပါတယ်။ ဆေးတိုက်ပြီး (၂-၃) ပတ်ကြာရင် သက်သာကြပါတယ်။ ကိုယ်လေးချိန်ကျတာရယ်၊ မျက်ခွံရောင်တာတွေ ချက်ချင်းပျောက်တယ်။ အရေပြားပြဿနာတွေ၊ ဆံပင်ကျွတ်တဲ့ဟာတွေကတော့ (၃-၆) လကြာမှ ပျောက်ပါတယ်။


Credit:

အေးကမ္ဘာဒေါက်တာချစ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18