FlatFeet ( ခြေဖဝါးအခုံးပျောက်၍ခြေထောက်ပြားခြင်း )
21-May-2017ခြေဖဝါးများ၏အခုံးများသည် ငယ်စဉ်ကလေးဘဝကတည်းက ကောင်းစွာမဖွံ့ဖြိုး၍ဖြစ်စေ၊ အရွတ်ကို ထိခိုက်ဒဏ်ရာရခြင်းကြောင့်ဖြစ်စေ အခုံးများပျောက် (သို့မဟုတ်) ပြားပြီး မတ်တပ်ရပ်သောအခါ ခြေဖဝါးတစ်ခုလုံး အောက်ခြေကြမ်းပြင်ကို ထိနေခြင်းကို “FlatFeet” ဟုခေါ်သည်။ ပုံမှန်အားဖြင့် ခြေထောက်တွင် နာကျင်ကိုက်ခဲခြင်းမရှိပါ။
လက္ခဏာများ
- များသောအားဖြင့် လက္ခဏ မရှိပါ။
- သို့သော် တစ်ချို့သော သူများတွင် ခြေဖနောင့်နှင့် ခြေဖဝါး နာကျင်ကိုက်ခဲခြင်းကို ခံစားရတတ်ပါသည်။
- ခြေကျင်းဝတ်အနီးတစ်ဝိုက်တွင်လည်း လှူပ်ရှားမှူများလျှင် ပိုနာပြီး ဖောင်းလာတတ်
ပါသည်။
ဖြစ်ပွားရသော အကြောင်းအရင်းများ
- ခြေဖဝါးအခုံးများ ကောင်းစွာမဖွံ့ဖြိုးခြင်း
- ခြေဖဝါး နှင့် ခြေကျင်းဝတ်အရွတ်တို့ ထိခိုက်ဒဏ်ရာရရှိခြင်း
ဖြစ်နိုင်ချေများသူများ
- အဝလွန်သူများ
- ခြေဖဝါး (သို့မဟုတ်) ခြေကျင်းဝတ်တွင် ထိခိုက်ဒဏ်ရာ ရရှိထားသူများ
- လေးဖက်နာရောဂါရှိသူများ
- အသက်အရွယ်ကြီးသူများ
- ဆီးချိုရောဂါရှိသူများ
ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ
- ခြေဖဝါးတွင် နာကျင်မှူ ခံစားနေရလျှင် ဆရာဝန်နှင့် ပြသင့်ပါသည်။
စစ်ဆေးမှူများ
- ဓာတ်မှန်ရိုက်ခြင်း
- အရွတ်ကို အာထရာဆောင်းရိုက်ခြင်း
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း
ကုသမှူခြင်း
- အဝလွန်နေလျှင် ၀ိတ်ချပါ။
- မနာလျှင် ကုသစရာမလိုပါ။
- နာလျှင် - အနားယူပါ
-ခြေဖဝါးအခုံးကို ထောက်ပံ့ပေးသော ပတ်တီးဖြင့် စည်းထားခြင်း
-ပြင်းပြင်းထန်ထန်မဟုတ်ပဲ ပေါ့ပါးသော လေ့ကျင့်ခန်းကိုပြုလုပ်ခြင်း (အရွတ်ဆွဲ
ဆန့်ခြင်း)
-ခြေဖဝါးအခုံးထောက်ပံ့ပေးရန် သီးသန့်ထုတ်ထားသော ဖိနပ်စီးခြင်း
- ခြေဖဝါးပြားခြင်းသည် အရွတ်ဒဏ်ရာကြောင့် ဆိုလျှင် ခွဲစိတ်ကုသမှူကို ခံယူသင့်
ပါသည်။
Credit : Dr. Su Pyae