Asthma (ပန်းနာရင်ကျပ်ရောဂါ)
04-Jun-2017(၁) ပန်းနာရင်ကျပ်ရောဂါဆိုတာဘာလဲ?
• ပန်းနာရင်ကျပ်ရောဂါသည် နာတာရှည်လေပြွန်ရောင်ရမ်းသော ရောဂါဖြစ်ပါသည်။
• အသက်ရှူရခက်ခဲသော ရောဂါဖြစ်သည်။
• လေပြွန်များကျဉ်းနေသည့်အတွက် ကျဉ်းလွယ်၊ ကျုံ့လွယ်ပြီး ရောဂါကို ထကြွစေသောအရာများနှင့် ထိတွေ့လျှင်၊ အပြုအမှုများ ပြုလုပ်မိလျှင် ရောဂါထကြွ လာနိုင်သည်။
• ရောဂါကို အရှင်းပျောက်ကင်းအောင် မကုသနိုင်ပါ။ ရောဂါလက္ခဏာများကို မထကြွလာအောင်သာ ကုသနိုင်သည်။
(၂)ပန်းနာရင်ကျပ်ရောဂါအဆင့်ဆင့်
• Mild intermittent-မပြင်းထန်သောပန်းနာရင်ကျပ် လက္ခဏာမှာတစ်ပတ်လျှင် ၂ ကြိမ်ထက်မပိုပေ။ ညပိုင်းလက္ခဏာများမှာ ၁လ လျှင် ၂ရက်ထက်ပိုပြီးမခံစားရပေ။နေ့စဉ်လုပ်ငန်းဆောင်တာများကိုလည်း ပုံမှန်လုပ်ဆောင်နိုင်သည်။
• Mild persistent-၁ပတ်လျှင်် ၂ရက်ထက်ပိုပြီးရောဂါလက္ခဏာများကို ခံစားရနိုင်သည်။နေ့တိုင်းတော့မဟုတ်ပါ။ ညပိုင်းလက္ခဏာများမှာ ၁ လလျှင် ၃-၄ ကြိမ်လောက်ဖြစ်နိုင်သည်။
• Moderate persistent asthma-ရောဂါလက္ခဏာ များမှာနေ့တိုင်းလိုလိုခံစားရနိုင်သည်။ ညပိုင်းလက္ခဏာများမှာ ၁ ပတ်လျှင် ၁ ကြိမ်ထက်ပိုပြီးဖြစ်နိုင်သည်။ နေ့တိုင်းတော့မဖြစ်နိုင်ပါ။ ရင်ကျပ် သက်သာဆေးကို ပုံမှန်သောက်ရန် လိုအပ်ပါသည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို လည်းအနှောက်အယှက်ပေးနိုင်ပါသည်။
• Severe persistent asthma-ရောဂါလက္ခဏာများမှာ နေ့တိုင်းလိုလို ခံစားရနိုင် သည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို လည်းအနှောက်အယှက်ပေးနိုင်ပါသည်။ ညပိုင်းလက္ခဏာများမှာ မကြာခဏဖြစ်တတ်သည်။ ညတိုင်းတောင်ဖြစ်နိုင်ပါသည်။
(၃) ရင်ကျပ်ပန်းနာထလျှင် ဘယ်လိုလက္ခဏာတွေ ပြမလဲ?
• လူတစ်ယောက်နှင့်တစ်ယောက် မတူညီပါ။
• အသက်ရှူကြပ်လာခြင်း၊ အသက်ရှူရခက်ခဲခြင်း
• မောလာခြင်း
• အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
• အသက်ရှူကျပ်ခြင်း၊ ချောင်းဆိုးခြင်းတို့ကြောင့် ညဘက်တွင် အိပ်မရဖြစ်ခြင်း
(၄) ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ သွားပြသင့်လဲ? (Danger signs)
• စကားမပြောနိုင်လောက်အောင် မောကျပ်ခြင်း
• ရပ်ကျပ်သက်သာဆေးများ ရှူသော်လည်း မသက်သာခြင်း
• နှုတ်ခမ်းနှင့် ခြေသည်း၊ လက်သည်းများ ပြာနှမ်းလာခြင်း
• ရောဂါလက္ခဏာများ အချိန်တိုအတွင်း ဆိုးရွားလာခြင်း
(၅) ဘာကြောင့်ဖြစ်ရတာလဲ?
• လေပြွန်ရောင်ရမ်းစေသော အကြောင်းအရင်းကို အတိအကျ မသိသေးပါ။
• မျိုးရိုးလိုက်တတ်သည်။
• မိမိနေထိုင်သော ပတ်ဝန်းကျင် အနေအထားနှင့် သက်ဆိုင်သည်။
• ရောဂါကိုထကြွစေသော အရာများရှိသည်။
• အသက်အရွယ်မရွေးဖြစ်နိုင်သည်။
(၆) ရောဂါထကြွစေသော အရာတွေကဘာတွေလဲ?
• ပန်းဝတ်မှုံများ၊ မှိုမှုန့်များ
• ဖုန်မှုန့်များ၊ အမှုန်များ
• စူးရှသောအနံ့အသက်များ (ဥပမာ - ခြင်ဆေးနံ့ ၊ အမွှေးတိုင်၊ ရေမွှေးနံ့၊ အသက်ပျောက်ဆေး)
• ဆေးလိပ်မီးခိုး၊ မီးခိုးငွေ့များ
• တိရိစ္ဆာန်အမွှေးအမှင်များ (ဥပမာ- ကြောင်၊ ခွေး၊ ကြက်၊ ငှက်)
• စွတ်စိုထိုင်းမှိုင်းသောလေများ
• အေးမြလွန်းသောလေများ အပူ၊ အအေးလွန်ကဲခြင်း
• စိတ်ဖိစီးမှုများခြင်း
• အားကစား အပြင်းအထန်ပြုလုပ်ခြင်း
• ဆေးဝါးများ (ဥပမာ - အကိုက်အခဲပျောက်ဆေး (aspirin, ibuprofen, naproxen, beta blockers)
• အစာအိမ်အက်စစ်များအပေါ် ပြန်တက်၍ ရင်ပူသောရောဂါ (GERD)
• နှာစေးခြင်း၊ အအေးမိခြင်း
• တုပ်ကွေးဖျားနာခြင်း
• အစားအသောက်များ (ဥပမာ- အဖျော်ယမကာများ၊ ဘီယာ၊ ပင်လယ်စာများ၊ အာလူးကြော် အစရှိသဖြင့်)
တစ်ယောက်နှင့်တစ်ယောက်မတူညီပါ။
မိမိအတွက်မည်သည့်အရာ ရောဂါထကြွစေသည်ကို သတိရှိပါ။
ပတ်ဝန်းကျင်၊ အနေအထိုင်၊ အလုပ်အကိုင်၊ အစားအသောက် စသည်ဖြင့် မည်သည်က မိမိရောဂါထကြွစေသည်ကို ဆင်ခြင်ပါ။
ထိုအရာများကို ဝေးအောင်ရှောင်ပါ။
(၇) ဘယ်သူတွေမှာ ပိုပြီးအဖြစ်များလဲ? ဖြစ်နိုင်ခြေများလဲ?
• ပန်းနာရင်ကျပ်မျိုးရိုးရှိလျှင်
• Allergic ဖြစ်တတ်သူများ eg.atopic dermatitis or allergic rhinitis( hay fever)
• အဝလွန်သူများ
• ဆေးလိပ်သောက်သူများ
• ဆေးလိပ်မသောက်သော်လည်း အခြားသူ၏ဆေးလိပ်ငွေ့ ရှူရှိုက်နေရသူများ
• မီးခိုးငွေ့များ ဖုန်မှုန့်များ၊လယ်ကွင်းများ၊ဆံပင်ညှပ်ဆိုင်၊စသည့် လေထုညစ်ညမ်းသောနေရာများတွင် နေထိုင်သူများ၊ အလုပ်လုပ်ရသူများ
(၈) နောက်ဆက်တွဲ ဆိုးကျိုးဘာတွေရနိုင်လဲ?
• ရင်ကျပ်ရောဂါ၏ လက္ခဏာများရှိလျှင် ဆရာဝန်နဲ့ပြသ၍ ထိရောက်သော ဆေးကုသမှုခံယူသင့်သည်။
• မကုသဘဲထားလျှင် သော်လည်းကောင်း မိမိနှင့်ဓါတ်မတည့်သော အရာများကိုမရှောင်ကြဉ်လျှင်သော်လည်းကောင်း အောက်ပါလက္ခဏာများ ခံစားရနိုင်ပါသည်။
(၁) ထိုရင်ကျပ်ရောဂါသည် မိမိ၏ အိပ်စက်ခြင်း၊ အလုပ်အကိုင်နှင့် အခြားသောနေ့စဉ်လုပ်ငန်းဆောင်တာ များမလုပ်နိုင်လောက်အောင် အနှောက်အယှက်ပေးပါလိမ့်မည်။
(၂) လေပြွန်များပြန်ချဲ့၍ မရနိုင်လောက်အောင် ကျဉ်းသွားနိုင်ပါသည်။
(၃) အရေးပေါ်ဆေးရုံတက်၍ ကုသရခြင်းများ ဖြစ်နိုင်ပါသည်။
(၄) ပြင်းထန်ပန်းနာရင်ကြပ် ရောဂါသည်များတွင် ရေရှည်သောက်သုံးရသော ဆေးများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ (နှလုံးခုန်မမှန်ခြင်း၊ လေတုန်ခြင်း၊ စိတ်ပူပန်ခြင်း၊ ပါစပ်တွင် မှိုရောဂါစွဲကပ်ခြင်း၊ ပါးစပ်အနာပေါက်ခြင်း အစရှိသဖြင့် ဖြစ်နိုင်ပါသည်။
(၉) ကိုယ်ဝန်ဆောင်နှင့် ပန်းနာရင်ကျပ်
• ရင်ကျပ်ပန်းနာရောဂါကြောင့် မိခင်ရော ကလေးပါအန္တရာယ်ရှိနိုင်ပါတယ်။
• ပုံမှန်ကုထုံးများကို ဆက်လက်ကုသလို့ရပါတယ်။
• ကိုယ်ဝန်မဆောင်ခင်ကတည်းက မိခင်လောင်းရဲ့ ရင်ကြပ်ပန်းနာရောဂါကို ကောင်းစွာထိန်းချုပ် ထားရပါမယ်။
• ရောဂါကို ကောင်းစွာမထိန်းထားနိုင်လျှင် -
(၁) Severe morning sickness (ပြင်းထန်သောကိုယ်ဝန်လက္ခဏာများခံစားရခြင်း)
(၂) သွေးဆင်းခြင်း
(၃) သွေးတိုးခြင်း၊ အခြားသောကျောက်ကပ်ကဲ့သို့သော အရေးကြီးကိုယ်အင်္ဂါများထိခိုက်နိုင်ခြင်း
(၄) သနွေသားမဖွံ့ဖြိုး၊ မကြီးထွားခြင်း
(၅) ပေါင်မပြည့်၊ လမစေ့မွေးဖွားခြင်းများ ဖြစ်နိုင်တယ်။
• ကိုယ်ဝန်ဆောင်စဉ်မှာ အဆုတ်အခြေအနေကို မှန်မှန်စစ်စစ်ဆေးနေပါမယ်။
• ကလေးမွေးချိန်၊ မွေးပြီးချိန်တို့မှာလည်း ပိုပြီးဂရုစိုက်ရပါမယ်
• ဆေးလိပ်မသောက်ရပါ။ ရောဂါထကြွစေသော အရာမှန်သမျှကို ရှောင်ရပါမယ်။
(၁၀) ပန်းနာရင်ကျပ်သောက်ဆေးတွေကို သောက်ရတဲ့မိခင်က ကလေးကိုနို့တိုက်လို့ရလား?
• နို့ကိုတိုက်နိုင်သလောက် ဝင်အောင်တိုက်ပါ။
(၁၁) ကလေးမှာရော ပန်းနာရင်ကျပ်ရှိနိုင်လား?
• ပန်းနာရင်ကျပ်ရောဂါသည် မျိုးရိုးလိုက်တတ်သည်။
• ကိုယ်ဝန်ဆောင်နေစဉ်အတွင်းတွင် မိခင်ဆေးလိပ်သောက်လျှင်လည်း ဖြစ်နိုင်ပါတယ်။
(၁၂) ပန်းနာရင်ကျပ်နှင့်အားကစား
• ရောဂါသည်များသည် ကိုယ်လက်လှုပ်ရှားအားကစားလုပ်နိုင်ပါသည်။ သို့သော် ရောဂါကြွလာတတ်ပါသည်။
• အားကစားမလုပ်မီ ရင်ကြပ်ပန်းနာသက်သာဆေးကို အရင်ရှူထားရပါမည်။ အားကစားမလုပ်မီ (၁၅) မိနစ်ခန့် ကြိုရှူထားရမည်။
• ရင်ကျပ်ဆေးသက်သာဆေးကို အမြဲဆောင်ထားရမည်။
• အားကစားလုပ်နေစဉ် ရင်ကျပ်လာလျှင် ရင်ကျပ်သက်သာဆေးကို သုံးပါ။
• ပိုဆိုးလာလျှင် အရေးပေါ်ဆေးကုသမှုခံယူပါ။
(၁၃) ဘယ်လိုအခါမျိုးမှာ အားကစားကိုရှောင်ရမလဲ?
• ရောဂါကြွနေချိန်
• အအေးမိ၊ နှာစေး၊ ချောင်းဆိုးရင်ကြပ်ဖြစ်နေချိန်
• ရင်ကြပ်ထကြွစေသော ပတ်ဝန်းကျင်အနေအထား
• ရာသီဥတုဆိုးရွားချိန်၊ အပူအအေးလွန်ကဲချိန်
credit ;လပြည့်
ref;oxford handbook, davidson,mayo clinic, web md , NHS
မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၇၈၈၇ သို့ Mpt မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။