ရိုးရိုးမှဲ ့လား၊ ကင်ဆာဖြစ်မယ့်မှဲ့လား
11-Jun-2017အရေပြားတွင်ဖြစ်သော ကင်ဆာများထဲတွင် မှဲ ့ကင်ဆာသည် အပြင်းထန်ဆုံးဖြစ်သည်။ကင်ဆာဟုဆိုလိုက်တိုင်း မှဲ ့တွင်သာကင်ဆာဖြစ်နေခြင်း မဟုတ်ပါ။မှဲ ့ကင်ဆာသည် အရေပြားအရောင်ကိုဖြစ်စေသည့် ပစ္စည်း မယ်လနင် (Melanin) ကိုထုတ်ပေးသည့် ဆဲလ် melanocyte များ ပုံမှန် ပွားများလာသောကြောင့် ဖြစ်သည်။အဆိုပါဆဲလ်များသည် ကိုယ်ခန္ဓာ၏ နေရာအနှံ ့အပြားတွင်ရှိပြီး ထိုဆဲလ်ရှိသည့်နေရာတွင် ကင်ဆာဖြစ်နိုင်ပါသည်။ မျက်လုံး၊ ပါးစပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ လက်သည်းခွံအောက် စသည့်နေရာများတွင် ကင်ဆာ (Melanoma)ဖြစ်နိုင်ပါသည်။ဖြစ်ပွားရသည့် အကြောင်းရင်းမှာ Melanocytes များ ပုံမမှန်ပွားများနေသောကြောင့် ဖြစ်သည်။အဆိုပါကင်ဆာသည် အသားဖြူသူများ၊ နေလောင်ဒဏ်ခံရသူများ၊ UVထိခံရသူများ၊ အီကွေတာ အနီးနှင့် တောင်ပေါ်ဒေသတွင် နေထိုင်ရသူများ၊ မှဲ ့အများအပြားရှိသူများ၊မှဲ ့ကင်ဆာမျိုးရိုးရှိသူများ၊ ခုခံအားကျဆင်းနေသူများတွင် ဖြစ်နိုင်ချေပိုများပါသည်။
ရိုးရိုးမှဲ ့၏ လက္ခဏာများ
ပုံမှန်မှဲ ့၏အရောင်မှာ တပြေးညီတည််းဖြစ်သည်။အညိုရောင် သို ့အမည်းရောင်ဖြစ်နိုင်သည်။ အနားသတ်ညီသည်။အများအားဖြင့် ဘဲဥပုံ၊ အဝိုင်းပုံရှိတတ်ပြီး အရွယ်အစားမှာ ၆မီလီမီတာခန် ့ (၁လက်မ၏ လေးပုံ၁ပုံခန် ့) ရှိတတ်သည်။လူတော်တော်များများတွင် မှဲ ့၁၀-၄၅လုံးထိရှိတတ်ပြီး မှဲ ့အများစုမှာ အသက်၅ဝကျော်မှ ထွက်လာခြင်းဖြစ်သည်။
ပုန်းနေသောမှဲ ့များ
Melanoma သည် နေရောင်ခြည်နှင့်ထိတွေ ့မှုနည်းသော နေရာများတွင်လည်းပေါ်နိုင်ပါတယ်။ခြေချောင်းများကြား၊ လက်ဖဝါး၊ခြေဖဝါး၊ ဦးခေါင်းနှင့် လိင်အင်္ဂါများတွင်လည်း ဖြစ်နိုင်ပါတယ်။ လက်သည်း၊ခြေသည်းခွံအောက်၊ ပါးစပ်၊ အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်၊ဆီးလမ်းကြောင်းတစ်လျှောက် နှင့် မိန်းမကိုယ်များတွင်လည်းဖြစ်နိုင်ပါတယ်။ အဆိုပါနေရာများကိုလည်း စစ်ဆေးကြည့်ရမှာဖြစ်ပါတယ်။အသားညိုသူများတွင် မှဲ ့ကင်ဆာဖြစ်ပါက အဆိုပါနေရာများတွင် ဖြစ်လေ့ရှိပါတယ်။
ကင်ဆာဖြစ်စေမယ့် မှဲ ့
ကင်ဆာဖြစ်စေမယ့် မှဲ ့ပုံစံကို အတိုကောက် ABCDE ဟု မှတ်သားနိုင်ပါတယ်။
-A --- asymmetrical shape --- ပုံသဏ္ဍာန်မမှန်ခြင်း
-B --- border (irregular)---အနားသတ်မညီခြင်း
-C ---color changine --- အရောင်ပြောင်းလာခြင်း
-D ---Diameter --- အရွယ်အစားကြီးလာခြင်း (လက်မ၏ လေးပုံသုံးပုံနှင့် အထက် သို ့မဟုတ် ၆မီလီမီတာထက် ပို၍ကြီးသွားခြင်း)
-E ---Evolving ---လက္ခဏာအသစ်များပေါ်လာခြင်း (ဥပမာ- ယားယံခြင်း၊ သွေးထွက်ခြင်း၊ အရွယ်အစား၊ အရောင်နှင့် ပုံသဏ္ဍာန်များပြောင်းလဲလာခြင်း)
မိမိကိုယ်ခန္ဓာရှိ မှဲ ့များကို အမြဲစစ်ဆေးမှုပြုပါ။ အထက်ဖော်ပြပါ လက္ခဏာများရှိပါက အရေပြားအထူးကုနှင့် ပြသပါ။ နေပူထဲသွားလျှင် နေလောင်ဒဏ်ကာကွယ်ပေးသော ကရင်မ်များ၊အမိုးအကာများ၊ မျက်မှန်များဝတ်ဆင်ပါ။SPF ပါသောကရင်မ်များကို လိမ်းပါ။အိပ်ယာခင်းနှင့် အင်္ကျီများကို အရောင့်ရင့်ရင့်သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
Dr.Moon (7887 Healthcare Call Center)
Ref: Mayo clinic