Print

သည်းခြေကျောက်ရှိသူတို့ လိုက်နာသင့်သော အချက်များ

  02-Jul-2017
Preview Image


• တစ်နေ့ ရေ ၁၀ -၁၂ ဖန်ခွက်သောက်ပါ။ 

• ကိုယ်အလေးချိန်များနေပါက အဆီများတဲ့ အစာကိုရှောင်ကြဉ်တာ၊ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တာတွေ လုပ်ဆောင်ပြီး လျှော့ချပါ။ 

• အမျှင်များတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းသီး၊ မုန်ဥလာ၊ သကြားမုန်လာ၊ ပန်းဂေါ်ဖီစိမ်း၊ တရုတ်နံနံ၊ ဂရိတ်ဖရု၊ ရှောက်သီး၊ မုန်ညှင်းရွက်၊ ဟင်းနုနယ်ရွက်၊ ဖရဲသီး၊ ကြက်သွန်ဖြူ စတာတွေကိုစားပါ။ 

• ကိုယ်လက်လှုပ်ရှား အားကစားကို တစ်နေ့ အနည်းဆုံး မိနစ် ၃၀ ပြုလုပ်ပါ။

• ဆီကြော်စာတွေအစား ပြုတ်ထား၊ ဖုတ်ထား၊ ပေါင်းထားတဲ့ အစာတွေကို ရွေးစားပါ။ 

• အဆီဖယ်ထားတဲ့ အသား၊ ငါးအမျိုးမျိုး၊ ကြက်ဆင်သား၊ ပင်လယ်စာတွေစားပါ။ 

• အဆီဖယ်ထားတဲ့ နို့နှင့်နို့ထွက်ပစ္စည်းတွေ၊ အပင်ထွက်အဆီနဲ့ ပြုလုပ်ထားတဲ့ ချိစ်၊ အဆီဖယ်ထားတဲ့ ဒိန်ချဉ်တွေ စားသုံးပါ။

• ပရိုတင်းများများစားပါ။

• အဆင့်ဆင့်ပြုုပြင်မထားတဲ့ ကောက်နှံတစ်ခုလုံးပါဝင်စာဖြစ်တဲ့ ကွေကာ၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ အုတ်ဂျုံ၊ ဆန်လုံးညိုတွေ စားသုံးပါ။


သည်းခြေကျောက်ရှိသူတို့ ရှောင်ရှားသင့်သော အချက်များ

• အသည်း၊ ပဲပိစပ်နဲ့ ပြုလုပ်ထားတဲ့ အစာ၊ အဆင့်ဆင့်ပြုလုပ်ထားတဲ့ အစာ၊ သကြားတု၊ အနီရောင်အသား၊ ရေခဲမုန့်၊ တိရိစ္ဆာန်ကရတဲ့ အဆီနဲ့ပြုလုပ်ထားတဲ့ ချိစ်၊ ဥအမျိုးမျိုးရှောင်ပါ။

• ဝမ်းချုပ်တာက သည်းခြေကျောက်တည်နိုင်ခြေများလို့ ဝမ်းမချုပ်အောင် ဂရုစိုက်ပါ။ 

• ကာဗိုဟိုက်ဒရိတ် စားသုံးမှုကို လျှော့ချပါ။

• အဆီများတဲ့အစာ၊ ဆီကြော်စာ၊ အဆီအမျိုးမျိုး စားသုံးမှုကိုရှောင်ပါ။ 

• အဆင့်ဆင့်ပြုလုပ်ထားတဲ့ အစာတွေကို အကန့်သတ်နဲ့သာ စားသုံးပါ။

• ကာဗွန်ဖြည့်စွက်ထားတဲ့ အချိုရည်တွေ သောက်သုံးပါက သည်းခြေကျောက် ရွေ့လျားမှုဖြစ်စေလို့ နာကျင်မှုကို ခံစားရတတ်ပါတယ်။

• အစာမစားဘဲ ကိုယ်အလေးချိန် လျှော့ချတာမျိုး မလုပ်သင့်ပါ။ 

• အစာအများကြီးစားပြီးညအိပ်ရာဝင်တာမျိုး ရှောင်ပါ။


Credit:

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18