နှလုံးကြွက်သားရောင်ရမ်းခြင်းရောဂါ ( Cardiomyopathy )
06-Aug-2017နှလုံးကြွက်သားရောဂါများဖြစ်ပြီး တွဲဖက်၍ နှလုံးလုပ်ငန်းဆောင်ရွက်ချက်အားနည်းနေခြင်းဖြစ်သည်။ နှလုံးကြွက်သားရောင်ရမ်းခြင်းရောဂါကို အမျိုးအစားအလိုက် နှစ်အုပ်စုခွဲခြားထားသည်။
၁။ အတိအကျဖြစ်သော နှလုံးကြွက်သားရာင်ရမ်းခြင်း ရောဂါ
၂။ နှလုံးရောဂါအခြေခံဖြစ်သော နှလုံးရောင်ရမ်းခြင်း ရောဂါ
၁။ အတိအကျဖြစ်သော နှလုံးကြွက်သားရာင်ရမ်းခြင်း ရောဂါ
* နှလုံးအဆို့ရှင်ရောဂါ (valvular heart disease)
* နှလုံးသွေးကြောလျှောက်နည်းခြင်း ရောဂါ (Ischemic heart disease)
* သွေးဖိအားတိုးရောဂါ (Hypertension)
* ရောင်ရမ်းခြင်းရောဂါ(Inflammation)
* ခန္ဓာကိုယ်နှင့်ပတ်သက်သောအထွေထွေရောဂါ ဥပမာ - လေးဖက်နာအဖျား (Rheumatic fever)
၂။ နှလုံးရောဂါအခြေခံဖြစ်သော နှလုံးကြွက်သားရောင်ရမ်းခြင်း ရောဂါ
* ထူကြီးလာသော နှလုံးကြွက်သားရောင်ရမ်းခြင်း ရောဂါ (hypertrophic cardiomyopathy )
* ကျယ်ပြန့်၍ ကြီးလာသော နှလုံးကြွက်သားရောင်ရမ်းခြင်း ရောဂါ (dilated cardiomyopathy)
* ကန့်သတ်ထားသော နှလုံးကြွက်သားရောင်ရမ်းခြင်း ရောဂါ (Restrictive cardiomyopathy)
* ကျယ်ပြန့်ပါးသွားသော နှလုံးညာဘက်အာက်ခန်းနှင့် နှလုံးခုန်မှုမမှန် နှလုံးကြွက်သားရောင်ရမ်းခြင်း ရောဂါ
ထူ၍ကြီးလာသော နှလုံးကြွက်သားရောင်ရမ်းခြင်း ရောဂါ သည် ဗီဇမျိုးစေ့ ကမောက်ကမဖြစ်ခြင်းကြောင့် လူထုအတွင်းထိခိုက်မှုမှာ ၅၀၀ လျှင် ၁ ယောက် ဖြစ်သည် နှလုံးဘယ်ဘက်အောင်ခန်းကြီးထွားမှုမှာ ပုံသဏ္ဌာန်အချိုးမကျခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ နှလုံးညာဘက်အောက်ခန်း ကို လည်းထိခိုက်စေသည်။ ၇၀ % တွင်မိသားစု ရာဇဝင်ရှိသည်။
အဖြစ်အများဆုံးတင်ပြလာသည့်လက္ခဏာမှာ
* မိသားစုများအတွင်း နှလုံးခုန် မူမမှန်ခြင်းကြောင့် ရုတ်တရက်သေဆုံးမှုဖြစ်သည်။
* လူနာများတွင် လက္ခဏာမပြခြင်း ရှိတတ်သည်။
* အားနည်း၊သတိမေ့မြောခြင်း၊ နှလုံးခုန်ရင်တုန်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ် အလုပ်လုပ်မှုကြောင့် မောပန်းနွမ်းနယ် ခြင်းတ်ို့ ဖြစ်သည်။
* အချိုးသောလူနာများတွင်နောက်ဆုံးလှုပ်ရှားဆောင်ရွက်မှု အစွန်းရောက်ခြင်းကြောင့် နှလုံးအလုပ်လုပ်မှု ဆုံးရှုံးသွားသည်။
ရုတ်တရက်သေဆုံးမှုအန္တရာယ်ကို လျော့နည်းသွားရန် ကာကွယ်ခြင်းသည် အရေးကြီးသည်။ ရောဂါဖော်ဆောင်ပြီးသောအခါ
* လူနာသည် ယှဉ်ပြိုင်ရသောအားကစားများကု ချက်ချင်းရပ်ဆိုင်းစေသည်။
* အားကုန်ပြုလုပ်ရသော လေ့ကျင့်ခန်းကိုရှောင်ကြဉ်ရမည်။
* နှလုံးရောဂါ အထူးကုဆရာဝန်ကြီးနှင့်တိုင်ပင်ဆွေးနွေးရန် အရေးကြီးသည်။
* တစ်ချို့လူနာများကို ဆေးကုသချက်ပေးရမည်။
Credit - ဒေါက်တာလဲ့လဲ့ဝင်း