Print

နမိုးနီးယား (သို့မဟုတ်) အဆုတ်ရောင်ရောဂါ

  20-Aug-2017
Preview Image


 အဆုတ်တစ်ဖက် (သို့) နှစ်ဖက်လုံးရှိ  လေအိတ်များပိုးဝင်ပြီးရောင်ရမ်းခြင်းကို အဆုတ်ရောင်ခြင်း ဟုခေါ်ပါသည်။ အဆုတ်ရောင်ရောဂါဆိုတာ ဘက်တီးရီးယားပိုးကြောင့်သာမက ဗိုင်းရပ်စ်ပိုး၊ မှိုရောဂါ တို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။ အဆုတ်ရောင်ရောဂါမှာ ပြင်းထန်အဆင့်အမျိုးမျိုးရှိပြီး အဆုတ်ရောင် ရိုးရိုးမှသည် အသက်အန္တရာယ်ရှိသည့် ပြင်းထန်အဆုတ်ရောင်ရောဂါအထိ ဖြစ်နိုင်ပါသည်။ အဆုတ်ရောင်ရောဂါသည်များသောအားဖြင့် ကိုယ်ခံအားနည်းသော ကလေးငယ်၊ အသက် (၆၅) နှစ်နှင့် အထက်လူကြီးများ၊ ကျန်းမာရေးချူချာသော လူများတွင် ဖြစ်လေ့ရှိသည်။ ရောဂါလက္ခဏာများမှာ ချမ်းတုန်ဖျားခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ သလိပ်ထဲတွင် ပြည်ပါဝင်ပြီး ချောင်းဆိုးခြင်း၊ အသက်ရှူသောအခါ ရင်ဘတ်အောင့်ခြင်း၊ အသက်ကြီးသော လူနာများတွင် နုံးခြင်း၊ သတိလက်လွတ်ဖြစ်ခြင်း၊ ပုံမှန်ကိုယ်အပူချိန်ထက်နည်းခြင်း၊ မောပန်းလွယ်ခြင်း၊ ပျို့တတ်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကလေးငယ်များတွင်လည်း ဂနာမငြိမ်ဖြစ်ခြင်း၊ နုံးခြင်းတို့ဖြစ်လေ့ရှိသည်။ 


အဆုတ်ရောင်ရောဂါအမျိုးမျိုး

- လူများမှ ကူးစက်တတ်သော အဆုတ်ရောင်ရောဂါ

- ဆေးရုံမှ ကူးစက်တတ်သော အဆုတ်ရောင်ရောဂါ

- အစာသည်းခြင်း၊၊ ရေသည်းခြင်းကြောင့်ဖြစ်တတ်သော အဆုတ်ရောင်ရောဂါ 


(၁) လူများမှကူးစက်သောအဆုတ်ရောင်ရောဂါ

 အဆုတ်ရောင်ရောဂါများအတွင်းတွင် အဖြစ်အများဆုံးအဆုတ်ရောင်ရောဂါဖြစ်သည်။ ထိုရောဂါသည် ဘက်တီးရီးယား၊ ဘက်တီးရီးယား ကဲ့သို့သော ရောဂါပိုးမွှားများ (ဥပမာ-မှို ၊ ဗိုင်းရပ်စ်များ) ကြောင့် ဖြစ်ပါသည်။ 


(၂) ကျန်းမာရေးစင်တာမှ ကူးစက်သော အဆုတ်ရောင်ရောဂါ

 ကျန်းမာရေးစောင့်ရှောက်မှုခံယူမှုကြာရှည်သောလူနာများ၊ တစ်နည်းအားဖြင့် ဆေးရုံတက်ရောက်ကုသမှု ကြာရှည်သော လူနာများ၊ ကျောက်ကပ်ဆေးခြင်းကဲ့သို့ ဆေးရုံဆေးခန်း ခဏခဏသွားလာနေရသူများတွင် ဖြစ်ပွားတတ်သော အဆုတ်ရောင်ရောဂါဖြစ်သည်။ ထိုရောဂါသည် ပဋီဇီဝပိုးသတ်ဆေးများယဉ်ပါးသော ရောဂါပိုးကြောင့် ဖြစ်လေ့ရှိသည်။


(၃) အစာသည်းခြင်း၊ ရေသည်းခြင်းကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ

 အစာအမှုန်အမွှားများ၊ အန်ဖတ်များ၊ ရေ၊တံတွေးများ့အဆုတ်ထဲသို့ ဝင်ရောက်သော ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါဖြစ်သည်။


အန္တရာယ်ရှိသော အချက်အလက်များ

(၁) အသက်အရွယ် 

အဆုတ်ရောင်ရောဂါသည် အဓိကအားဖြင့် 

- အသက်နှစ်နှစ်နှင့် နှစ်နှစ်အထက်ငယ်သော ကလေးများ

-  အသက်ခြောက်ဆယ့်ငါးနှစ်နှင့် ခြောက်ဆယ့်ငါးနှစ်အထက်လူကြီးများ 

- ဆေးရုံတက်နေသူများ

- နာတာရှည်ရောဂါဖြစ်နေသူများ

- ဆေးလိပ်သောက်သူများ

- ကိုယ်ခံအားနည်းသူများ ဥပမာ - HIV / AIDS ရောဂါဝေဒနာရှင်များ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးထားသူများ၊ ကင်ဆာဆေးသွင်းနေသူများ၊ 

- ဆေးသောက်သုံးနေသူများ 


နောက်ဆက်တွဲဆိုးမျိုးများ

၁။ သွေးဆိပ်တက်ခြင်း

၂။ အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူစက်တင်ရခြင်း

၃။ အဆုတ်တွင်ရေဝင်ခြင်း၊ ရေစုခြင်း

၄။ အဆုတ်ပြည်တည်ခြင်း


အဆုတ်ရောင်ရောဂါဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲ

 ရောဂါဝေဒနာရှင်၏ ခံစားရသည်များကို မေးမြန်းခြင်း၊ ထိရောက်စွာစမ်းသပ် စစ်ဆေးခြင်းတို့အပြင် သွေးစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ကူးခြင်း သွေးတွင်းအောက်စီဂျင်တိုင်းခြင်း၊ သလိပ်စစ်ဆေးခြင်း၊ ကွန်ပျူတာဓာတ်မှန် ရိုက်ကူးခြင်း၊ အဆုတ်မြေးပါး အတွင်းရှိအရည်ကို ဆုတိထုတ်ပြီး ပိုးစစ်ဆေးခြင်းတို့ဖြင့် သိနိုင်ပါသည်။ 


အဆုတ်ရောင်ရောဂါကုသခြင်း

 အဆုတ်ရောင်ရောဂါကို ပဋီဇီဝပိုးသတ်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးတို့ဖြင့် ကုသလေ့ရှိပါသည်။ 

 အဆုတ်ရောင်ရောဂါပြင်းထန်ပုံစံအဆင့်ပေါ်မူတည်၍ ကုသမှုမတူညီနိုင်သလို ဆေးရုံတက်ရောက်ဖို့လိုအပ်မှု ရှိမရှိလည်း မတူညီနိုင်ပါ။


ဆေးရုံတက်ရောက်ရန်လိုအပ်သောအချက်အလက်များ

၁။ အသက် ခြောက်ဆယ့်ငါးနှစ်နှင့်အထက်လူနာများ

၂။ အချိန်၊ လူ၊ နေရာကို မသဲကွဲသော လူနာများ

၃။ ကျောက်ကပ်မကောင်းသူများ

၄။ လူနာ အပေါ်သွေး ၉၀ အောက်နှင့် အောက်သွေး ၆၀ အထက်လူနာများ

၅။ အသက်ရှူနှုန်းမြန်သောလူနာများ

၆။ အသက်ရှူရန်အကူအညီလိုအပ်သူများ

၇။ ခန္ဓာကိုယ်အပူချိန်ပုံမှန်ထက်နည်းနေသူများ

၈။ နှလုံးခုန်နှုန်း ၅၀ အောက်နှင့် ၁၀၀ အထက်ရှိသူများ

၉။ အသက်နှစ်လအောက်ကလေးငယ်များ။

၁၀။ နုံးပြီး အရမ်းအိပ်ငိုက်နေသလိုဖြစ်နေသော ကလေးငယ်များ။

၁၁။ အသက်ရှူရန်ခက်ခဲနေသောကလေးများ။

၁၂။ သွေးထဲတွင် အောက်စီဂျင်ဓါတ်ကျဆင်းနေသူများ

၁၃။ ရေဓာတ်ဆုံးရှုံးနေသော လက္ခဏာများရှိသည့် ကလေးများ ဖြစ်သည်။


ရောဂါလက္ခဏာဆိုးရွားသူများသည် လိုအပ်လျှင် အထူးကြပ်မတ်ကုဆောင်တွင် အသက်ရှူစက် အကူအညီနှင့် ကုသရန်လိုအပ်နိုင်ပါသည်။ 


Credit:

ဒေါက်တာခိုင် (7887 Healthcare Call Center)

Ref: Mayo's Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18