Print

ယောဂနှင့် နှလုံးကျန်းမာရေး

  27-Aug-2017
Preview Image


ယောဂ (Yoga) ၏ သမိုင်းအကြောင်းကို လေ့လာကြည့်လျှင် ရှေးအခါက အိန္ဒီယလူမျိုး များသည် စိတ်တည်ငြိမ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုရရှိရန် ယောဂကျင့်စဉ်များကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်။ ယနေ့အချိန်တွင် အမေရိကန်နိုင်ငံသားများသည် စိတ်ဖိစီးမှုများ ပြေပျောက်စေရန်နှင့် ခန္ဓာကိုယ်ပျော့ပျောင်းနိုင်စေရန်တို့အတွက် ယောဂလေ့ကျင့်ခန်းများကို လိုက်ပါလုပ်ဆောင် ခဲ့ကြသည်။ ထို့အပြင် နှလုံးရောဂါကို ကာကွယ်နိုင်သည်ဟူသော လက်ခံမှုများရှိကြသည်။  သမားရိုးကျလုပ်ဆောင်သောယောဂလေ့ကျင့်ခန်းများတွင်ခန္ဓာကိုယ်အားအနေအထားအမျိုးမျိုးတွင်ရှိစေလျက် အသက်ရှူခြင်း (သို့) တရားရှုမှတ်ခြင်းတို့ကို အာရုံထားကာ တဖြည်းဖြည်းအကြောများ လျော့ဆန့်စေခြင်းဖြစ်သည်။ ယောဂလေ့ကျင့်ခန်းများသည် ကာယသုခနှင့် စိတ်တ္တသုခတို့ ပြည့်ဝစေရန် ဦးတည်ထားသည်ဟု ဆိုသည်။ American Heart Association ကယောဂနှင့်ပတ်သက်၍အောက်ပါလမ်းညွှန်မှုများထုတ်ပြန်ထားသည်။ 


(၁) အထွေထွေနှလုံးသွေးကြော ကျန်းမာရေးအတွက်

• သင့်တင့်သော အေရိုးဘစ်လေ့ကျင့်မှုကို တစ်ကြိမ်လျှင် အနည်းဆုံး မိနစ် ၃၀ ဖြင့် တစ်ပတ်လျှင် သုံးရက်လုပ်ဆောင်ရမည်။

• ပြင်းထန်သော အေရိုးဘစ်လေ့ကျင့်မှုကို တစ်ကြိမ်လျှင် ၂၅ မိနစ်အနည်းဆုံးထား၍ တစ်ပတ်လျှင် သုံးရက်လုပ်ဆောင်ရမည်။ 

(ပူးတွဲလုပ်ဆောင်ရန်) 

• ကြွက်သားများ သန်မာစေသော အားအသင့်အတင့် သို့မဟုတ် အားပြင်းသော လေ့ကျင့်ခန်း တစ်ပတ်လျှင် အနည်းဆုံး ၂ ရက်လုပ်ဆောင်ရမည်။ 


(၂) သွေးဖိ်အားနှင့် သွေး၌ ကိုလက်စထရောပါဝင်မှုကို လျော့ကျစေရန်

• သင့်တင့်သော သို့မဟုတ် အားပြင်းသော အေရိုဘစ်လေ့ကျင့်မှုကို ပျှမ်းမျှအားဖြင့် မိနစ် ၄၀ ခန့်မြင့် တစ်ပတ်လျှင် သုံးကြိမ်သို့မဟုတ် လေးကြိမ်လုပ်ဆောင်ရမည်။


Founder of Cardiac Yoga စိတ်ပညာရှင် M.Mala Cuningham က ယောဂသည် သွေဖိအားကိုလျော့ကျစေနိုင်သည်၊ အဆုတ်၏ စွမ်းဆောင်ရည်ကို မြင့်မားစေသည်၊ အသက်ရှူလုပ်ငန်းကို တိုးတက်ကောင်းမွန်စေသည်။ နှလုံးခုန် မှန်ကန်စေသည်၊ သွေးလှည့်ပတ်စီးဆင်းမှုကို အားပေးမြင့်တက်နိုင်သည်။ ကြွက်သားများ၏ ခွန်အားကို မြင့်မားစေသည်ဟု ပြောကြားထားသည်။ ယောဂလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းဖြင့် နှလုံးခုန်ရပ်တန့်ခြင်း၊ နှလုံးကြွက်သား ရုတ်တရက်ပျက်ယွင်းခြင်းနှင့် အခြားသော နှလုံးပြဿနာများကို ကာကွယ်မှုပေးနိုင်သည်ဟု ဆိုသည်။ ဖိစီးမှုများသည် နှလုံးအပေါ်ဆိုးကျိုးများ သက်ရောက်စေသည်။ ယောဂလေ့ကျင့်မှုဖြင့် ဖိစီးမှုကို လျော့နည်းစေပြီး နှလုံးကျန်းမာရေးကို မြင့်တင်ပေးနိုင်သည်။ စိတ်တည်ငြိမ်မှုနှင့် စိတ်ဖြေလျော့မှုတို့ကို ရစေနိုင်သဖြင့် ယောဂလေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ခြင်းဖြင့် သွေးဖိအားကျစေနိုင်ကြောင်း တွေ့ရသည်။ ယောဂလေ့ကျင့်ခန်းများကို ကာလကြာရှည်စွာ လုပ်ဆောင်လာခဲ့ပါလျှင် အထွေထွေကျန်းမာရေးကို တိုးတက်ကောင်းမွန်စေသည်။ 


Credit:

ဒေါက်တာအေးကျော် (ဇီဝကမ္မ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18