Print

ဆီးချိုရောဂါကြောင့် ခြေထောက် ဂရုစိုက်ခြင်း၊ မဖြတ်ရရန်ကာကွယ်ခြင်း

  24-Sep-2017
Preview Image


ဆီးချိုရောဂါကို သေချာစွာကုသခြင်းနှင့် ခြေထောက်ကို ဂရုစိုက်ခြင်းဖြင့် ခြေထောက်တွင် အနာဖြစ်ခြင်းကြောင့် အနာကုမရခြင်း ပိုးဝင်ခြင်းဖြစ်ကာ ခြေထောက်ဖြတ်ရခြင်းမှ ကာကွယ်နိုင်ပါသည်။


ဆီးချိုရောဂါကို သေချာစွာကုသခြင်းနှင့် ခြေထောက်ကိုဂရုစိုက်ခြင်းကို ဘာကြောင့်အရေးကြီးပါသလဲ။ 

အရေးကြီးပါတယ်။ ပြီးခဲ့သော နှစ် ၂၀ အတွင်းတွင် ဆီးချိုရောဂါခံစားနေရသော သူများ၏ ၅၀% ရာခိုင်နှုန်းကျော်သည် ခြေထောက်ဖြတ်ရသည်ကို တွေ့ရှိရပါသည်။ ခြေထောက်ဖြတ်ရသည့် အကြောင်းအရင်း များစွာရှိသော်လည်း ၈၀% ကျော်သည် ခြေထောက်တွင် အနာလေးဖြစ်ရာမှ စတင်ဖြစ်သည်ကို တွေ့ရှိရပါသည်။ ဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ အာရုံကြောတွေ ထိခိုက်ပျက်စီးခြင်းနှင့် သွေးလည်ပတ်မှု မကောင်းခြင်းတို့ဖြစ်ပါသည်။ ခြေတွေလက်တွေ ထုံကျင်လာတယ်၊ ထိလို့ထိမှန်းမသိ၊ ပူတာ၊ နာတာတွေမသိ ဖြစ်လာတယ်။ ခလုတ်တိုက်မိ၊ ဆူးလေးနင်းမိ၊ ပူမှန်းမသိပဲ နင်းမိရာမှ ခြေထောက်တွင် အနာဖြစ်လာသော်လည်း နာကျင်မှုကို မသိသောကြောင့် သတိမထားမိပဲဖြစ်တတ်သည်။ သွေးလည်ပတ်မှု မကောင်းသည့်အတွက် အနာကလည်း လွယ်လွယ်နဲ့မကျက်၊ သွေးတွင်းအချိုဓာတ်များမှုကလည်း ရောဂါပိုးနှင့် ဘက်တီးရီးယားပိုးပေါက်ဖွားရန် မွေးဖွားရန်အတွက် ကောင်သည်အတွက် ဖြစ်နေသောကြောင့် အနာရင့်ပြီး၊ ပိုးဝင်တာ များလာတယ်။ အနာဖြစ်သည့် ခြေထောက်ဘက်မှရောင်လာ၊ ပြည်တည်လာမှ သတိထားမိလာသော ကြောင့် ကုသရန် အချိန်လွန်သွားပြီး ခြေထောက်ဖြတ်လိုက်ရသည့်အဆင့်အထိ ရောက်သွားကြသည်။


ဆီးချိုရောဂါခံစားနေရသူများတွင်မှ ခြေထောက်ဖြတ်ရသည်ကို ဖြစ်စေနိုင်သည့်အကြောင်းအရင်းများလည်း ရှိပါသေးတယ်။ 

- သွေးတွင်းအချိုဓာတ်များလွန်းခြင်း 

- ဆေးလိပ်သောက်ခြင်း

- ခြေထောက်နှင့်သက်ဆိုင်သော အာရုံကြောများထိခိုက်ပျက်စီးခြင်း

- ခြေထောက်တွင်အနာနှင့် အသားမာများရှိခြင်း

- ခြေထောက်သို့သွားသော သွေးကြောများဆီသို့ သွေးလည်ပတ်မှုမကောင်းခြင်း

- အမြင်အာရုံထိခိုက်သူ၊ မကောင်းသူများ

- ဆီးချိုကြောင့် ခြေထောက်ဖြတ်ရဖူးသူများ 

- ကျောက်ကပ်ရောဂါရှိသူများ 

- သွေးပေါင်တက်သူများ (140/80 mmHg)


ခြေထောက်မှာ အနာမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

- ဆီးချိုကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ကုသမှုခံယူခြင်း၊ သင့်တော်သော လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာတွေစားခြင်း၊ သွေးတွင်းအချိုဓာတ်ကို ပုံမှန်စစ်ဆေးနေခြင်း တို့ကလည်း အရေးပါသည်။

- ခြေထောက်မှာအနာမဖြစ်စေရန်

- မိမိ၏ခြေထောက်ကို နေ့တိုင်းစစ်ဆေးကြည့်သင့်သည်။ ခြေထောက်မှာ အနာ၊ ပွန်းပဲ့၊ ပြတ်ရှ၊ ရောင်နေခြင်းတို့ကို ကြည့်ရမည်။ မိမိဘာသာကြည့်ရန် မလွယ်ကူပါက မှန်နှင့်ကြည့်ခြင်း၊ အခြားတစ်ယောက်ကို အကူအညီတောင်းခြင်းတို့ ပြုလုပ်နိုင်သည်။ 

- ခြေထောက်ကို နေ့တိုင်းဆေးကြောရမည်။ 

- ခြေထောက်တွင် အသားမာနှင့် အနာများရှိပါက မိမိဘာသာဖယ်ပစ်တာမျိုး မလုပ်သင့်ပါ။ ဆရာဝန်နဲ့ပြကာ သေချာကုသသင့်သည်။ 

- ခြေသည်းများကိုလည်း ဂရုစိုက်၍ညှပ်ပေးသင့်သည်။ 

- ခြေဗလာနှင့်လျှောက်မသွားပါနှင့်။

- မိမိခြေထောက်နှင့် အဆင်ပြေသော ဖိနပ်ကိုဝတ်ဆင်ပါ။

- အရမ်းပူသော နေရာများတွင် ခြေပလာဖြင့်နေခြင်း မလုပ်ပါနှင့်။

- ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ပါ။

- ခြေထောက်ကို ဆရာဝန်နဲ့ ပုံမှန်ပြသ၍ ကုသမှုခံယူပါ။ ဆွေးနွေးတိုင်ပင်ပါ။ 


Credit: Dr. That Naing



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18