Print

အဆုတ်ကင်ဆာဖြစ်နိုင်ခြေနှင့်ပတ်သက်သော အယူအဆအမှားများ

  29-Oct-2017
Preview Image

အယူအဆ (၁) 

- သင်ဆေးလိပ်သောက်တဲ့ နှစ်ပေါင်းကြာရှည်လွန်းတာကြောင့် အဆုတ်ကင်ဆာကို ကာကွယ်ဖို့ နောက်ကျနေပါပြီ။

အမှန် 

- ဆေးလိပ်ဖြတ်လိုက်တာက ချက်ချင်းအကျိုးကျေးဇူး ရရှိနိုင်ပါတယ်။ သွေးလှည့်ပတ်မှုတွေ ကောင်းမွန်နိုင်ပြီး အဆုတ်က ပိုမိုအလုပ်လုပ်နိုင်သွားပါတယ်။ အဆုတ်ကင်ဆာဖြစ်နိုင်ခြေကလည်း တဖြည်းဖြည်းကျဆင်းသွားပါတယ်။ ဆေးလိပ်ဖြတ်ပြီး ၁၀နှစ်အကြာမှာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေက ထက်ဝက်အထိ ကျဆင်းသွားတတ်ပါတယ်။


အယူအဆ (၂) 

- Light စီးကရက်တွေက ပုံမှန်စီးကရက်ထက် ပိုပြီးအန္တရာယ် ကင်းနိုင်ပါတယ်။

အမှန် 

- သူတို့ကလည်း အန္တရာယ်များတာပါပဲ။ ဒါ့အပြင် အဲဒီစီးကရက်တွေမှာ ပါ၀င်တဲ့ မင်သော်တွေက ပိုမိုအန္တရာယ်ရှိပြီး ဆေးလိပ်ဖြတ်ဖို့ ခက်ခဲနိုင်ပါတယ်။ မင်သော်ရဲ့ အေးတဲ့အရသာရှိတဲ့ feeling ကြောင့် ဆေးလိပ်ကို ပိုပြီးရှိုက်မိသွားတတ်ပါတယ်။


အယူအဆ (၃) 

- အိုးနဲ့ ဆေးလိပ်သောက်တာက အိုကေ နိုင်ပါတယ်။

အမှန် 

- မူးယစ်ဆေးဝါးပါတဲ့ ဆေးလိပ်တွေက အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို ပိုမို မြင့်မားစေတတ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေက စီးကရက်ကိုလည်း သောက်သုံးတတ်ကြပါတယ်။ သုတေသနပြုလုပ်ချက်အရ နှစ်မျိုးစလုံး ပြုလုပ်သူတွေက အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။


အယူအဆ (၄) 

- ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါ၀င်တဲ့ အားဖြည့်ဆေးတွေက အဆုတ်ကင်ဆာကို ကာကွယ်နိုင်ပါတယ်။

အမှန် 

- သုတေသနပြုလုပ်ချက်အရ ဘီတာကယ်ရိုတင်းအားဖြည့်ဆေးမှီဝဲတဲ့ဆေးလိပ်သောက်သူတွေက အဆုတ်ကင်ဆာဖြစ်နိုင်ခြေမြင့်မားတယ်လို့ မမျှော်လင့်ဘဲ တွေ့ရှိခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံက ရရှိတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက တော့ OKနိုင်ပါတယ်။


အယူအဆ (၅) 

- ဆေးပြင်းလိပ်နဲ့ ဆေးတံသောက်သူတွေက ပြဿနာမဖြစ်နိုင်ပါ။

အမှန်

- သူတို့ကလည်း စီးကရက်သောက်သုံးသူတွေလိုပါပဲ။ အဆုတ်၊ လည်ချောင်း၊ ခံတွင်းနဲ့ အစာမျိုပြွန်ကင်ဆာဖြစ်နိုင်ခြေများပါတယ်။ ဆေးပြင်းလိပ်သောက်သူတွေက နှလုံးရောဂါနဲ့ အဆုတ်ရောဂါဖြစ်နိုင်ခြေ ပိုလို့တောင်များပါသေးတယ်။


အယူအဆ (၆) 

- ဆေးလိပ်သောက်တာကသာ အဆုတ်ကင်ဆာဖြစ်နိုင်ပါတယ်။

အမှန် 

- ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာဖြစ်နိုင်ခြေ အမြင့်မားဆုံးဖြစ်ပေမယ့် ဒုတိယလိုက်တာက Radom ခေါ်တဲ့ အနံ့မရှိတဲ့ ဂက်စ်ငွေ့တွေ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားတွေမှာ ဟင်းချက်ဖို့အတွက် ဂက်စ်ငွေ့တွေကို မြေအောက်ကတစ်ဆင့် လွှတ်ပေးလေ့ရှိပါတယ်။ အဲဒီဂက်စ်တွေက ပေါက်သွားခဲ့ရင် အိမ်တွင်း တဖြည်းဖြည်း စိမ့်ဝင်လာရာကနေ ထိတွေ့မှုများပြီး အဆုတ်ကင်ဆာဖြစ်နိုင်တာပါ။


အယူအဆ (၇) 

- ကိုယ်လိမ်းပေါင်ဒါကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။

အမှန် 

- သုတေသနပြုလုပ်ချက်အရ အဆုတ်ကင်ဆာနဲ့ ကိုယ်လိမ်းပေါင်ဒါကြားမှာ ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။ ဖှီနိုင်းနဲ့ အဘက်စ်တို့စ်လိုမျိုး ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုများသူတွေကသာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေများပါတယ်။


အယူအဆ (၈) 

- သင့်မှာ အဆုတ်ကင်ဆာရှိနေရင် ဆေးလိပ်ဖြတ်တာက အသုံးမဝင်တော့ပါဘူး။

အမှန် 

- ဆေးလိပ်ဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် ကုသမှုက ပိုမိုထိရောက်နိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေ လျော့နည်းသွားတတ်ပါတယ်။ လေပြွန်ကင်ဆာအတွက် ဓာတ်ကင်ဖို့ လိုအပ်သူတွေက ဆေးလိပ်ဖြတ်လိုက်တာကြောင့် အသံအက်နိုင်ခြေ လျော့နည်းသွားပါတယ်။

ခွဲစိတ်မှုခံယူရမယ့်သူတွေကလည်း ဆေးလိပ်ဖြတ်တာကြောင့် အနာကျက်မြန်သွားနိုင်ပါတယ်။


အယူအဆ (၉) 

- လေ့ကျင့်ခန်းလုပ်တာက အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို အကျိုးသက်ရောက်မှု မရှိပါဘူး။

အမှန် 

- ပုံမှန်လေ့ကျင့်ခန်းလုပ်သူတွေက အဆုတ်ကင်ဆာဖြစ်နိုင်ခြေ နည်းတယ်လို့ လေ့လာမှုအရ သိရပါတယ်။


အယူအဆ (၁၀) 

- လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကင်ဆာမဖြစ်နိုင်ပါ။

အမှန် 

- ဆေးလိပ်သောက်တာကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေများသလို လေထုညစ်ညမ်းမှုကြောင့်လည်း ဖြစ်နိုင်ခြေများပါတယ်။ လေထုညစ်ညမ်းမှုရှိတဲ့ ကားအသွားအလာများတဲ့နေရာ၊ စက်မှုဇုန်နေရာတွေမှာနေသူတွေက လေထုသန့်စင်တဲ့ကျေးလက်တွေလိုမျိုးမှာနေသူတွေထက် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။


ဒေါက်တာခင်မိုးမိုး

Good Health Journal 651



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18