သားအိမ်ကင်ဆာကို ဘယ်လိုကုသမလဲ
04-Nov-2018တကယ်လို့သင့်မှာသားအိမ်ကင်ဆာရှိနေပြီဆိုရင်ဆရာဝန်ကကုသမှုနည်းလမ်းတွေကိုသင်နဲ့ဆွေးနွေးပါလိမ့်မယ်။သင့်ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီးသင်သေချာစဉ်းစားဖို့တော့အရေးကြီးပါတယ်။ကုသမှုတစ်ခုချင်းစီရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုလည်းနှိုင်းယှဉ်ပြီးစဉ်းစားသင့်ပါတယ်။
ခွဲစိတ်ကုသခြင်း
သားအိမ်ကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေအတွက်သားအိမ်ထုတ်ခြင်းခွဲစိတ်မှုလုပ်သင့်ပါတယ်။သူတို့အနေနဲ့သားအိမ်အပါအဝင်သားဥပြွန်တွေမျိုးဥအိမ်တွေပါထုတ်တဲ့ကုသမှုဖြစ်တဲ့ hysterectomy ကိုလုပ်ဆောင်ရပါမယ်။Hysterectomy ကြောင့်သင်အနာဂတ်မှာကလေးမယူနိုင်တော့ပါဘူး။ဒါ့အပြင်သားဥအိမ်တွေကိုလည်းဖယ်လိုက်တဲ့အတွက်သင်သွေးမဆုံးသေးတဲ့အရွယ်ဆိုရင်လည်း သွေးဆုံးသွားပါလိမ့်မယ်။
ခွဲစိတ်မှုအတွင်းမှာသင့်ဆရာဝန်ကသင့်သားအိမ်မှာကင်ာပြန့်နေတဲ့နေရာတွေကိုစစ်ဆေးပါမယ်။စစ်ဆေးမှုအတွက်ဆရာဝန်ကlymph nodes တွေကိုလည်းဖယ်ရှားချင်ဖယ်ရှားရပါလိမ့်မယ်။ဒါကသင့်ကင်ဆာအဆင့်ကိုသိနိုင်ပါတယ်။
ဓာတ်ကင်ခြင်း
ဓာတ်ကင်ခြင်းကစွမ်းအားမြင့်ဓာတ်ရောင်ခြည်တန်းတွေကိုအသုံးပြုပြီးကင်ဆာဆဲလ်တွေကိုသတ်တာပါ။တချို့အခြေအနေတွေမှာသင့်ဆရာဝန်ကသင်ခွဲစိတ်မှုပြီးနောက် နောက်ထပ်ကင်ဆာထပ်မဖြစ်အောင်ဓာတ်ကင်ခိုင်းပါလိမ့်မယ်။တချို့အခြေအနေတွေမှာကျတော့ခွဲစိတ်မှုမပြုလုပ်ခင်ဓာတ်ကင်စေပြီးအကြိတ်ကိုကျုံ့သွားအောင်ဖယ်ရှားရလွယ်ကူအောင်လုပ်ပါတယ်။
တကယ်လို့သင်ကခွဲစိတ်မှုလုပ်ဖို့ထိမကျန်းမာဘူးဆိုရင်ဓာတ်ကင်ခြင်းတစ်ခုဘဲလုပ်နိုင်ပါတယ်။သာအိမ်ကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေမှာဓာတ်ကင်ခြင်းကကင်ဆာကြောင့်ဖြစ်တဲ့နာကျင်မှုတွေကိုလည်းသက်သာစေပါတယ်။
ဓာတ်ကင်ခြင်းမှာနှစ်မျိုးရှိပါတယ်။
• သင့်ကိုယ်အပြင်ဘက်မှာစက်နဲ့ဓာတ်ကင်ခြင်း၊ဒီဓာတ်ကင်ခြင်းမှာသင်ကခွဲခန်းသုံးခုတင်ပေါ်လှဲအိပ်နေပြီးဓာတ်ရောင်ခြည်စက်ကသင့်ကိုယ်ကကင်ဆာဖြစ်နေတဲ့နေရာကိုချိန်ပြီးဓာတ်ရောင်ခြည်ပစ်ပါလိမ့်မယ်။
• ကိုယ်တွင်းဓာတ်ကင်ခြင်း၊ဒီဓာတ်ကင်ခြင်းမှာ ရေဒီယိုသတိကြွနေတဲ့အရာတွေ၊ဥပမာ – အစေ့သေးသေးလေးတွေ၊ဝိုင်ယာတွေ၊ကိုသင့်မိန်းမကိုယ်ထဲမှာ အချိန်အနည်းငယ်ကြာအောင်ခဏထည့်ထားပါလိမ့်မယ်။
ဟော်မုန်းကုသမှု
ဟော်မုန်းကုသမှုမှာသင့်ကိုယ်ထဲက ဟော်မုန်းတွေကိုသက်ရောက်မှုရှိစေဖို့ ဆေးတွေသောက်ရပါတယ်။သင့်သားအိမ်ကင်ဆာကသားအိမ်အပြင်ထိပြန့်နေပြီဆိုရင်တော့ ဟော်မုန်းကုသမှုကိုရွေးနိုင်ပါတယ်။ရွေးချယ်စရာတွေကတော့
• သင့်သွေးထဲက Progesterone ကိုမြင့်စေတဲ့ဆေးများ။ Progesterone ဟော်မုန်းရဲ့အသွင်တစ်မျိုးဖြစ်တဲ့ Synthetic progestin ကသားအိမ်ကင်ဆာဆဲလ်တွေကြီးထွားမှုရပ်စေပါတယ်။
• သင့်သွေးထဲကEstrogen လျှော့ချတဲ့ဆေးများ။ဟော်မုန်းကုသနည်းဆေးတွေကသင့်သွေးထဲက estrogen ပမာဏကိုလျှော့ချပေးခြင်းဒါမှမဟုတ်သင့်ကိုယ်က estrogen တွေကိုအသုံးပြုရခက်ခဲအောင်လုပ်ခြင်းတို့လုပ်နိုင်ပါတယ်။ကြီးထွားဖို့ estrogen ကိုမှီခိုရတဲ့ကင်ဆာဆဲလ်တွေကဒီဆေးတွေကြောင့် သေနိုင်ပါတယ်။
ဓာတုကုထုံး
Chemotherapy ကကင်ဆာဆဲလ်တွေကိုသတ်ဖို့ဓာတုဆေးတွေကိုသုံးပါတယ်။သင့်အနေနဲ့ chemotherapy ဆေးတစ်မျိုးရမယ်ဒါမှမဟုတ်နှစ်မျိုးကနေတခြားဆေးတွေအထိပါ ပေါင်းစပ်ပြီးရရှိပါမယ်။သောက်ဆေးဒါမှမဟုတ်အကြောဆေးအနေနဲ့ပေးပါမယ်။ဒီနည်းကကင်ဆာပြန်ဖြစ်လာပြီးသားအိမ်အပြင်ဘက်ထိပြန့်နေတဲ့အမျိုးသမီးတွေအတွက်သုံးပါတယ်။ဒီဆေးတွေကသင့်သွေးတွေကတစ်ဆင့်ကိုယ်ထဲရောက်ပြီးကင်ဆာဆဲလ်တွေကိုသတ်တာပါ။
Credit : Hello Health Group