ဆီးချိုသွေးချိုအတွက် သိသင့်သည်များ
07-Mar-2019ဆီးချိုက ကုသရေးထက်ကာကွယ်ရေး အရေးကြီးတယ်။
အနေအထိုင်
ပထမဆုံးတစ်ခုက
ကိုယ်ရဲ့အနေအထိုင်ပေါ့။ အဓိကကတော့ နှစ်ချက်ပဲရှိတယ်။ အိပ်ရေးဝအောင် ဘယ်လောက်အိပ်မှာလဲ။
သောကကို ဘယ်လောက်လျှော့နိုင်မလဲဆိုတဲ့ နှစ်ချက်ပဲ။ ဆီးချို သွေးချိုရှိတဲ့ လူတစ်ယောက်က
ဘယ်လောက်ပဲဆေးကုကု အိပ်ရေးမဝရင် သူ့ရဲ့ရောဂါက ဆေးမတိုးဘူး။ ဆေးက ရောဂါကိုမနိုင်ဘူး။
ဒီဟာက ဆရာဝန်က လုပ်ပေးလို့ရတဲ့ ကိစ္စမဟုတ်ဘူး။
ဆောင်ရန်ရှောင်ရန်
အမျိုးသားများ
ဆေးလိပ်၊ အရက်၊ ကွမ်း၊ အိပ်ဆေး၊ မူးယစ်ဆေးတွေကို ရှောင်ရမယ်။ ဆောင်ရမှာတွေကတော့ လေ့ကျင့်ခန်းလုပ်ရမယ်၊
လှုပ်လှုပ်ရှားရှား လုပ်နေသင့်တယ်။ တရားဓမ္မဆွေးနွေးရင်လည်း သောကကင်တယ်၊ နေ့စဉ်မြင်တွေ့နေတဲ့
ပတ်ဝန်းကျင်ကိုပြောင်းပြီး အေးချမ်းတဲ့ နေရာလေးမှာနေတယ် စသဖြင့် ဒါလေးတွေကို လုပ်သင့်တယ်။
လူတွေက
ပြောရင် ဆီးချိုသွေးချိုလို့ဆိုပြီး ဆီးချိုဆိုတဲ့စကားလုံးကို အရှေ့မှာထားပြောတယ်။
အမှန်က သွေးချိုကိုအရင် ပြောရမှာ သွေးချိုဟာ သကြားဓာတ် ၁၈၀ မီလီဂရမ် လောက်ဖြစ်လာပြီဆိုမှ
ဆီးထဲကို ဝင်သွာတာ၊ ဆီးချိုသွေးချိုဖြစ်တဲ့သူတွေက ၃၀၀ မီလီဂရမ်လောက် တက်သွားတယ်။ ဆေးကိုသောက်လိုက်တယ်။
ဒီဆေးက အမြင့်ဆုံးဖြစ်တဲ့ သွေးချိုကိုပဲ ချပေးရတာ၊ ထမင်းစားပြီးတဲ့အချိန်မှာ သကြားဓာတ်
အမြင့်ဆုံးတက်သွားတာကို ဟန့်တားနိုင်ဖို့ တစ်ခုခုလုပ်နိုင်ခဲ့ရင် သကြားဓာတ်က ၃၀၀ မဖြစ်ဘဲနဲ့
၂၅၀၊ ၂၀၀ ဖြစ်သွားရင် ပိုအဆင်ပြေတဲ့ သဘောပါ။ ဒါကြောင့်ပြောချင်တာက လူတွေဟာ အစာစားပြီးတဲ့
အချိန်မှာ လှုပ်ရှားမှုတစ်ခုခုလုပ်တာဟာ မလုပ်တာထက်ပိုပြီး အကျိုးရှိတယ်။ အမြင့်ဆုံးမဖြစ်အောင်
တားနိုင်တဲ့အခါမှာ သောက်တဲ့ဆေးရဲ့ အာနိသင်ကိုလည်း ပိုကောင်းစေတယ်။
ကိုယ်လက်လှုပ်ရှားမှု
လမ်းလျှောက်လေ့ကျင့်ခန်းလုပ်တဲ့
နေရာမှာလည်း မနက်အစောကြီး ဘာမှမစားရသေးခင် လမ်းလျှောက်တာက နေ့ခင်းထမင်းစားပြီး တက်လာတဲ့
သွေးတွင်းသကြားဓာတ်ကို မထိန်းပေးဘူး၊ မနက်လမ်းလျှောက်တာဟာ ကျန်းမာရေးအတွက် ကောင်းပေမယ့်
သွေးချိုအတွက် မထိန်းပေးဘူး။ ထမင်းစားလို့ သကြားဓာတ်တွေ မြင့်တက်လာတာဖြစ်တဲ့အတွက် စားပြီးလို့
လမ်းလျှောက်တာက သကြားဓာတ်ကို ထိန်းပေးတယ်။ အစာစားပြီးရင် သကြားဓာတ်က တက်လာတယ်ဆိုပေမယ့်
အဲ့ဒါကို ပုံသေမှတ်ထားလို့လည်း မရပြန်ဘူး။ ခန္ဓာကိုယ်က ပိုနေတဲ့အဆီတွေက အသည်း၊ ကျောကုန်း
နောက်ဘက်နဲ့ ဗိုက်သားနေရာတွေမှာ စုတယ်။ အစားမစားတဲ့အခါ အဲ့ဒီရှိပြီးသား အဆီတွေက စွမ်းအင်အဖြစ်ပြန်ပြောင်းတယ်။
ဒါကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးချိုဓာတ်ထွက်လာစေတဲ့ ရင်းမြစ်နှစ်ခုရှိတယ်။ ပါးစပ်ကနေစားတဲ့
ရင်းမြစ်က ထိန်းလို့ရတယ်။ အစားနည်းနည်း လျော့ရင်နည်းနည်း သကြားဓာတ်က လျော့သွားမယ်၊
နောက်ထပ်ရင်းမြစ်တစ်ခုက ခန္ဓာကိုယ်တွင်းကရှိနေတဲ့ အဆီတွေကို စွမ်းအင်အဖြစ်ပြန်ပြောင်းတယ်။
လူတိုင်းမှာ ဒီလိုမျိုးဖြစ်တာမဟုတ်ဘူး၊ ဆီးချိုသွေးချိုရှိတဲ့ လူတွေမှာ ဒီလိုစွမ်းအင်အဖြစ်
ပြန်ပြောင်းတာက ပိုအားသန်တယ်။ အဲ့ဒါကြောင့် ပါးစပ်က မစားလည်း ခန္ဓာကိုယ်ထဲမှာ သူ့ဘာသာသူ
ဖြစ်စဉ်တွေ ဖြစ်နေတဲ့အတွက် သကြားဓာတ်ကို မထိန်းနိုင်ဘူး။ အဲ့ဒါကို ဆေးနဲ့ထိန်းရင်ထိန်း၊
မထိန်းရင် ခုနကပြောသလို ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ပြီးတော့ ထိန်းရမယ်။
Gluconeogenesis ဆိုတာက ဂလူးကိုစ့် အသစ်ထုတ်ဖော်ခြင်းလို့ ခေါ်တယ်။ အဲ့ဒီသကြားဓာတ်တွေက
ထိန်းလို့မရဘူး။ တစ်မိနစ်မှာ တစ်ဂရမ် ပြောင်းတာလည်းရှိတယ်။ ၂ ဂရမ်၊ ၃ ဂရမ် ပြောင်းတာရှိတယ်။
အခြေအနေပေါ်မူတည်ပြီး ၅ ဂရမ်လောက် ပြောင်းတာလည်းရှိတယ်။ အဲ့ဒီအခါ ဆေးနဲ့လည်း ထိန်းလို့သိပ်မရဘူး။
လုပ်လို့ရတာကတော့ လေ့ကျင့်ခန်းလုပ်ပြီးတော့လဲ လျှော့ချလို့ရမယ်။ ဆေးနဲ့ကတော့ ရည်ရှည်အတွက်
အဆင်မပြေဘူး။ ဆေးဆိုတာမျိုးက ကြာလာရင်ယဉ်ပါးတာတွေ ဖြစ်တယ်။ ယဉ်ပါးသွားရင် ဆေးမနိုင်တော့ဘူး။
ဆီးချိုသွေးချိုနဲ့ ပတ်သက်ပြီး လိုက်နာသင့်သည်များ
ရောဂါကုသရင်
လက်ခံနိုင်ရမယ်၊ ရောဂါရှိနေတယ် ဆိုတာကိုလည်း လက်ခံရမယ်၊ ရောဂါကို ကုသနိုင်တဲ့နည်းတွေ
ရှိတယ်ဆိုတာကိုလည်း လက်ခံနိုင်ရမယ်၊ လိုအပ်တာတွေကို သေချာလိုက်နာမယ်ဆိုပြီးတော့လည်း ခံယူချက်ရှိရမယ်။
ဆရာဝန်ပြောတဲ့အတိုင်း သေချာလိုက်တာမယ်ဆိုရင် ရောဂါက ပျောက်ဖို့များတယ်။
ရာသီစာတွေကို
အကုန်လုံးက စားချင်ကြတယ်၊ စားမယ်ဆိုရင်တော့ မျှတတဲ့ အစားအစာဖြစ်ဖို့ ကိုယ့်ဘာသာချင့်ချိန်ရမယ်။
ဥပမာ ထမင်းနဲ့ သရက်သီးတွဲစားမယ်ဆိုရင် ကစီဓာတ်ကြောင့် သွေးချိုဆီးချိုက တက်တာဖြစ်တဲ့အတွက်
ထမင်းကို လျော့စား ဒီလိုမျိုး လုပ်သင့်တယ်။ အဲ့ဒါမှ Balance ဖြစ်ပြီးတော့ ထိန်းလို့ရမှာ၊
Food paramid လို့ပြောတဲ့ အသားကဘယ်လောက်၊ အသီးအရွက်က ဘယ်လောက်ဆိုပြီး အချိန်အဆနဲ့ စားရင်လည်း
အဆင်မပြေဘူး။ လက်တွေ့ကျကျနဲ့ပဲ ကိုယ်စားနိုင်တဲ့ အနေအထားကို ပန်းကန်ထဲထည့်လိုက် ပြီးရင်
တစ်ဝက်ပဲစား၊ ကျန်တဲ့တစ်ဝက်က လုံးဝမစားမိအောင် ပြတ်သားရမယ်။ ဒီလိုတစ်ဝက်နဲ့ စပြီးတော့ရအောင်
လုပ်ရမယ်။ ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်ရင် ဆီးချိုသွေးချိုတက်လို့ ဆရာဝန်ဆီ ပြေးရတယ်
ဆိုတာမျိုးမရှိဘူး။
ဆေးရုံဆေးခန်းတွေမှာလာပြတဲ့
လူတွေက တစ်ရာခိုင်နှုန်းလောက်ပဲရှိတယ်။ တကယ့်လူထုကြားထဲမှာက ဝေဒနာရှင်တွေ အများကြီးရှိတယ်။
နောက်ဆုံးတော့ ဆီးချိုသွေးချိုကြောင့် ခြေထောက်တွေ လက်တွေဖြတ်လိုက်ရတာကိုပဲ လူမြင်တာ
ပိုက်ဆံတွေသောက်သောက်လဲ ကုန်နေတာ၊ ကျောက်ကပ်ခဏခဏဆေး နေရတာတွေက ကြောက်ခမန်းလိလိ ပိုက်ဆံတွေကုန်နေတာ။
ဒီနိုင်ငံတစ်ခုတည်းမှာမှ မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ ဆီးချိုသွေးချိုနဲ့ ကုန်ကျတဲ့ငွေက
အမြင့်ဆုံးပဲ။ ရောဂါဖြစ်နိုင်ခြေ ရှိမရှိကို သွေးဖောက်စစ်ပြီး သုံးခါဖောက်လိုက်လို့
သုံးကြိမ်လုံး ရှိနေတယ်ဆိုရင် ရောဂါရှိတယ်လို့ သတ်မှတ်တယ်။ အဲဒါကြောင့် အခြေခံအကျဆုံးကတော့
ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်နားလည်အောင် ကြိုးစားမလဲ၊ နောက်တစ်ခု အယူအဆမှားနေတာက ဆေးအားကိုးပြီး
စားချင်တာစားတယ်။ တကယ်ထိန်းနိုင်မယ့်ဟာကို မလုပ်ဘဲနဲ့ မသေချာတဲ့ဆေးနဲ့ ထိန်းမယ်ဆိုတာမျိုးကိုတွေးပြီး
လုပ်ချင်တာ လုပ်နေတာ။
နောက်တစ်ခုသတိထားရမှာက
အလကားရနေတဲ့လေကို လူတွေမရှူတတ်ကြဘူး။ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးတဲ့အခါမှာ ဆရာတို့ကအမြဲ
အဆုတ်ကိုစစ်တယ်။ လေဘယ်လောက်ဝင်လဲဆိုတာကို နားထောင်တဲ့အခါ လူ ၁၀၀ မှာ ၇၀ လောက်က လေမဝင်ဘူး။
အဆုတ်ထဲကို လေဝင်အောင်မရှူကြတာ၊ လေမဝင်တော့ အောက်ဆီဂျင်ကောင်းကောင်း မရဘူး၊ အောက်ဆီဂျင်မရတော့
အကြောတက်မယ်၊ ဒူးနာမယ်ဆိုတာတွေ ဖြစ်ကုန်ရော၊ အဲ့ဒါကြောင့် လေဝအောင်ရှူပါ။ အောက်ဆီဂျင်ပြည့်လို့
ကိုယ်ခံအားကောင်းနေရင် ဘာရောဂါမှ မဝင်နိုင်ပါဘူးလို့ပဲ ပြောချင်တယ်။