Print

Depo ထိုးဆေးတွေ ထိုးနေပါသလား။ ဘယ်လိုအားသာချက်တွေရှိပါသလဲ

  24-Feb-2017
Preview Image

Depo ထိုးဆေးတွေဟာ သောက်ဆေးပုံမှန်သောက်ဖို့ အခက်အခဲရှိသူတွေအတွက် အဆင်ပြေတဲ့ ထိုးဆေးဖြစ်ပါတယ်။ ၁၂ ပတ် တစ်ကြိမ် ( ၃ပတ်တစ်ကြိမ် ) ပုံမှန်ထိုးဖို့လိုပါတယ်။ Depo ထိုးဆေးဟာ Failure rate (ကိုယ်ဝန်ရရှိနိုင်ခြေ) နည်းပြီး အကုန်အကျသက်သာတဲ့ သားဆက်ခြားဆေး တစ်မျိုးဖြစ်တဲ့အပြင် ရာသီလာစဉ်ကိုက်ခဲခြင်းကိုလည်း သက်သာစေပါတယ်။

 

Depo ထိုးဆေးတွေ ထိုးနေပါတယ်။ ဘယ်လို အားနည်းချက်ရှိပါသလဲ။
Depo ခန္ဓာကိုယ်အတွင်းရှိ Estrogen ဟော်မုန်းပမာဏကို လျော့ချစေပြီး အရိုးရဲ့ သိပ်သည်းဆကို လျော့ကျစေပါတယ်။ (အရိုးပွစေနိုင်တယ်) ကိုယ်အလေးချိန် တက်စေတယ်။ (တစ်နှစ်မှ ၅ ပေါင်ကျော်လောက် တိုးစေတယ်) ရာသီသွေးက မူမမှန်ဖြစ်လာတယ်။ (များသောအားဖြင့် ရာသီမဆင်းတော့ဘဲ ပျောက်နေတတ်တယ်) ဆေးဖြတ်ပြီးသွားရင် ကလေးရဖို့ ကြန့်ကြာနေတတ်တယ်။ (ဆေးဖြတ်ပြီးနောက်ကို ၆ လလောက် ကြာနိုင်ပါတယ်)။

 

Healthcare.com.mm

Ref:
ဒေါက်တာငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18