Print

ကွန်ဒုံးမသုံးဘဲ အပျော်အပါးလိုက်စားမိလျှင်

  24-Feb-2017
Preview Image

တစ်ကြိမ်တစ်ခါ အသိတရား ကင်းလွတ်သွားတာနဲ့ သင့်ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်ရောက် သွားနိုင်ပါတယ်။တကယ်လို့ သင်ဟာ အပျော်အပါးလိုက်စားရင် အကာအကွယ်ကွန်ဒုံးကို မသုံးဘူးဆိုရင်ပေါ့။ “တစ်ခါတည်းပါ” ဆိုတဲ့အမှားကြောင့်ဖြစ်တတ်တဲ့ ရောဂါပိုးတွေကတော့ အများကြီး ရှိပါတယ်။

 

ကလိုင်မိုင်ဒီးယား ကာလသားရောဂါ
ကုသလို့ရတဲ့ ဘက်တီးရီးယားပိုး ကူးစက်မှုပါ။ မကုသဘဲ နေရင်တော့ ဘဝအဖော်ထံ ကူးစက် နိုင်ပါတယ်။

 

ကာကွယ်မှု
- ကွန်ဒုံးသုံးပါ
- တစ်လင် တစ်မယားစနစ် ကျင့်သုံးတာက အကောင်းဆုံး ကာကွယ်မှုပါ။
- အပျော်အပါး လိုက်စားမိရင် နှစ်စဉ်ရောဂါစစ်ဆေးပါ။

 

ရောဂါလက္ခဏာ
- ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်ခြင်း
- ဆီးနဲ့သုက်ရည် မဟုတ်တဲ့ ပုံမမှန်အရည်ထွက်ခြင်း
- မကုသဘဲနေရင် နာကျင်မှု၊ ဖျားခြင်းစတာတွေ ခံစားရတတ်ပါတယ်။

 

ကုသမှု
- ပဋိဇီဝပိုးသတ်ဆေးသောက်ဆေး

 

ဂနိုဆီးပူညောင်းကျရောဂါ
ဂနိုပိုးကြောင့် ဖြစ်ပြီး ရောဂါကို အလွယ်တကူ ကုသ နိုင်ပါတယ်။

 

ကာကွယ်မှု
- ကွန်ဒုံးသုံးပါ (ဂနိုပိုးဟာ သုက်ရည်နဲ့ မိန်းမကိုယ်က ထွက်တဲ့ အရည်က တစ်ဆင့် အဓိက ကူးစက် နိုင်ပါတယ်)
- ရောဂါမဖြစ်အောင် တစ်လင်တစ်မယားစနစ် ကျင့်သုံးပါ။

 

ရောဂါလက္ခဏာ
- ရောဂါပိုး ကူးစက် ခံရပြီး ၁ဝ ရက်အတွင်း ရောဂါ ဖြစ်နိုင်ပါတယ်။
- ဆီးပြွန်ချောင်း တစ်ဝိုက် နီရဲပြီး ပုံမမှန် အရည်ထွက် တတ်ပါတယ်။
- မကြာခဏ ဆီးသွားတတ်ပါတယ်။
- ဆီးသွားရင်း နာကျင်မှုနဲ့ မသက်မသာ ဖြစ်မှုတို့ ခံစားရ တတ်ပါတယ်။

 

ကုသမှု
--------
- ပဋိဇီဝ ပိုးသတ်ဆေး သောက်ဆေး

 

ဆစ်ဖလစ်ကာလသားရောဂါ
- ဆစ်ဖလစ် ကာလသား ရောဂါဟာလည်း ဘက်တီးရီးယား ပိုးကြောင့် ဖြစ်တာပါ။

 

ကာကွယ်မှု
- ဆစ်ဖလစ် ပိုးဟာ ကွန်ဒုံး သုံးရင်တောင် အပြည့်အဝ ကာကွယ်မှု မပေးနိုင်ပါ။
- တစ်လင် တစ်မယား စနစ် ကျင့်သုံးတာက အကောင်းဆုံး ကာကွယ်မှုပါ။

 

ရောဂါလက္ခဏာ
- ပိုးဝင်တဲ့နေရာမှာ အနာဖြစ်ခြင်း
- ပြင်းထန်လာပါက လက်၊ ခြေထောက်မှာ အရေပြား အနီကွက်ဖြစ်ခြင်း
- ပါးစပ်ထဲအနာအဖြူကွက်ပေါက်ခြင်း
- လက်ဖဝါး၊ ခြေဖဝါးမှာ အနီစက်ပေါ်ခြင်း
- ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာစားချင်စိတ် နည်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း

 

ကုသမှု
- ပင်နီဆီလင် 

 

ရေယုန်
- ရေယုန်ကတော့ ရေယုန်ဗိုင်းရပ်စ်ပိုး(Herpes Simplex Virus)ကြောင့် ဖြစ်တာပါ။

 

ကာကွယ်မှု
- ကွန်ဒုံးသုံးရင် ကူးစက်မှု လျော့နည်းပေမယ့် အရေပြားချင်း ထိတွေ့မှုကြောင့်လည်း ရေယုန် ကူးတတ်ပါတယ်။
- တစ်လင် တစ်မယား စနစ်ကျင့်သုံးပါ။

 

ရောဂါလက္ခဏာ
- ဗိုင်းရပ်စ်ပိုးဝင်ပြီး နှစ်ပတ် အတွင်း ဖြစ်လေ့ရှိပါတယ်။
- လိင်အင်္ဂါ တစ်လျှောက် ယားယံခြင်း၊ ပူစပ်ခြင်း၊ နာကျင်ခြင်းခံစားရကာ အရည်ကြည်ဖု အသေးတွေ ပေါက်လေ့ ရှိပါတယ်။
- ရေယုန်ကို ဆီးနဲ့ထိတွေ့မိရင် နာကျင်တတ်ပါတယ်။
- ခေါင်းကိုက်ခြင်း၊ ဖျားခြင်း ခံစားရတတ်ပါတယ်။

 

ကုသမှု
- ဗိုင်းရပ်တားဆေး

 

HIV
Human Immunodeficiency ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး လူ့ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို အားနည်း စေပါတယ်။

 

ကာကွယ်မှု
- လိင်ဆက်ဆံမှုနဲ့ Oral Sex အတွက် ကွန်ဒုံးသုံးပါ။
- တစ်လင် တစ်မယား စနစ် ကျင့်သုံးတာက အထိရောက်ဆုံး ကာကွယ်မှုပါ။

 

ရောဂါလက္ခဏာ
- အစောပိုင်း အဆင့်မှာ တုပ်ကွေးလို ဖျားနာမှု ခံစားရခြင်း
- CD4 ဆဲလ်ပမာဏဟာ ပုံမှန်အောက် ကျသွားတဲ့အခါ သားငံရည်ကျိတ် ရောင်ရမ်းခြင်း၊ အရေပြား ပြဿနာနဲ့ ပါးစပ် အနာပေါက်ခြင်းတို့ ဖြစ်ပေါ် တတ်ပါတယ်။
- CD4 ဆဲလ် ထပ်မံ ကျသွားတဲ့အခါ ရေယုန်နဲ့ ခါးပတ်ရေယုန်လို အရေပြားပြဿနာ ဖြစ်လာ တတ်ပါတယ်။
- CD4 ဆဲလ် အလွန်အမင်း ကျသွားတဲ့အခါ AIDS ရောဂါ ဖြစ်သွားပါတယ်။

 

ကုသမှု
- HAART (Highly active antiretroviral therapy)

 

Healthcare.com.mm

Ref: Good Health


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18