Print

ဘယ်လိုသားဆက်ခြားနည်းလမ်းတွေကစိတ်ချရသလဲ

  24-Feb-2017
Preview Image

သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုနေပေမဲ့ ကိုယ်ဝန်ဆောင်သွားတာကို တွေ့ဖူးပါတယ်။ ဘယ်လို သားဆက်ခြားနည်းလမ်းတွေက စိတ်ချရသလဲ။၁၀၀ ရာခိုင်နှုန်းအပြည့်စိတ်ချရတဲ့ သားဆက်ခြားနည်းရယ်လို့တော့ မရှိပါဘူး။ နည်းမှန်လမ်းမှန် အသုံးပြုနေပေမယ့် အနည်းနဲ့အများတော့ ကိုယ်ဝန်ရနိုင်ချေ ရှိပါတယ်။

 

၃ လခံထိုးဆေး Depo-provera ကို သုံးနေတဲ့ အမျိုးသမီး ၁၀၀ မှာ ၀.၁ ယောက်ကနေ ၂ ယောက်ဟာ တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေ ရှိပါတယ်။ ဟော်မုန်း ၂ မျိုးပါတဲ့ သောက်ဆေးကို သုံးနေတဲ့ အမျိုးသမီး ၁၀၀ ယောက်မှာ ၀.၁ ယောက်ကနေ ၁ ယောက်ဟာ တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေ ရှိပါတယ်။ လက်မောင်းထဲ ပစ္စည်းထည့်တဲ့ သားဆက်ခြားတဲ့ (Implanon သုံးတဲ့) အမျိုးသမီး ၁၀၀၀ မှာ ၁ ယောက်က တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။ သားအိမ်ထဲ ပစ္စည်းထည့်ပြီး ကိုယ်ဝန်တားနေတဲ့ အမျိုးသမီး ၁၀၀ မှာ ၁ ယောက်ကနေ ၂ ယောက်ဟာ တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေ ရှိပါတယ်။

 

သာကြောဖြတ်တဲ့ အမျိုးသမီး ၁၀၀ မှာ ၀.၁၃ ယောက်ဟာ တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ပါတယ်။ (သားကြောဖြတ်ထားတဲ့ အမျိုးသမီး ၁၀၀၀၀ မှာ ၁၃ ယောက်ဟာ တစ်နှစ်အတွင် ကိုယ်ဝန်ရရှိနိုင်ပါတယ်) အမျိုးသားရဲ့ သုက်ကောင်လွတ်တဲ့အကြော (သားကြော ဖြတ်ထားတဲ့ စုံတွဲတွေမှာဆိုရင် အမျိုးသမီး ၁၀၀၀၀ မှာ ၂ ယောက်ဟာ တစ်နှစ်အတွင်း ကိုယ်ဝန်ရရှိနိုင်ပါတယ်။ အထက်ပါပြောပြခဲ့တဲ့ ကိုယ်ဥန်ရနိုင်ခြေ (Failure rate) ကို ကြည့်ပြီး ဘယ်နည်းလမ်းက ပိုပြီးစိတ်ချရနိုင်တယ်ဆိုတာ မိမိကိုယ်တိုင် တွက်ချက်ကြည့်နိုင် ပါတယ်။ 

 

Healthcare.com.mm

Ref:
ဒေါက်တာငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက်သိထားသင့်သောအဖြေများ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18