Print

လိင်အင်္ဂါများ၌ ကြွက်နို့ (အဖု) များရှိခြင်း

  24-Feb-2017
Preview Image

ကြွက်နို့များသည် Human Papilloma Virus ပိုး (HPV) ကြောင့်ဖြစ်သည်။ လိင်အင်္ဂါများ၌ ကြွက်နို့ များ မသိဘဲ ရှိနေတတ်သည်။ အထူးသဖြင့် မွေးလမ်းကြောင်း အတွင်း (သို့) ယောကျင်္ားလိင်တံ ထိပ်အတွင်း ဘက်တွင် ရှိနေပါက မသိနိုင်ပါ။ ၎င်းတို့သည်ကုသမှုမရှိဘဲ ပျောက်ကင်းတတ်သော်လည်း အလွန်ကြာတတ်သည်။

 

လက္ခဏာများ
• ယားခြင်း။
• မျက်နှာပြင်ကြမ်း၍ သေးငယ်ပြီး နာကျင်ခြင်း မရှိသော ဖြူညိုရောင် အဖုများရှိခြင်း။
• အမျိုးသမီးများတွင် ၎င်းအဖုများသည် မိန်းမကိုယ်ရှိ ခေါက်ရာများ၊ မွေးလမ်းကြောင်းအတွင်းနှင့် စအိုအနီးတဝိုက်တွင် ပေါက်တတ်သည်။
• ယောကျင်္ားများတွင် လိင်တံပေါ်၊ ဝှေးစေ့အိတ်ပေါ် (သို့) စအိုဝအနီး တွင်ပေါက်တတ်သည်။

 

အရေးကြီးသော အချက်
ကြီး၍ပြားပြီး စိုစွတ်ကာ ကြွက်နို့နှင့်တူသော အနာသည် Syphilis ရောဂါလက္ခဏာ ဖြစ်တတ်သည်။ ၎င်းရောဂါအတွက် စစ်ဆေးကြည့်ပါ။ အောက်ပါကုသမှုကိိုု ထိုရောဂါ အတွက်အသံုးမပြုပါနှင့်။

 

ကုသမှု
၁၊ ကြွက်နို့တစ်ခုစီ၏ ပတ်လည်အရေပြားကို ကာကွယ်ရန်ရေနံ gel (သို့) အခြားအဆီဓါတ်ပါသော Ointment ဆေးကိုလိမ်းပေးပါ။

 

၂၊ သေးငယ်သော တုတ်ချောင်း (သို့) သွားကြားထိုးတံဖြင့် Trichloroacetic အက်စစ် (TCA) အနည်းငယ် ကို ကြွက်နို့များ ဖြူလာသည်အထိ သတိထား၍ တို့ပေးပါ။(သို့မဟုတ်) Podophyllin ၂၀% ဆေးကို ၎င်းနည်းအတိုင်း ကြွက်နို့ညိုလာသည်အထိ တို့ပေးပါ။ Podophyllin အားထည့်ပြီး ၆ နာရီကြာတင် ဆေးကြောပစ်ရမည်။ ကိုယ်ဝန်ဆောင်စဉ်တွင် Podophyllin ကိုမသုံးပါနှင့်။ ဆေးကုသမှု ထိရောက်ခြင်းရှိပါက ကြွက်နို့များ အနာဖြစ်လာလိမ့်မည်။ အနာကို သန့်ရှင်းခြောက်သွေ့စွာ ထားပါ။


ပျောက်ကင်းသည်အထိ လိင်ဆက်ဆံမှု မပြုလုပ်ရန် ကြိုးစားပါ။ တစ်ပတ်၊ နှစ်ပတ်အတွင်း အနာကျက်လာလိမ့် မည်။၊ အနာပိုးမဝင်အောင် သတိထားပါ။ မည်သည့်နည်းကို သုံးသည်ဖြစ်စေ၊ ကြွက်နို့များအားလုံး ပျောက်ကင်းသွားရန် ကုသမှုအကြိမ်ကြိမ် လိုအပ်သည်။ တစ်ပတ်အကြာတွင် နောက်တစ်ကြိမ်ထပ်၍ ကုသနိုင်သည်။ ကြွက်နို့နေရာဟောင်းရှိ အနာပေါ်တွင် အက်စစ်မထိမိအောင် သတိထားပါ။ အကယ်၍ အနာရင်းနေပါက နောက်တစ်ကြိမ်ဆေးမကုသမီ ကြာကြာစောင့်လိုက်ပါ။

 

သင်နှင့်လိင်ဆက်ဆံဖော်၌ ကြွက်နို့များ ပျောက်ကင်းသွားသည်အထိ လိင်ဆက်ဆံရာတွင် အကာအကွယ် (ကွန်ဒုံး) သုံးသင့်သည်။ကိုယ်ဝန်ဆောင်နေစဉ် ကြွက်နို့များ လျင်မြန်စွာကြီးလာတတ်သည်။ ကြွက်နို့ များစွာရှိနေပါက ကလေးမွေးဖွားရာတွင် ပြဿနာရှိနိုင်သည်။ ကျန်းမာရေးလုပ်သားနှင့်တိုင်ပင်ဆွေးနွေးပါ။

 

အရေးကြီးသောအချက် -
လိင်အင်္ဂါ ကြွက်နိိုု့မျာရှိခြင်းသည် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ရန် ပို၍ အခွင့်များလာပါသည်။ အကယ်၍ လိင်အင်္ဂါ ကြွက်နိိုု့များရှိခဲဲ့့ပါက Pap Smear စစ်ဆေးခြင်းကို၁ နှှစ် (သို့) ၂ နှှစ် တစ်ကြိမ်ပြုလုပ်ပေးပါ။

 

Healthcare.com.mm

Ref: WEAVE
စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား ပညာပေးရေးအဖွဲ့

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18