Print

အမျိုးသားတို့တွင်ဖြစ်တတ်သော လိင်မှုဆိုင်ရာများ

  24-Feb-2017
Preview Image

ဝှေးစေ့နှစ်လုံးက အမျိုးသားတွေအတွက် မျိုးပွားစေ့တွေ ထုတ်လုပ်ပေးတဲ့အပြင်ယောကျ်ားအင်္ဂါအတွက် လိုအပ်တဲ့ ယောကျ်ားဟော်မုန်း (Testoterone) ကို ထုတ်ပေးပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း ထိခိုက်ဒဏ်ရာရလို့ဖြစ်ဖြစ်၊ မီးလောင်ခြင်းကြောင့်ဖြစ်ဖြစ် ဝှေးစေ့ကို ထိခိုက်ရင် မျိုးပွားခြင်းကို ထိခိုက်သဖြင့် သားသမီးမရတာတွေ ဖြစ်တတ်ပါတယ်။ 

 

ဝှေးစေ့မဖွံ့ဖြိုးတဲ့ရောဂါ ဆိုတာ ဝှေးစေ့ကို ကိုယ်တိုင်ကြောင့်ဖြစ်တဲ့ ရောဂါရယ်၊ ဝှေးစေ့ကို ထိန်းချုပ်ထားတဲ့ ဦးနှောက်ရှိ Hypothalamus နဲ့ Anterior Pituitary ဂလင်းကြောင့် ဖြစ်ရတာရယ် ဆိုပြီး (၂) မျိုးရှိပါတယ်။ ဝှေးစေ့က ကပ်ပယ်အိတ်ထဲကို မဆင်းလို့ဘဲဖြစ်ဖြစ်ဖြစ်ရပါတယ်။ 

 

မိခင်ဝမ်းမှာ ရှိနေစဉ် ဝှေးစေ့ဟာ ဗိုက်ထဲမှာရှိနေပြီး မွေးတဲ့အချိန်ကျမှ ဗိုက်ထဲကထွက်ပြီး ကပ်ပယ်အိတ်ထဲ ဆင်းသွားပါတယ်။ အဲဒီလို ကပ်ပယ်အိတ်ထဲမဆင်းဘဲ သူဆင်းရမယ့် လမ်းကြောင်းမှာ တိုးတိုးတစ်လစ် ဖြစ်နေရင် ဝှေးစေ့ထိခိုက်လွယ်မယ်၊ ပိုဆိုးတာက ဝမ်းဗိုက်ထဲက ပူတဲ့နေရာဖြစ်တော့ဝှေးစေ့ကင်ဆာ ဖြစ်တတ်တာကြောင့် ဝှေးစေ့မဆင်းခဲ့ရင် ဆရာဝန်ဆီ အမြန်ပြပြီး ကုသမှုခံယူသင့်ပါတယ်။

 

ဝှေးစေ့ဟာ ကပ်ပယ်အိတ်ထဲနေရတာက ပတ်ဝန်းကျင် ရာသီဥတုနဲ့ ကိုက်ညီအောင်ပါ။ ရာသီဥတု ပူမယ် (သို့) အဲဒီလူက ဖျားမယ်ဆိုရင်
ဝှေးစေ့က လူ့ခန္ဓာကိုယ်နဲ့ ဝေးတဲ့နေရာမှာ နေပါတယ်။ ဒါကြောင့် ရာသီဥတု ပူရင်၊ ဖျားရင် တွဲလောငင်းကျနေပါတယ်။ အအေးဓာတ်များတဲ့ အချိန်ဆိုရင် ခန္ဓာကိုယ်နဲ့ ပူးကပ်ထားပြီး အအေးဒဏ်ကို ကာကွယ်လိုက်ပါတယ်။ ကပ်ပယ်အိတ် အရေပြားကလည်း တွန့်ခေါက်နေတာ ဒီအပူအအေး ထိန်းညှိဖို့ ဖြစ်ပါတယ်။ ဝှေးစေ့အောက်ကို မဆင်းရတဲ့ အကြောင်းရင်းတစ်ချက်ကတော့ Hypothalamus က ဟော်မုန်းမထွက်လို့ပါဘဲ။

 

ဝှေးစေ့ မဖွံဖြိုးရင် အမျိုးသားဖြစ်လျက်နဲ့ ရင်သားထွက်မယ်၊ လိင်တံပျော့နေမယ်၊ မျိုးပွားမှု မလုပ်နိုင်၊ (ကလေးမရနိုင်) သို့မဟုတ် အရွယ်ရောက်တာ နောက်ကျမယ်၊ လိင်တံဆိုင်ရာ ဖွံ့ဖြိုးမှုနှေးကွေးမယ်။

 

မျိုးပွားမှု မဖွံ့ဖြိုးတာကို သွေးထဲရှိ Testosterone ပမာဏစစ်ဆေးတာ LH နဲ့ FSH က ပီကျူထရီဂလင်းက ထုတ်ပါတယ်။ LH က Testosterone ထွက်အောင် ဝှေးစေ့ကိုလှုံ့ဆော်ပြီး FSH က သုက်ပိုးတွေ ဖြစ်ပေါ်ခြင်းကို ဖြစ်စေပါတယ်။ 

 

Healthcare.com.mm
Ref:
အေးကမ္ဘာဒေါက်တာချစ်
ကျန်းမာရေးလိုတိုရှင်း စာအုပ်မှကောက်နှုတ်ထားပါတယ်။

 

 


 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18