Print

ကာလသားရောဂါ (Syphilis)

  19-Oct-2017
Preview Image


ကာလသားရောဂါ(Syphilisရောဂါသည်လိင်မှတဆင့်ကူးစက်သော ရောဂါတစ်မျိုးဖြစ်ပြီးလိင်အဂါင်္၊ စအိုနှင့် ပါးစပ်တို့တွင် နာကျင်မှုမရှိသောအနာများ ဖြစ်ပွားတတ်သည်။ တစ်ဦးနှင့်တစ်ဦးကို အရေပြား(သို့)အမြှေးပါး နှင့်ထိတွေ့ခြင်းမှ ကူးစက်တတ်သည်။


ရောဂါလက္ခဏာများ

ပထမအဆင့်

      ကာလသားရောဂါ၏ပထမအဆင့်မှာ လိင်အဂါင်္တွင်သေးငယ်သောအနာ (Chancre)တစ်ခု(သို့)အများအပြားဖြစ်ပေါ်တတ်သည်။ပိုးဝင်ပြီး ၃ပတ်ခန့်အကြာတွင် စတင်ပေါ်ပေါက်တတ်သည်။အနာတို့သည်မနာကျင်ခြင်း(သို့)အမျိုးသမီးများတွင်  စအိုတွင်း(သို့) မိန်းမကိုယ်တွင်းတွင်ဖြစ်ပေါ်တတ်သောကြောင့်  အချို့လူနာများကသတိမထားမိတတ်ကြပေ။ထိုအနာများသည် ၃ ပတ်မှ ၆ ပတ်အတွင်းအလိုလို ကျက်သွားတတ်သည်။


ဒုတိယအဆင့်

      ပထမအဆင့်အနာကျက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ ကိုယ်ခန္ဓာတွင်အနီကွက်များစတင်ဖြစ်ပေါ်လာပြီးတစ်ကိုယ်လုံး(လက်ဖဝါး၊ခြေဖဝါး  အပါအဝင်) ပြန့်နှံ့သွားတတ်သည်။ထိုအနီကွက်များသည် ယားယံမှုမရှိဘဲ ပါးစပ်နှင့်လိင်အဂါင်္အနီးတစ်ဝိုက်တွင် ကြွက်နို့ကဲ့သို့သောအဖုလေးများဖြစ်ပေါ် တတ်သည်။ဆံပင်ကျွတ်ခြင်း၊ကြွက်သားနာခြင်း၊အဖျားတက်ခြင်းနှင့် ပြန်ရေကြောအကျိတ်များကြီးခြင်းတို့ဖြစ်ပေါ်တတ်သည်။ထိုလက္ခဏာများသည် ရက်သတ္တပတ်အနည်းငယ်အတွင်းပျေက်ကင်းသွားတတ်သလိုတစ်နှစ်ခန့်လည်းကြာမြင့်နိုင်ပါသည်။


ငုပ်လျိုးအဆင့်

       အကယ်၍ထိရောက်သောကုသမှုမရှိလျှင် ကာလသားရောဂါသည်  ဒုတိယအဆင့်မှ ငုပ်လျိုးသောအဆင့်အဖြစ်ပြောင်းသွားပြိး မည်သည့်လက္ခဏာမှ ပေါ်ပေါက်တော့မည်မဟုတ်ပါ။ငုပ်လျိုးအဆင့်သည်နှစ်နှင့်ချီကြာ်နိုင်ပြီး တတိယအဆင့် သို့ကူးပြောင်းသွားနိုင်ပါသည်


မွေးရာပါကာလသားရောဂါ

        ကာလသားရောဂါပိုးရှိသူကိုယ်ဝန်ဆောင်မိခင်မှကလေးသို့ှ မွေးဖွားချိန်(သို့)အချင်းမှတဆင့်ကူးစက်တတ်သည်။အစဦးပိုင်းတွင်လက္ခဏာမပြတတ် သော်လည်းကလေးငယ်၏လက်ဖဝါး ခြေဖဝါးများတွင် အနီကွက်များပေါ်ပေါက်တတ်သည်။နောက်ပိုင်းတွင် နားပင်းခြင်း၊ သွားများပျက်ဆီးခြင်း၊ နှာခေါင်းရိုးပျက်ဆီးခြင်းတို့ဖြစ်တတ်သည်။


မည်သည်အချိန်တွင်ဆရာဝန်ထံပြသင့်သလဲ

 သင့်ကလေးငယ်ပုံမှန်မဟုတ်သောအရည်များထွက်ခြင်း ၊ ရောင်ရမ်းခြင်း၊ အနီကွက်ပေါ်ခြင်း(အထူးသဖြင့်ပေါင်ခြံတွင်ဖြစ်ပေါ်လာပါက ဆရာဝန်ထံပြသသင့်ပါတယ်။


ကူးစက်နိုင်သောနည်းလမ်းများ

- ရောဂါပိုးရှိသူနှင့်လိင်ဆက်ဆံခြင်း

- ရောဂါပိုးရှိသူကိုယ်ဝန်ဆောင်မှသန္ဓေသားကိုကူးစက်ခြင်း


မကူးစက်နိုင်သောနည်းလမ်းများ

- အိမ်သာ၊ရေချိုးခန်း တွဲသုံးခြင်း၊

- အဝတ်အထည်၊ အသုံးအဆောင်များ မျှသုံးခြင်း

- အစားအသောက် အတူစားခြင်း

- ရေကူးကန်တွင်အတူရေကူးခြင်း


 တစ်ကြိမ်ကုသပြီးလျှင်ပုံမှန်အားဖြင့်ကာလသားရောဂါသည်ပြန်မဖြစ်တတ်ပါ။ သို့သော် သူများ၏ကာလသားရောဂါ အနာနှင့်ထိတွေ့မှုရှိလျှင်ဖြစ်စေ၊  ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံမိလျှင်လည်း ပြန်ဖြစ်နိုင်သည်။


ကာလသားရောဂါဖြစ်ရန် အလားအလာရှိသူများ

- အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း

- အတူနေဖော်များသူများ

- လိင်တူဆက်ဆံသူများ

- HIV/AIDS  ရောဂါရှိသူများ


ဆိုးကျိုးများ

 ထိရောက်စွာကုသမှုမခံယူပါကကာလသားရောဂါသည် တစ်ကိုယ်လုံးကိုထိခိုက်နိုင်သည်။

- Gumma ဟုခေါ်သောအလုံးအကျိတ်များသည် အရေပြား၊ အသည်း၊အရိုးနှင့် အခြားကိုယ်တွင်းအဂါင်္များတွင်ဖြစ်ပေါ်နိုင်သည်။ ထိုအလုံးအကျိတ်များသည် ထိရောက်စွာကုသမှုရရှိပါကပျောက်သွား နိုင်သည်။

- လေဖြတ်ခြင်း၊ဦးနှောက်အမြှေးရောင်ခြင်း၊နားထိခိုက်ခြင်း၊အမြင်အာရုံထိခိုက်ခြင်း၊ သတိမေ့ခြင်း၊ခြေလက်ထုံကျဉ်ခြင်း၊အမျိုးသားများတွင်ကာမစွမ်းရည်လျော့ကျခြင်း၊ ဆီးမထိန်းနိုင်ခြင်း။

- သွေကြောရောင်ခြင်း

- ကိုယ်ဝန်ဆောင်များတွင်- ကိုယ်ဝန်ပျက်ကျနိုင်ခြင်း

- ကလေးအသေမွေးခြင်း

- မီးတွင်းထဲကလေးဆုံးပါးခြင်းတို့ဖြစ်နိုင်သည်။   


 ကာလသားရောဂါ ရှိ/မရှိကို  သွေး(သို့)ကျောရိုးထဲမှ အရည်ကြည်ကို စစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။  ကာလသားရောဂါဖြစ်ပွားသည်ဟုသိလျှင်သိချင်းနီးစပ်ရာဆရာဝန် နှင့်တိုင်ပင်၍ အမြစ်ပြတ်သည်အထိကုသနိုင်ပါသည်။ရောဂါနုသည့်အချိန် ကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများမခံစားရဘဲ   လူကောင်းပကတိအတိုင်းကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မည်ဖြစ်သည်။


Credit: Mayo clinic (translated by Dr.Hayman)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18