Print

အမျိုးသားတို့ အိပ်ရာမဝင်မီ ရှောင်သင့်သော အစာများနှင့် လိင်မဆက်ဆံခင် စာ...

  09-Nov-2017
Preview Image

 ကျန်းမာပျော်ရွှင်တဲ့ အိမ်ထောင်မှုဘဝအတွက် အစားအသောက် စားသောက်မှုတွေက ကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ အိပ်ရာဝင်ခါနီးမှာ စားသောက်တဲ့ အစားအစာတွေက အမျိုးသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းရည်အပေါ် သက်ရောက်မှုတွေ ရှိပါတယ်။ အိမ်ထောင်ရှင်တွေအနေနဲ့ အိပ်ရာဝင်ပုံပြင်တွေကို ပီပြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ရှောင်သင့်တာတွေ၊ လိုက်နာသင့်တာတွေ ရှိနေတာကြောင့် လိုက်နာနိုင်ကြစေဖို့ ရေးသားလိုက်ပါတယ်။ 


၁။ ခံတွင်းငုံဆေး သုံးစွဲခြင်း

 ခံတွင်းအနံ့အသက်မွှေးအောင် ပက်ပါးမင့်ပါဝင်တဲ့ ခံတွင်းငုံဆေးကို လိင်ဆက်ဆံမှုမပြုမီ မသုံးစွဲသင့်ပါဘူး။ ပက်ပါးမင့်မှာ ပါဝင်တဲ့ မန်သောက အမျိုးသားဟော်မုန်း တက်စထရိုစတီရုန်းဟော်မုန်းပမာဏကို လျော့နည်းစေတာကြောင့်ပါ။


၂။ ဆီကြော်စာများ စားသုံးခြင်း

 ဆီကို အပူပြင်းပြင်းပေးပြီး ကြော်ထားတဲ့ ဆီကြော်စာတွေ စားသုံးတာက အမျိုးသားတွေမှာ တက်စထရိုစတီးရုန်း ဟော်မုန်းပမာဏကို လျော့နည်းစေပြီး သွေးလှည့်ပတ်မှုကို နှေးစေပါတယ်။ ဆီကြော်စာတွေကို ကြော်တဲ့ ဆီက ပုံပြောင်းဆီ ဖြစ်နေတာ၊ ဆားပါဝင်မှု များတာတွေကြောင့် သွေးဖိအားကို မြှင့်တက်စေပါတယ်။ ဆားစားသုံးမှုများတာက လေပွစေပြီး စိတ်ဆန္ဒအားနည်းမှု ဖြစ်စေပါတယ်။ 

လိုက်နာပါ။အာလူးကြော်စားမယ့်အစား အာလူးမီးဖုတ်စားတာက သင်တို့ရဲ့ ချစ်ကြည်နူးမှုကို အရှိန်မြှင့်တင်ပေးပါတယ်။ 


၃။ တိုဟူးအများအပြားစားသုံးခြင်း

 တိုဟူးကို ပဲပိစပ်ကနေ လုပ်ထားတာကြောင့် တိုဟူးစားသုံးတဲ့အခါ အပင်ထွက် အီစထရိုဂျင်အများအပြား ရရှိနိုင်ပါတယ်။ ညစာမှာ တိုဟူးစားခဲ့ရင် သွေးထဲမှာ အီစထရိုဂျင်ဟော်မုန်းတွေ များပြီး အမျိုးသားတွေမှာ စိတ်ဆန္ဒ အားနည်းတတ်ပါတယ်။ 

လိုက်နာပါတိုဟူးအစား ဥအမျိုးမျိုး စားတာက ဗီတာမင် ဘီ ၅ နဲ့ ဘီ ၆ တို့ ရရှိတာကြောင့် စိတ်ဖိစီးမှုကို လျှော့့ချပြီး ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ 


၄။ စည်သွပ်ဘူးများ စားသုံးခြင်း

 သင်စားသုံးတဲ့ ညစာက သင်တို့နှစ်ဦးရဲ့ အိပ်ရာဝင်ပုံပြင်တွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ စည်သွပ်ဘူးတွေမှာ ဆိုဒီယမ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ထဲကို ရေဆွဲအားများစေပြီး လေးလံနေစေပါတယ်။ ညစာမှာ မချက်မပြုတ်ဘဲ စည်သွပ်ဘူးတွေ စားတာကြောင့် သင်တို့နှစ်ဦးရဲ့ နှစ်ကိုယ်ကြားဆက်ဆံရေးတွေကို ထိခိုက်စေပါတယ်။ 

လိုက်နာပါ နှစ်ဦးသား ကိုယ်တိုင်စျေးဝယ်ထွက်ပြီး ပြင်ဆင်ချက်ပြုတ်စားသောက်ပါ။ အိပ်ရာဝင် ပုံပြင်တွေကို မထိခိုက်စေဘဲ အချစ်တွေတိုးလို့ ချစ်ခြင်း ပိုမိုခိုင်မြဲစေပါတယ်။ 


၅။ ဝိုင်သောက်များခြင်း

 ဝိုင်သောက်တာ များသွားခဲ့ရင် စိတ်ဆန္ဒအပေါ် ထိခိုက်မှုရှိပါတယ်။ အယ်လ်ကိုဟောက ထိသိမှု အာရုံနဲ့ စိတ်ဆန္ဒပြီးမြောက်မှုကို လျော့နည်းစေပါတယ်။ ဝါရှင်တန်တက္ကသိုလ်က အမျိုးသားတွေကို အရက်တိုက်ပြီး လေ့လာမှု ပြုလုပ်ရာမှာ တွေ့ရှိတာ ဖြစ်ပါတယ်။ 

လိုက်တာပါသစ်သီးဖျော်ရည် တစ်မျိုးမျိုးကို ကို်ယ်တိုင်ဖျော်သောက်တာ ဒါမှမဟုတ် ညအိပ်ရာဝင်ခါနီးမှာ နွားနို့ပူပူ တစ်ယောက်တစ်ခွက်စီ သောက်တာတွေ ပြုလုပ်နိုင်ပါတယ်။


၆။ ညစာစားပြီးနောက် သစ်သီးစားသုံးခြင်း

 ညစာစားပြီးတဲ့အခါ သစ်သီးစားသုံးတာကြောင့် အစာချေဖျက်မှုကို နှေးကွေးစေပါတယ်။ လေပွတာ၊ ဗိုက်နာတာစတဲ့ မအီမသာဖြစ်တာတွေ ခံစားရတာကြောင့် သင်တို့နှစ်ဦး ချစ်ကြည်နှုးမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ 

လိုက်နာပါညစာ စားပြီးပြီးချင်း သစ်သီးစားသုံးမယ့်အစား အနည်းဆုံး နှစ်နာရီလောက် ခွာပြီးမှ သစ်သီးစားသင့်ပါတယ်။


၇။ စွမ်းအားဖြည့် အချိုရည်များ

 သင်တို့နှစ်ဦးရဲ့ အိပ်ရာဝင်ပုံပြင်တွေအတွက် နှစ်ဦးစလုံး စွမ်းအားတွေပြည့်နေဖို့လိုပေမယ့် စွမ်းအားဖြည့် အချိုရည်တွေတော့ မသောက်သုံးသင့်ပါဘူး။ စွမ်းအားဖြည့်အချိုရည်တွေမှာ သကြားနဲ့ ကဖင်းဓာတ်ပါဝင်တာကြောင့် ခဏတာ စွမ်းအားပြည့်သလို ခံစားရပေမယ့် ကြာရှည်မခံပါဘူး။ သကြားဓာတ် အများအပြားစားသုံးတာက သွေးတွင်းတက်စထရိုစတီရုန်း ပမာဏကို လျော့နည်းစေပြီး စိတ်ဆန္ဒအားနည်းစေပါတယ်။ 

လိုက်နာပါအိပ်ရာဝင်ပုံပြင်တွေကို ပီပြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ညအိပ်ရာမဝင်ခင်မှာ နွားနို့ပူပူ တစ်ခွက်သောက်သုံးတာက ပိုမိုထိရောက်မှု ရှိပါတယ်။


လိင်ဆက်ဆံမှုမပြုမီ စားသင့်သော အစာများ

 လိင်ဆက်ဆံမှုမပြုမီမှာ အမျိုးသားတွေအနေနဲ့ အောက်ပါအစာတွေ စားသုံးသင့်ပါတယ်။ 


၁။ ငှက်ပျော်သီး

 ငှက်ပျော်သီးမှာ ဗီတာမင် ဘီ တွေ ပါဝင်တာကြောင့် စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို စွမ်းအင်အဖြစ် ပြောင်းလဲဖို့နဲ့ သားဟော်မုန်း တက်စထရိုစတီရုန်း ဟော်မုန်းထုတ်လုပ်ရာတွေမှာ ကူညီပေးပါတယ်။ ငှက်ပျော်သီးက စိတ်ဆန္ဒဖြစ်ပေါ်မှုအတွက် အကောင်းဆုံးအစားအစာလို့ အမျိုးသားကျန်းမာရေး မဂ္ဂဇင်းမှာ ရေးသားဖော်ပြထားပါတယ်။ ငှက်ပျော်သီးကို လိင်ဆက်ဆံမှု မပြုမီမှာ စားသုံးထားပါက စွမ်းအင်အလုံအလောက် ရရှိစေတယ်လို့ စာရေးသူက ရေးသားထားပါတယ်။ 


၂။ ချင်း (ဂျင်း)

 ချင်း (ဂျင်း) က ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို ကောင်းစေပြီး မျိုးပွားအင်္ဂါတွေဆီ သွေးစီးဆင်းမှု အားကောင်းစေပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ ပိုမိုအကျိုးသက်ရောက်မှု ရှိစေပါတယ်။ 


၃။ ကညွတ်

 ကညွတ်မှာ ဖောလိတ်ဓာတ်ပါဝင်ပြီး ဖောလိတ်က ဟစ္စတာမင်းထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ ဟစ္စတာမင်းက အမျိုးသားရော အမျိုးသမီးပါ စိတ်ဆန္ဒပြီးမြောက်ရာမှာ မရှိမဖြစ်လိုအပ်တာကြောင့် သင့်ညစာမှာ ကညွတ်ပါဝင်အောင် စားသင့်ပါတယ်။


၄။ ကမာကောင်

 ကမာကောင်မှာ ဇင့်ဓာတ်များစွာပါဝင်ပြီး အမျိုးသားဟော်မုန်း တက်စထရိုစတီးရုန်း ထုတ်လုပ်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ပန်းသေပန်းညှိုးတဲ့ အမျိုးသားတွေမှာ ဇင့်ဓာတ်ချို့တဲ့နေတတ်ပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့ ပမာကောင်၊ ဖရုံစေ့တွေ စားသုံးပါက မျိုးပွားအင်္ဂါတွေ ကျန်းမာသန်စွမ်းစေပါတယ်။ လတ်တလောလေ့လာမှုအရ ကမာကောင်၊ ယောက်သွားတွေမှာ ပါဝင်တဲ့ အမိုင်နိုအက်စစ်နှစ်မျိုးက ခန္ဓာကိုယ်မှာ အမျိုးသားဟော်မုန်းတွေကို ထုတ်လုပ်ဖို့ အားပေးပြီး စိတ်တည်ငြိမ်စေတယ်လို့ တွေ့ရှိထားပါတယ်။ 


Credit: အလင်း (ဆေးဝါး)

Dr. Oliver



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18