Print

ရာသီကာလ ချစ်လို့ရမရ

  25-Dec-2017
Preview Image

အမျိုးသမီးတော်တော်များများဟာ ရာသီလာချိန်မှာ အမျိုးသားနဲ့ အတူမနေသင့်ဘူးလို့ ထင်မှတ်နေတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ရာသီလာနေစဉ်မှာ ကိုက်ခဲနာကျင်နေတာရယ်၊ ကိုယ်ဝန်ရှိသွားမလားလို့ စိုးရိမ်နေကြတာအပြင် ဒီကာလမှာ ဘာဆိုဘာမှ သည်းမခံနိုင်လောက်အောင် Sensitive ဖြစ်နေလို့လေ။ တကယ်တော့ ကိုယ့်အဖော်နဲ့ကိုယ် သဘောတူညီ အဆင်ပြေရင် ချစ်စခန်းဖွင့်ဖို့ အိုကေပါတယ်လို့ သားဖွားမီးယပ်ပညာရှင်တွေက ဆိုပါတယ်။


ကို်ယ်ဝန်ရှိနိုင်လားဆိုတာနဲ့ ပတ်သက်လို့ကတော့ ရာသီစက်ဝန်းမှန်တဲ့ သူတွေဆိုရင် ရာသီစလာတဲ့ရက်ကနေ ရ ရက်အတွင်းနဲ့ မလာမီ ရ ရက်အတွင်း ကာလဟာ ကိုယ်ဝန်မရနိုင်တဲ့အချိန်မို့ ရာသီလာနေစဉ်မှာ ချစ်ခခန်းဖွင့်ရင် ကိုယ်ဝန်ရရှိနိုင်ခြေနည်းပါသတဲ့။ ရာသီစက်ဝန်းမှန်ဖို့တော့ လိုတယ်နော်။


ရာသီစလာတဲ့ရက်ကတော့ သွေးဆင်းများတာကြောင့် အဲ့ရက်ကိုတော့ ရှောင်စေချင်ပါတယ်။ ကျန်တဲ့ရက်တွေ (၇) ရက်အတွင်းမှာ အတူနေနိုင်ပါတယ်။ တစ်ခုသတိပြုစေချင်တာကတော့ သုတ်ပိုးဟာ သားအိမ်အတွင်းမှာ ရ၂ နာရီ ၃ ရက်တိုင်တိုင် ရှင်သန်နိုင်တာမို့ ရာသီဆင်းတဲ့နောက်ပိုင်းရက်တွေမှာ သန္ဓေတားနည်းတစ်ခုခု ဒါမှမဟုတ် အကာအကွယ် ကွန်ဒုံးမသုံးရင် ကိုယ်ဝန်ရနိုင်ခြေများတာကို အသိပေးပါရစေ။


ရာသီကာလချစ်ဖို့ ဇဝေဇဝါဖြစ်တတ်တာလေးများ

ရာသီကာလချစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တချို့လူတွေ ဇဝေဇဝါဖြစ်နေတာတွေက ရာသီသွေးဟာ အမျိုးသား လိင်တံကို ထိခိုက်မှုတစ်စုံတစ်ရာ ပေးနိုင်လားဆိုတာပါပဲ။ အကာအကွယ်မဲ့ လိင်ဆက်ဆံရင် STD လို့ခေါ်တဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ရစေနိုင်တာကလွဲရင် ပုံမှန်ဆိုရာသီသွေးက သွေးနဲ့ကွာကျလာတဲ့ သားအိမ်အတွင်းမြှေးပါး တစ်သျှူးတွေ ပါတာမို့ အမျိုးသားလိင်တံကို တစ်စုံတစ်ရာ ထိခိုက်မှု မပေးပါဘူး။ နောက်တစ်ချက်က အမျိုးသမီးတွေ စိုးရွံ့နေတဲ့ ရာသီလာနေချိန် ချစ်စခန်းဖွင့်ရင် သားအိမ်ကို ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်လားဆိုတဲ့အချက်ပါ။ ဒါကလည်း ပုံမှန်သဘာဝအတိုင်း အတူနေ ဆက်ဆံရင် ဘာမှထိခိုက်မှုမရှိကြောင်း အသိပေးပါရစေ။


တစ်ခါတစ်ရံမှာ ချစ်စခန်းဖွင့်နေချိန်အတွင်းမှာ (သို့) ဖွင့်ပြီးချိန်မှာ အညိုရောင်၊ အနီရောင်သွေးခဲကြီးတွေ ဒလဟောဆင်းတတ်လို့ အမျိုးသမီးတွေအနေနဲ့ စိုးကြောက်ပြီး အရေးကောင်းတုန်း ဒိန်းဒေါင်ဖျက် ချစ်စခန်း ရပ်လိုက်ရတာလည်း ရှိကြပါတယ်။ တကယ်တော့ ဒါဟာ ကြောက်စရာမဟုတ်ပါဘူး။ အောင်းနေတဲ့သွေးပုပ်တွေ ဆင်းတဲ့သဘောပါပဲ။ သွေးအနီရဲရဲကျဲကျဲတွေ ဆင်းမှသာ ဆင်ခြင်ဖို့ လိုတာပါ။ ဒီကာလမှာ နှစ်ဦးသား နာလည်မှုရှိဖို့နဲ့ အပေးအယူမျှဖို့တော့ လိုတာပေါ့။


Credit: Sheri (U.O.N, Ygn)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18