Print

အိမ်ထောင်ရေးသုခပြည့်စုံဖို့ အမျိုးသားများအတွက် အစားအစာ (၆) မျိုး

  02-Jan-2018
Preview Image


အထွေထွေကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အဲဒီထဲက အစားအစာတစ်ချို့က အမျိုးသားများရဲ့ အိမ်ထောင်ရေးသုခကို ပြည့်စုံဖို့ အထောက်အကူပေးတယ်ဆိုတာကို သိပါသလား။ “မသိလျှင်မေး၊ မစင်လျှင် ဆေး’’ သလို မသိလိုက်မဖြစ်ရလေအောင် အမျိုးသားများအတွက် ဒီ Super အစားအစာ ၆ မျိုးကို ဖော်ပြလိုက်ပါမယ်။


(၁) Oysters ခေါ် ခရုကမာ ပင်လယ်စာ

ခရုကမာကောင်တွေမှာ တစ်ခြားအစားအစာတွေထက်စာလျှင် Zinc (ဇင့်) ဓါတ် များစွာပါ၀င်ပါတယ်။ ဇင့် ဓါတ်ဟာ မျိုးဆက်ပွားကျန်းမာရေးအပြင် အမျိုးသားများမှာဖြစ်သော ဆီးကြိတ်ရောဂါကာကွယ်ရန် အတွက် အရေးပါပါတယ်။ ကမာကောင်ကို နေ့တိုင်းစားသောက်ဖို့ အဆင်မပြေတဲ့ ဒီနိုင်ငံမှာတော့ Zinc ဓါတ်ကို အပြင်ကနေ Supplement အားဆေးများအဖြစ်လည်း နေ့တိုင်းသုံးစွဲနိုင်ပါတယ်။


(၂) Salmon ခေါ် ဆော်လ်မွန်ငါး

ဆော်လ်မွန်ငါးမှာ ဗီတာမင်ဒီဓါတ်ကြွယ်ဝစွာပါ၀င်ပါတယ်။ ဗီတာမင်ဒီ ဓါတ်ချို့တဲ့ခြင်းဟာ ပန်းသေပန်း ညှိုးခြင်းနဲ့ပါ ဆက်စပ်မှုရှိပါတယ်။ ဗီတာမင် ဒီ ဓါတ်ဟာ သွေးကြောနံရံရဲ့ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ သွေးကြောနံရံရဲ့ ကျန်းမာရေးဟာ အမျိုးသားအိမ်ထောင်ရေးသုခအတွက် အရေးကြီးတာဖြစ်တဲ့အတွက် ဗီတာမင် ဒီ ဓါတ်ကို လုံလောက်စွာရရှိရန် အစားအစာအနေနဲ့ပါ စားသုံးပေးသင့်ပါတယ်။


(၃) Walnuts ခေါ် သစ်ကြားသီး 

သစ်ကြားသီးမှာ Omega-3 အဆီဓါတ်၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ နဲ့ ဦးနှောက်အတွက်ပါ အရေးပါသော ဓါတုပစ္စည်းများစွာပါ၀င်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများက အမျိုးသားကျန်းမာရေးနဲ့ ဆီးကြိတ်ရောဂါကို ကာကွယ်ရာမှာအရေးပါပါတယ်။ Nuts တွေအပြင် Whole Grain အစားအစာတွေဖြစ်သော ကွေကာအုပ်အမျိုးမျိုး၊ အစေ့အဆံပါ၀င်သော အစားအစာအမျိုးမျိုး( မြေပဲ၊ နေကြာစေ့) အစရှိသည်တို့ကိုလည်း စားသုံးပေးနိုင်ပါတယ်။


(၄) ပိုတက်စီယမ်နဲ့ တစ်ခြားသတ္တုဓါတ်များ

ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓါတ်၊ ဆီလီနီယမ်ဓါတ်များ ကြွယ်ဝစွာပါ၀င်ပါတယ်။ ဒီဓါတ်တွေဟာ သွေးကြောကျန်းမာရေးအတွက်အလွန်အရေးကြီးပါတယ်။ ပန်းသေးပန်းညှိုးဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ သွေးကြောကျန်းမာရေးမကောင်းမွန်တာကလည်း တစ်ခုဖြစ်တဲ့အတွက် ဒီအစားအစာတွေကို စားသုံးပေးရင် ရောဂါကို ကာကွယ်ပေးပြီးသားဖြစ်နေမှာပါ။ လိမ္မော်သီး၊ နို့၊ ခရမ်းချဉ်သီးနဲ့ ပဲအမျိုးမျိုး အစရှိတဲ့အစားအစာတွေမှာလည်း ပိုတက်စီယမ်ဓါတ်တွေ ပါ၀င်ပါတယ်။ ကြက်ဥ ဟာလည်း အမျိုးသားကျန်းမာရေးအတွက် နာမည်ကြီး အစားအစာတစ်ခုပါ။ ဘယ်ရီသီးများဖြစ်သော စတော်ဘယ်ရီးသီးများဟာလည်း အထောက်အကူပေးတဲ့အတွက် စားသုံးပေးနိုင်ပါတယ်။


(၅) ဟင်းသီးဟင်းရွက် အမျိုးမျိုး

ကျန်းမာရေးအတွက် ညီညွတ်တဲ့အစားအစာညွှန်းတိုင်း ဟင်းသီးဟင်းရွက်တွေဟာ မပါမဖြစ်ပါ။ ဟင်းသီးဟင်းရွက်ဟာ အထွေထွေကျန်းမာရေးအပြင် အမျိုးသားအိမ်ထောင်ရေးသုခကိုပါ ပြည့်စုံဖို့ အထောက်အကူပေးတယ်ဆိုတာရော သင်သိပါသလား။ အဲဒါကြောင့် ထမင်းစားလျှင် မိမိ ပန်းကန်တစ်ဝက်နီးပါးကို ဟင်းသီးဟင်းရွက်တွေနဲ့ ဖြည့်ပြီး စားပါ။ Broccoli၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ၊ ပဲပင်ပေါက်၊ပဲပြား၊ ဟင်းနုနွယ် အစရှိသည်တို့ကို ပုံမှန်စားသုံးပေးလို့ရပါတယ်။ အနီရောင်၊ လိမ္မော်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း များများစားသုံးပေးပါ။ ဥပမာ မုန်လာဥနီ၊ ဖရုံသီး၊ ကန်စွန်းဥ အစရှိသည်တို့ပေါ့။


(၆) လက်ဖက်ရည်နွေးကြမ်း

လက်ဖက်ရည်မှာပါ၀င်တဲ့ ဓါတ်တိုးဆန့်ကျင်ဓါတ်များစွာဟာ သွေးလည်ပတ်မှုကိုကောင်းစေပြီး အိမ်ထောင်ရေးသုခအပြင် ဦးနှောက်စွမ်းဆောင်ရည်ကိုပါ တိုးတက်စေပါတယ်။ တစ်နေ့ကို သကြားမထည့်ထားသော လက်ဖက်ခြောက်ပဲခပ်ထားတဲ့ ရေနွေး ၃ ခွက်မှ ၅ ခွက်ထိသောက်သုံးသူတွေဟာ ကိုယ်အလေးချိန်ကိုပါ လျှော့ချစေတဲ့အပြင် သွေးလည်ပတ်မှုဟာလည်း ပိုမိုကောင်းမွန်လာပါတယ်။


ဒီအစားအစာတွေအပြင် တစ်နေ့ကို မိနစ် ၃၀ ခန့် သွေးပူလေ့ကျင့်ခန်းပါ လုပ်ပေးပါ။ ဒါ့အပြင် ကျန်းမာရေးကိုထိခိုက်စေသော ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းနဲ့ အထိုင်များခြင်းတွေကိုပါ ရှောင်ကြဉ်ပေးမယ်ဆိုလျှင် မိမိရဲ့ အိမ်ထောင်ရေးသုခပြည့်စုံလာတာကို တွေ့ရပါလိမ့်မယ်။


Credit : ဒေါက်တာကောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18