တစ်နေ့တစ်လုံးသောက်တားဆေးကို ဘယ်လိုသောက်ကြမလဲ
08-Jan-2019
အဆင်ပြေတဲ့နေ့ စသောက်လိုု့ရပါတယ်။ ဟော်မုုန်းပါတဲ့ တားဆေးဖြစ်လိုု့ ဟော်မုုန်းရဲ့ အာနိသင်ရဖိုု့ စောင့်ရတဲ့ အတွက် ရာသီစက်ဝန်းရဲ့ ဘယ်နေ့မှာ ဆေးစသောက်လဲပေါ် မူတည်ပြီး ကိုုယ်ဝန်တားနိုုင်တဲ့ အာနိသင် ဘယ်နေ့မှာစရမလဲ ကွာပါတယ်။ တချို့ ဟော်မုုန်း မပါတဲ့ နည်းတွေလိုု အခုုသုံုးအခုုသန္ဓေတားလိုု့မရပါဘူး။
ရာသီပေါ်တဲ့နေ့
ရာသီပေါ်တဲ့နေ့မှာ စသောက်ရင် ကိုုယ်ဝန်မရအောင် တန်းပြီး ကာကွယ်ပေးနိုုင်ပါတယ်။ တခြားကိုုယ်ဝန်တားနည်းတွေ တွဲသုံုးစရာမလိုုပါဘူး။
ရာသီစလာတဲ့နေ့ကနေ ငါးရက်အတွင်း
ရာသီပါ်တဲ့နေ့ကနေ ငါးရက်အတွင်း စသောက်ရင် ကိုုယ်ဝန်မရအောင် တန်းပြီး ကာကွယ်ပေးနိုုင်ပါတယ်။ တခြားကိုုယ်ဝန်တားနည်းတွေ တွဲသုံုးစရာမလိုုပါဘူး။ အကယ်၍ ရာသီလာတာ အရမ်းစိပ်တယ်ဆိုုရင် (ရာသီတခုုနဲ့တခုုကြား ၂၃ရက်ထက် နဲရင်) ဒါမှမဟုုတ် ရာသီလာတာမမှန်ရင် တော့ ဆေးစသောက်တဲ့ နေ့ကနေ (၇)ရက်အတွင်း ကွန်ဒုံး ပါတွဲသုံုးပါ။
ရာသီလာပြီး ငါးရက် နောက်ပိုုင်း
ကြိုက်တဲ့နေ့ ဆေးစသောက်နိုုင်ပါတယ်။ ဆေးစသောက်တဲ့ နေ့ကနေ (၇) ရက်ကြာမှကိုုယ်ဝန်တားနိုုင်မှာပါ။ အဲဒါကြောင့် ဆေးစသောက်တဲ့နေ့ကနေ (၇)ရက်အတွင်း အတူနေဖြစ်ရင် ကွန်ဒုံး တွဲသုံးပါ။
Credit : Original Writer
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

