အသည်းရောင် အသားဝါ စီပိုး ကင်းစင် လျော့ပါးစေရေး ကျန်းမာရေးအသိပညာ ဆွေးနွ...
01-Apr-2017
Medi Myanmar Co., Ltd. မှ တင်သွင်းဖြန်႔ချီသော အသည်းရောင်အသားဝါ စီပိုးစေဆေး Hopetavir (Sofosbuvir 400 mg) မိတ်ဆက်ခြင်းနှင့်အတူ “Towar The Elimination of Hepatitis C in Myanmar” “မြန်မာပြည်တွင် အသည်းရောင်အသားဝါ စီရောဂါ ကင်းစင်ပပျောက်ရေးဆီသို့” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာ ဆွေးနွေးဖလှယ်ပွဲကို ရန်ကုန်မြို့ Sule Shangrila Hotal ၌ ၁၂.၃.၂၀၁၇ တွင် ကျင်းပခဲ့ပါသည်။
အဆိုပါပွဲတွင် အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခဦးခင်မောင်ဝင်း (မြန်မာနိုင်ငံ အစာအိမ်နှင့် အသည်းရောဂါအသင်း စတင်တည်ထောင်သူ) မှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး အခမ်းအနားအဖွင့်အမှာစကား ပြောကြားကာ အသည်းအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော ပါမောက္ခ ဒေါ်ဝင်းဝင်းဆွေမှ “Epidemiology and pathogenesis of chronic Hepatitis C in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခကျော်စိုးထွန်းမှ “DNA Therapy of Chronic Hepatitis C; Can SVR prevent HCC?” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခညိုမီခိုင်သန်းလှိုင်မှ “all Oral Therapy in the treatment of Hepatitis C” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခဦးဝင်းနိုင်မှ “Elimination of chronic Hepatitis C in 2030” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ပြီးနောက် သဘာပတိနှင့်တကွ ဟောပြောဆွေးနွေးသူ အသည်းအထူးကုဆရာဝန်ကြီးများမှ တကရောက်လာသော ဧည့်ပရိသတ်များမှ မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
