ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါ ပျောက်ကင်းသက်သာစေတဲ့ ဆေးတွေသုံးစွဲခြင်းက...
30-Oct-2016
ကိုယ်ဝန်ဆောင်မိခင်တွေ စိတ်ကျရောဂါပျောက်ဆေးတွေသုံးစွဲခြင်းဟာ ကလေးငယ်ရဲ့ အာရုံကြောဆိုင်ရာ ဖွံဖြိုးမှု သို့ ရုပ်ပိုင်းဆိုင်ရာ အပြုအမူတွေအပေါ် ထိခိုက်မှုမရှိကြောင်း လေ့လာတွေ့ရိိှချက် အသစ်တွေအရသိရပါတယ်။ “ဒီလေ့လာချက်တွေက ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါပျောက်ဆေး သုံးစွဲမှုဟာ ကလေးငယ်ရဲ့ ဖွ့ံဖြိုးကြီးထွားမှုကို မထိခိုက်နိုင်ကြောင်း အထောက်အထားတွေပဲ ဖြစ်ပါတယ်။ တခြား အန္တရာယ်ဖြစ်နိုင်ချေတွေရှိပေမယ့် ခုထိတွေ့ရှိရတဲ့ အထောက်အထား တွေကတော့ စိတ်ကျဝေဒနာကို မကုသပဲထားတာက ပိုပြီးအန္တရာယ်များနိုင်ပါတယ်။" လို့ International Journal of Obstetrics and Gynecology ရဲ့ အယ်ဒီတာချုပ် John Thorp က ထုတ်ဖော်ပြောကြားထားပါတယ်။
လေ့လာသူတွေဟာ ဆေးဝါးသုံးစွဲမှု ပမာဏနဲ့ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ပေါ် မူတည်ပြီး သွေးထွက်လွန်နိုင်တဲ့ အခြေအနေလိုမျိုး အန္တရာယ်ဖြစ်နိုင်ခြေတွေကိုလည်း စမ်းသပ်လေ့လာ ခဲ့ကြပါတယ်။“ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါပျောက်ဆေးတွေကို သုံးစွဲနေတဲ့ အမျိုးသမီးတွေမှာ ပြင်းပြင်းထန်ထန် ဖျားနာတာတွေဟာ ဆေးတွေကြောင့် မဟုတ်ဘဲ သွေးကြောမျှင်တွေ ပေါက်ပြဲတာကြောင့် ဖြစ်ပါတယ်။ ဒီလေ့လာမှုကို အခြေခံပြီးပြောရရင် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးဝါးသုံးစွဲမှု ရပ်တန့်စရာမလိုဘူးလို့ အမျိုးသမီးတွေကို အကြံပေးချင်ပါတယ်။ ဒါပေမယ့် သွေးထွက်လွန်တာလိုမျိုး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ စနစတကျနဲ့အနီးကပ် ညွှန်ကြားချက်တွေအတိုင်း သုံးစွဲသင့်ပါတယ်။” လို့ University of Adelaide မှ ပါမောက္ခ Dr. Luke Grzekowiak က ပြောပြထားပါတယ်။
Ref:
Michelle
Thithtoolwin
Sunday, September 20, 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
