အချင်းနှင့်ပတ်သက်သောချို့ယွင်းချက်များ
30-Oct-2016
အချင်း၏ချို့ယွင်းချက်များကြောင့် သန္ဓေသား၌သာမက မိခင်အတွက်ပါ အန္တရာယ်ရှိကြောင်းဗဟုသုတအဖြစ်သိထားသင့်ပါသည် ။ အချင်းနှင့်ပတ်သက်ပြီး (၁)Abruptio Placenta အချိန်မတိုင်မီ အချင်းကွာခြင်း နှင့် (၂)Placenta Previa အချင်းရှေ့ရောက်ခြင်း အကြောင်းကို အနည်းငယ်မျှတင်ပြပေးပါမည်။ Abruptio Placenta ဆိုသည်မှာ သန္ဓေသား ရက်ပတ် ၂၀ မတိုင်မီ အချင်းသည် သားအိမ်နံရံမှကွာသွားခြင်း ကို ဆိုလိုပါသည် ။ ထိုသိ်ု့ဖြစ်ရခြင်းမှာ
- ထိခိုက်ဒဏ်ရာရခြင်း
- ချက်ကြိုးတိုလွန်းခြင်း-နာတာရှည် သွေးတိုးရောဂါ
- ကို်ယ်ဝန်ဆိပ်တက်ခြင်း
-ကြီးထွားလာသောသားအိမ်မှ သွေးကြောမကြီးအားဖိမိခြင်း-အာဟာရ ချို့တဲ့ခြင်း
-ငါးကြိမ်အထက်ကိုယ်ဝန်ဆောင်ခြင်းစသည့်အကြောင်းအချက်များကြောင့်ဖြစ်ရခြင်းဖြစ်ပါသည် ။.အချိန်မတိုင်မီ အချင်းကွာသွားမှူကြောင့် အောက်ဖော်ပြပါနောက်ဆက်တွဲ အရှုပ်အထွေးများ ဖြစ်ပေါ်လာနို်င်ပါသည် ။
(က) သွေးသွန်ခြင်း
(ခ)သွေးခဲမှူဖြစ်စဉ်ပျက်ယွင်းခြင်း
(ဂ)ရှော့ခ် Shock ရခြင်း
(ဃ)ကလေးငယ် ရှင်သန်ရန် အခက်အခဲကြုံရခြင်း
(င) ရုတ်တရက်ကျောက်ကပ်လုပ်ငန်းများ ပျက်စီးသွားခြင်း
(စ) မိခင်သို့မဟုတ် ကလေးသေဆုံးခြင်း
Placenta Previa အချင်းရှေ့ရောက်ခြင်း
အချင်းသည် သားအိမ်၏အောက်ပိုင်း၌ တွယ်ကပ်ခြင်းကြောင့် သားအိမ်အဝသို့ရောက်နေခြင်း သို့မဟုတ် သားအိမ်အဝအား ဖုံးအုပ်ထားခြင်း ရှိပါက ယင်းအခြေအနေကို Placenta Previa အချင်းရှေ့ရောက်ခြင်း ဟု ခေါ်ပါသည်။ကိုယ်ဝန်ဆောင်မိခင်လောင်း ၂၀၀ တွင် အချင်းရှေ့ရောက်ခြင်း တစ် ဦး ရှိနိုင်ပါသည် အချင်းရှေ့ရောက်ခြင်းအကြောင်းကို ဇာစ်မြစ်ကိုအတိအကျမသိနိုင်ကြပေ ။ သို့သော် မကြာခင်ကကြိမ်ဖန်များစွာကိုယ်ဝန်ဆောင်ခဲ့ခြင်း ၊ အသက်အရွယ်ကြီးရင့်ခြင်း နှင့် ယခင်က ကို်ယဝန်ကို ခွဲစိတ်မွေးဖွားခဲ့ခြင်းများသည် အချင်းရှေ့ရောက်မှူကို ဖြစ်စေသောအကြောင်းများဖြစ်သည်ဟု လက်ခံထားကြပါသည်။အချင်းရှေ့ရောက်သောကိုယ်ဝန်ဆောင်မိခင်များအား ဆေးရုံ၌ တက်ရောက်စေ၍ နည်းလမ်းမှန်ကန်စွာပြုစုစောင့်ရှောက်ကုသပေးပါက မိခင်အတွက် အန္တရာယ်မရှိနိုင်ပါ ။ သေချာစွာဂရုတစိုက်စောင့်ေှရာက်မှူကြောင့် ကလေးသေနှုန်းကျဆင်းသွားသည်ဆိုသော်လည်း သေဆုံးမှုနှုန်းမှာ ၁၅% မှ ၂၀% ထိရှိနေပသေသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ မိန်းမ အင်္ဂါမှသွေးဆင်းခြင်းဖြစ်ခဲ့လျှင်အထက်ဖော်ပြပါ အချိန်မတိုင်မီ အချင်းကွာခြင်း နှင့် အချင်းရှေ့ရောက်ခြင်းများ ဖြစ်နိုင်ပါသဖြင့် ချက်ခြင်း ဆေးရုံ ၊ ဆေးခန်းများသို့ သွားရောက်ပြသ၍ လိုအပ်သောပြုစု ကုသမှူကို ခံယူရမည် ဖြစ်ပါသည် ။
Ref:
ကိုယ်ဝန်ဆောင်
၂၁.၁၁.၂၀၁၃
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
