ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ ့အရက်တစ်ခွက်တောင် လုံးဝမသောက်သင့်
30-Oct-2016
ကိုယ်ဝန်ဆောင်ချိန်မှာ အရက်အသင့်အတင့်သောက်ခြင်းဟာ ဘေးကင်းစိတ်ချ ရကြောင်း ခိုင်လုံတဲ့ အထောက်အထား လုံးဝမတွေ ့ရတာ ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ ့အရက်ကို လုံးဝ ရှောင်သင့်တယ်လို ့ဆိုပါတယ်။ ကလေးငယ် ရုပ်ရည်သွင်ပြင်ပုံမှန်မဟုတ်ခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း၊ ဦးခေါင်းသေးခြင်း၊ ဟန်ချက်ညီမလှုပ်ရှားနိုင်ခြင်း၊ ဉာဏ်ရည်နည်းခြင်း၊ အပြုအမူပိုင်း ဆိုင်ရာအခက်အခဲများရှိခြင်း၊ အကြားနဲ ့အမြင်အာရုံမှာအခက်အခဲမှာရှိခြင်း စတဲ့ foetal alcohol syndrome ခေါ် သန္ဓေသားဆိုင်ရာအယ်ကိုဟောရောဂါလက္ခဏာစု တွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာမိခင်အရက်အလွန် အကျွံသောက်သုံးမှုနဲ ့ဆက်စပ်နေတယ်လို ့ပညာရှင်တွေက ဆိုပါတယ်။ အငြိမ်းစားကလေးအထူးကုပါရဂူ Mary Mather နဲ ့သားဖွားဆရာဝန် Kate Wiles တို ့ရဲ့ပြောကြားချက်အရ ကလေးငယ်မှာ ဒီလက္ခဏာစု တွေမဖြစ်နိုင်အောင်လို ့ အကောင်းဆုံးပေးနိုင်တဲ့အကြံကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အသောက်အစား လုံးဝရှောင်ဖို ့သာ ဖြစ်တယ်လို ့ ဆိုပါတယ်။
ဗြိတိန်ဆေးပညာဂျာနယ်မှာဖော်ပြခဲ့တဲ့ ဆောင်းပါးမှာ၊ အရက်ကို သာမန်ထက်လျှော့သောက်ခြင်းက စိတ်ချရကြောင်း ခိိုင်မာတဲ့ အထောက်အထား မရှိဘူးလို ့သူတို ့နှစ်ဦးက တင်ပြခဲ့ပါတယ်။ဒါပေမယ့် ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာနက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ ့အရက်ရှောင်သင့်ကြောင်း၊ တကယ်လို ့သောက်မိရင်တောင် တစ်ပတ်ကို တစ်ခွက်၊နှစ်ခွက်မှာသာ ရပ်သင့်တယ်လို ့ အကြံပေးထား ပါတယ်။ ကျန်းမာရေးနဲ ့ စောင့်ရှောက်ရေးအမျိုးသားသိပ္ပံကလည်း အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလမှာ အရက်ကို ရှောင်သင့် တယ်လို ့ဆိုပြီး၊ မီးယပ်နဲ ့သားဖွားတော်ဝင် ကောလိပ်ကတော့ ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလအပြီးမှာ အရက် အနည်းငယ် သောက်တာဟာ ကလေးငယ်ကိုထိခိုက်မှုမရှိဘူးလို ့ပြောကြားပါတယ်။ ဒါပေမယ့် ယခုအကြံပေးချက်တွေဟာ တစ်ခုနဲ ့တစ်ခု ကွဲလွဲမှုတွေဖြစ်နေပြီး တိကျတဲ့အထောက်အထား မရှိတာကြောင့် အရက်ကိုရှောင်တာအကောင်းဆုံးဖြစ် တယ်လို ့ဖော်ပြထားပါတယ်။
Ref:
ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
ကျန်းမာရေး, ဗဟုသုတ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
