မိန်းမကိုယ်ရောင်ခြင်း Bartholin အကျိတ်ပိုးဝင်ခြင်း
30-Oct-2016
မိန်းမကိုယ်တွင် Bartholin အကျိတ်ဟုခေါ်သော သေးငယ်သော အရေပြားအောက် အိတ်၂ အိတ်ရှိသည်။ ၄င်းတို့သည ်မိန်းမကိုယ်စိုနေအောင် အရည်ထုတ်ပေးသည်။ တစ်ခါတစ်ရံ ပိုးဝင်သွားသဖြင့် အကျိတ်တစ်ဖက် (သို့) ၂ ဖက်စလုံးရောင်လာနိုင်သည်။
လက္ခဏာများ
• မိန်းမကိုယ်တွင် များသောအားဖြင့် တစ်ဖက်တည်းရောင်ခြင်း။
• ပူခြင်း၊ နာခြင်း၊ အရောင်ပိုရင့်လာခြင်း။
• တစ်ခါတစ်ရံ ရောင်နေသော်လည်း နာကျင်မှုမရှိခြင်း။
STD ကြောင့် အမြဲမဖြစ်သော်လည်း များသောအားဖြင့် gonorrhea (သို့) chlamydiaဖြစ်လျှင် အကျိတ်ရောင်တတ်သည်။
ကုသမှု
၁။ သန့်ရှင်းသော ရေနွေးပူပူထဲတွင် အဝတ်စကိုနှစ်၍ ၄င်းအား ရောင်သောနေရာ ပေါ်တွင်အုံပါ။ အပူမလောင် ပါစေနှင့်၊ ရောင်နေသော အနာပေါက်သွားပြီး ပြည်ထွက်လာသည်အထိ (သို့) အရောင်ကျသည်အထိပြုလုပ်ပါ။
၂၊ သင်နှင့်သင်၏အဖော် နှစ်ဦးလုံး gonorrhea နှင့် Chlamydia အတွက်ဆေးကုရမည်။
၃၊ အကယ်၍ ဆက်နာနေပြီး ရောင်နေပါက ကျွမ်းကျင်သော ကျန်းမာရေးလုပ်သားအား ပြသပါ။ အနာခွဲပြီး ပြည်ထုတ်ပစ်ရန် လိုလိမ့်မည်။
Ref: WEAVE
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

