ငါးစားပေးခြင်းက မိမိရင်သွေးကို ကျန်းမာစေ
30-Oct-2016
အာဟာရဆိုင်ရာ နောက်ဆုံးပေါ်သုတေသနတစ်ရပ်အရ ငါးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သန္ဓေသားတွေအတွက် အလွန်အမင်း အကျိုးရှိတယ်လို့ သိရပါတယ်။ ငါးဟာ အိုမီဂါ 3 ဖက်တီးအက်ဆစ် ရရှိရာ အဓိကရင်းမြစ်ဖြစ်ပြီး ကလေးငယ်ရဲ့ မျက်လုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် သက်စောင့် ကဏ္ဍတစ်ရပ်အနေနဲ့ စွမ်းဆောင်ပေးပါတယ်။ ဦးနှောက်အတွင်းပိုင်းမှာလည်း မာကျူရီကနေ ထွက်ရှိတဲ့ အဆိပ်အက်ဆစ်တွေကို ကာကွယ်ပေးပါတယ်။ လူ့ခန္ဓာကိုယ်ဟာ အိုမီဂါ 3 ကို သဘာဝအတိုင်း ထုတ်လုပ်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ တစ်ပတ်မှာ ငါးကို ၁၂ကြိမ် အနည်းဆုံး စားပေးဖို့လိုပါတယ်။ ဒီသုတေသနရပ်အရ မာကျူရီရဲ့ ဆိုးရွားပြင်းထန်တဲ့ သက်ရောက်မှုကို ငါးစားသုံးပြီး ကာကွယ်နိုင်ကြောင်း ခိုင်လုံတဲ့ အထောက်အထားကို ဖော်ပြပေးနိုင်ခဲ့တယ်လို့ Rochester တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Edwin Van Wijnagarden က ပြောသွားပါတယ်။
Ref:
Skyler
Thit htoo lwin
Monday.Nov2.2015
Source:
Health