ကိုယ်ဝန်ဆောင်အပြီး ဗိုက်ပူလာတာကို ကာကွယ်နိုင်ဖို့
30-Oct-2016
ကိုယ်ဝန်ဆောင်အပြီးမှာ ခါးပတ်လည်မှာ အဆီတွေစုလာတာ ဗိုက်ပူလာတာဟာ အမျိုးသမီးတွေအဖို့ မလိုလားပေမယ့် အဖြစ်များနေတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ရေခဲသေတ္တာထဲမှာ သိုလှောင်ထားတာတွေထက် လတ်ဆတ်တဲ့ အစားအစာတွေကို စားသုံးပေးဖို့ သုတေသီတွေက အကြံပြုထားပါတယ်။ ဒီသုတေသနမှာတော့ အိန္ဒိယနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ Fertility စင်တာမှ သားဖွားမီးယပ်အထူးကု ဆရာဝန် Dr. Rita Bakshi က ကလေးမွေးဖွားပြီးတဲ့ အမျိုးသမီးတွေကို ပေးထားတဲ့ နည်းလမ်းတွေ ကို ဖော်ပြပေးလိုပါတယ်။ လတ်ဆတ်သော သစ်သီးများ ကို စားသုံးပေးပါ။ ကလေးနို့ဖြတ်ခါနီးအထိ ရေခဲသေတ္တာထဲမှာ အေးခဲ ထားတဲ့ အစားအစာတွကိုရှောင်ကျဉ်သင့်ပါတယ်။
လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသုံးပါ။ အစားအစာတွေကို ကြာရှည်အောင်ပြုလုပ်ထားတဲ့ ကျပ်တိုက်စာ၊ အကင်များနဲ့ ဆိုးဆေးတွေပါ၀င်တဲ့ အသား၊ ငါးတွေ၊ စည် သွတ်အစားအစာတွေအစားစျေးက လတ်လတ်ဆတ်ဆတ် ၀ယ်ယူလာတဲ့ သားငါးတွေကို ချက်ပြုတ်စားသောက်သင့် ပါတယ်။ရာသီစာ ဟင်းသီးဟင်းရွက်တွေဟာ မီးဖွားပြီးစ ကိုယ်ခန္ဓာတွေအတွက် သင့်တော်ပါတယ်။ ဒါပေမယ့်တစ်မျိုးတည်းကို နေ့စဉ်စားသောက်တာမျိုးအလွန်အကျွံစားသုံးတာမျိုးကတော့ မသင့်တော်ပါဘူး။ကလေးဝေယျာဝစ္စလုပ်ငန်းတွေကနေ အားလပ်တဲ့ အချိန်မျိုးမှာ ပင်ပန်းတကြီးမလုပ်ရတဲ့ ယောဂလို၊ အေရိုးဗစ်လို လေ့ကျင့်ခန်းတွေကိုပြုလုပ်ပေးသင့်ပါတယ်။ ယောဂထဲမှာမှ asanas နဲ့ pranayama ကတော့မီးဖွားပြီးတဲ့ ကိုယ်ခန္ဓာအတွက် အထူးသင့်တော်ပြီး ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ဖြစ်ပေါ်စေပါတယ်။
Healthcare.com.mm
Ref:
Thithtoolwin
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
