ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းအား သက်သာစေရန်
30-Oct-2016
ကိုယ်ဝန်ရှိနေလား၊ ဝမ်းရော ချုပ်နေသလား၊ ရှက်မနေပါနဲ့။ ဒီပြဿနာဟာ သင်တစ်ယောက်ထဲ ခံစားနေရတာမဟုတ်ပါဘူး။ ကိုယ်ဝန် ဆောင်တွေမှာ ဘာဖြစ်လို့ ဝမ်းချုပ် ကြတာလဲ။ အကြောင်းအရင်းက နှစ်ခုရှိတယ်။ တစ်ခုက ကိုယ်ဝန်ဆောင်စဉ်မှာ ပြောင်းလဲလတဲ့ ဟော်မုန်း တွေက အစာခြေဖျက် မှုကို အားမပေး လို့ရယ်၊နောက်တစ်ခုက ကိုယ်ဝန် ဆောင်အားဆေးတွေက သံဓာတ် ပါဝင်မှုများတဲ့အတွက် ဝမ်းချုပ်စေ တာပါ။ ကဲ ကိုယ်ဝန်ဆောင်တွေမှာ ဝမ်းချုပ်ခြင်းက သက်သာအောင် ဆေးသောက် စရာမလိုဘဲ ဘယ်လို လုပ်ကြမလဲ။
၁။ နေ့စဉ်စားနေကျ အစားထဲမှာ လတ်ဆတ်တဲ့သစ်သီးတွေ၊အရွက်တွေ ၊ အစေ့အဆန်တွေ ထပ်ပေါင်း ထည့်လိုက်ပါ။ အမျှင်ဓာတ်က ဝမ်း ချုပ်တာကို သိသာစွာ သက်သာစေ ပါတယ်။
၂။ ရေများများသောက်ပါ။
၃။ မနက်မိုးလင်းလျှင် စပျစ်သီးခြောက် အနည်းငယ်ကို ရေစိမ်၍ စားပါ။ ယင်းက အမျှင်ဓာတ်များစွာပါရုံသာမက သဘာဝဝမ်းနှုတ်ဆေးလည်း ဖြစ်ပါ တယ်။
၄။ မရသေးရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်ဝန်ဆောင်အားဆေး ကို ပြောင်းသုံးကြည့်ပါ။ တချို့တံ ဆိပ်တွေက ဝမ်းချုပ်ခြင်းကို ပိုသက် သာစေပါတယ်။
၅။ အရေးကြီးဆုံးကတော့ ဝမ်းချုပ် လို့ဆိုပြီး ဆရာဝန်မညွှန်ကြားတဲ့ ဝမ်းနှုတ်ဆေးတွေ မသောက်ပါနဲ့။ ယင်းက ကိုယ်ဝန်အပေါ်သက်ရောက် မှုတွေ ရှိနိုင်ပါတယ်။
Healthcare.com.mm
Ref:
မိုင်ကိ
Health Updates Journal
Source: Medindia
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
