၁၂နှစ်ကြာအေးခဲထားသော သန္ဓေသားလောင်းမှ ဖန်ပြွန်သန္ဓေသားကလေးငယ်ကို မွေးဖ...
24-Feb-2017
တရုတ်နိုင်ငံ ရှန်စီးပြည်နယ် ရှီအန်းမြို့ရှိ ထန်ဒူဆေးရုံမှာ လွန်ခဲ့တဲ့၁၂နှစ်က အေးခဲ ထားတဲ့သန္ဓေသားလောင်းမှာ ကျန်းမာသန်စွမ်းတဲ့ ဖန်ပြွန်သန္ဓေသား အဖြစ် မွေးဖွားလာ တယ်လို့ သိရပါတယ်။အသက်၄ဝအရွယ် အမျိုးသမီးက ဒုတိယမြောက်ရင်သွေး ရတနာ သားငယ်ကို အလေးချိန်ပေါင် ၇ ပေါင်ကျော်ခန့် မွေးဖွားပေးနိုင်ခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးက မျိုးပွားတာနဲ့ကိုယ်ဝန်ဆောင်တာကို ထိခိုက်မှုရှိစေနိုင်တဲ့ Fallopian Tubes and Polycystic Ovary Syndrome ရောဂါကို ခံစားခဲ့ရပြီး ၂၀၀၃ခုနှစ်မှာ ဖန်ပြွန်သန္ဓေသားနဲ့ ကိုယ်ဝန်ဆောင်ဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဆရာဝန်တွေက သူ့ရဲ့ မျိုးဥ၁၂ဥကို စုဆောင်းပြီး ခင်ပွန်းသည်ရဲ့ သုက်ပိုးနဲ့ သန္ဓေသားလောင်း ၁၂ခုကိုဖန်တီးခဲ့ပါတယ်။ အမျိုးသမီးရဲ့ သားအိမ်ထဲကို သန္ဓေသားလောင်းနှစ်ခုကို ထည့်ပေးခဲ့ပြီး ကျန်ခုနှစ်ခု ကို အေးခဲထားခဲ့တာ ဖြစ်ပါတယ်။
လီ လို့သာသိရတဲ့ အမျိုးသမီးဟာ ၂၀၀၄ ခုနှစ်တွင် ကျန်းမာသန်စွမ်းတဲ့ သားငယ်လေးကိုမွေးဖွားခဲဲ့ပြီး အဲ့ဒီအချိန်မှစပြီး လိုရမည်ရအရေးပေါ် အခြေအနေမှာ အသုံးပြုဖိုအေးခဲထားတဲ့ သန္ဓေသားလောင်းတွေကို ဆေးရုံမှာ သိုလှောင်ထားခဲ့ပါတယ် ။ပြီးခဲ့တဲ့ နှစ်က တရုတ်မှာ ကလေးတစ်ဦးတည်းရယူရေး မူဝါဒကို ပယ်ဖျက်ခဲ့ပြီးနောက် ဒုတိယကလေးယူဖို့ ဆုံးဖြတ်ခဲ့ပြီး သိုလှောင်ထားတဲ့ သန္ဓေသားလောင်းထဲမှအသုံးပြုနိုင် မယ့် သန္ဓေသားလောင်းသုံးခုကို ပြန်လည်ထုတ်ယူခဲ့တာဖြစ်ပြီး နှစ်ခုကို သားအိမ်ထဲ ထည့်သွင်းပေးခဲ့ပေမယ့် တစ်ခုသာ ရှင်သန်နိုင်ခဲ့တယ်လို သိရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: အာရောဂျံ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
