မိခင်၏အသံသည် ကလေးကို ပိုဉာဏ်ကောင်းစေနိုင်ဟုဆို
24-Feb-2017
ကလေးငယ်တွေရဲ့ ဦးနှောက်က သူစိမ်းတွေအသံထက် မိခင်ရဲ့အသံကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်တယ်လို့ မေလ ၁၆ ရက်ထုတ် သိပ္ပံပညာဂျာနယ်မှာ ပါရှိပါတယ်။ မိခင်ရဲ့ အသံကို စက္ကန့်ပိုင်းလောက် ကြားလိုက်ရရုံနှင့် စိတ်ပိုင်းဆိုင်ရာအရ အထောက်အကူဖြစ်စေပါတယ်။ သုတေသနမှာ အသက် ၇ နှစ်မှ ၁၂ နှစ်ကြား ကျန်းမာ သန်စွမ်းတဲ့ ကလေးငယ် ၂၄ ဦးရဲ့ ဦးနှောက်ကို Scan ဖတ်ပြီး လေ့လာကြည့်ခဲ့ ပါတယ်။
ကလေးအားလုံးကို မိခင်အရင်းရဲ့ အသံနှင့်တခြားအမျိုးသမီး နှစ်ဦးတို့ရဲ့ အသံကိုဖွင့်ပြခဲ့တာဖြစ်ပါတယ်။ တစ်စက္ကန့်စာသာဖြစ်ပြီး အဓိပ္ပာယ်မရှိတဲ့စကားသံတွေဖြစ်ပေမယ့် ကလေးငယ်တွေက မိခင်ရင်းရဲ့ အသံကို ၉၇ ရာခိုင်နှုန်း မှတ်မိနေသကဲ့သို့ တခြားအမျိုးသမီးတွေရဲ့ အသံကိုလည်း မသိရှိခဲ့ကြဟု သိရပါတယ်။
မိခင်ရင်းရဲ့အသံကို မှတ်မိလွယ်တဲ့ကလေးတွေရဲ့ စိတ်ခံစားချက်နှင့် ပတ်သက်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေနဲ့ မျက်နှာအမူအရာတွေမှာ ပိုမိုရွှင်လန်းနေတတ်ပါတယ်။ တချို့ သုတေသနတွေမှာ မိခင်ရဲ့အသံက ဦးနှောက်အစိတ်အပိုင်းနေရာ အချို့ကို လှုံ့ဆော်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် မိခင်နဲ့အပြန်အလှန် ဆက်သွယ် မှုကောင်းမွန်စွာ လုပ်ဆောင်နိုင်တဲ့ ကလေးက လူမှုဆက်ဆံရေးလည်း ပိုမိုကောင်းမွန် တယ်လို့ သိရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မေဇွန်
Good Health Journal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

