အမျိုးသမီးတစ်ယောက်ကိုယ်ဝန်ဆောင်ဖြစ်လာရင် ဘာတွေလုပ်ဆောင်သင့်ပါသလဲ။
28-Feb-2017• ကျန်းမာရေးဝန်ထမ်းနဲ့ပြပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အနည်းဆုံး(၄)ကြိမ် ခံယူပါ။
• မေးခို်င်ကာကွယ်ဆေး(၂)ကြိမ်ထိုးပါ။
• သံဓါတ်နဲ့ ဖေါလစ်အက်ဆစ်အားဆေးပြားကို မနက်(၁)လုံး၊ ည(၁)လုံး အနည်းဆုံး (၃)လ သောက်ပါ။
• အာဟာရပြည့်ဝစွာစားပါ။
• မူးယစ်ဆေးဝါး၊ ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြည်ပါ။
• ဆေးလိပ်ငွေ့၊ မီးခိုုးငွေ့အစရှိတဲဲ့ ညစ်ညမ်းသောလေထုပတ်ဝန်းကျင်က ရှောင်ရှားပါ။
• ကော်ဖီ၊ လက်ဖက်ရည်လျှော့သောက်ပါ။
• ကျန်းမာရေးဌာနက ညွှန်ကြားတဲ့ဆေးဝါးတွေကလွဲရင် အခြားဆေးများမသောက်ပါနဲ့။
• ကောင်းကောင်းအနားယူပါ။ နေ့လည်နေခင်းမှာ (၂)နာရီလောက် အနားယူပါ။
• ပုံမှန်လှုပ်ရှားသွားလာတာတွေ ဆက်လုပ်သင့်ပါတယ်။ ကြမ်းတမ်းတဲ့အလုပ်၊ အလေးအပင်မတဲ့ အလုပ်တွေတော့ မလုပ်ပါနဲ့။
• သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှု အသင့်အတင့်လုပ်ပါ။ ပြင်းပြင်း ထန်ထန်လုပ်ရတဲ့ အားကစားလေ့ကျင့်ခန်းတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။
• ခြင်ထောင်နှင့်အိပ်ပါ။ ဖြစ်နိုင်ရင် ဆေးစိမ်ခြင်ထောင်နဲ့ အိပ်ပါ။
• တစ်ကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်ပါ။
• သန့်ရှင်းပြီး ပေါ့ပါးချောင်ချိတဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။
Credit : မျိုးပွားကျန်းမာရေး ( အမေး - အဖြေစာအုပ် ) မှကောက်နုတ်ထားပါသည်။