စအိုယားယံခြင်းကို ဖြစ်စေသော တုတ်ကောင်များ
28-Feb-2017
ဆေးပညာအရ အဲဒီတုတ်ကောင်ကို Entrobius vermicularis လို့ခေါ်ပါတယ်။ သူတို့က အူသိမ်၊ အူမကြီးတွေထဲမှာ နေတာပါ။ ဒါပေမဲ့ ညကျမှ စအိုကနေ အပြင်ထွက်ပြီး စအိုဝန်းကျင်မှာ အုချတော့တာပါပဲ။ ဥတွေ ထောင်ချီပြီး ဥတော့တာပါ။ တုတ်ကောင်တွေက အူတွေထဲပြန်မဝင်တော့ဘဲ အပြင်မှာ အုပြီးတာနဲ့ ခြောက်ကပ်ပြီး သေတော့တာပါပဲ။
၁။ တုတ်ကောင်ရောဂါက ဘယ်လိုကူးစက်တာလဲ။
အဓိကကတော့ Auto infection ပေါ့။ ကိုယ့်ဘာသာကိုယ် ပြန်ကူးတာပေါ့။ စအိုဝန်းကျင်က တုတ်ကောင်ဥတွေဟာ ယားလို့ကုတ်ရာကတစ်ဆင့် လက်သည်းအောက်မှာ ခိုကပ်ပြီးလက်နဲ့ အစာစားတော့ ပါးစပ်ထံဝင်သွား၊ အဲဒီကတစ်ဆင့် အူထဲရောက်အကောင်ပေါက်၊ပြီးတော့ စအိုကထွက်၊ သံသရာလည်နေတာပါပဲ။ ဒီလို တုတ်ကောင်စွဲနေတဲ့သူရဲ့ အတွင်းခံဘောင်းဘီတွေ၊ အိပ်ရာခင်းတွေကလည်း တခြားသူတွေကို ကူးစက်နိုင်တာမို့ သေသေချာချာ လျှော်ပစ်ဖို့ လိုပါတယ်။ အိမ်သာတက်ပြီးတဲ့အခါ၊ အစားမစားခင်နဲ့ စားပြီးတဲ့အခါ လက်ကိုဆပ်ပြာတဲ့ သေချာဆေးကြောသန့်စင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက နည်းမျိုးစုံနဲ့ ကျန်းမာရေးပညာပေးနေတာ သတိထားမိကြမှာပါ။
၂။ တုတ်ကောင်က အရပ်အခေါ် သန်ချဆေးနဲ့ သန်ချလို့ ရပါသလား။
ကလေးတွေ စအိုယားတဲ့ကိစ္စမှာ ဆရာပြောခဲ့တဲ့ တုတ်ကောင်အပြင် တုတ်ပြားကောင် အပါအဝင် တခြား အူကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် သန်ချဆေးတိုက်ခြင်းနှင့် ကုလို့ရပါတယ်။ အသုံးအများဆုံး ဆေးကတော့ အယ်ဘန်ဒါးဇိုး (Albendozole) ပါပဲ။ မီဘန်ဒါဇိုး (Mebendazole) ဆေးလည်း အသုံးတည့်ပါတယ်။
Credit:
ဒေါက်တာဦးကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
