ကိုယ်ဝန်ရှိလျှင် ပြတတ်သော လက္ခဏာများ
22-Mar-2017အမျိုးသားနှင့်အတူနေပြီး ၂ ပတ်ကျော်နောက် ကိုယ်ဝန်ရှိမရှိ တွေဝေစဉ်းစားရခက်နေလျှင် အောက်ပါလက္ခဏာများလဲ ပြတတ်သည် ။
- ပုံမှန်ထက်ပို၍အမောမခံနိုင်ခြင်း သန္ဓေသားဖွံ့ဖြိုးမှုအတွက် အောက်ဆီဂျင်ခွဲဝေပေးရသည့်အတွက်ကြောင့် အမောမခံနိုင်ဖြစ်လာတတ်သည်
- ရင်သားများ တင်းလာခြင်း ပိုကြီးလာခြင်း သွေးကြောများပိုထင်းလာခြင်းတို့လဲဖြစ်တတ်သည်
- ပျို့အန်ခြင်း (ကိုယ်ဝန်ရှိပြီး ၆ ပတ်အရွယ်တွင် စတင်အဖြစ်များလေ့ရှိသည်)
- ဆီးမကြာခဏသွားခြင်း
- ခေါင်းကိုက်တတ်ခြင်း (ဟော်မုန်းများပြောင်းလဲခြင်းကြောင့်)
- ခါးနာခြင်း
- ဗိုက်နာခြင်း ၊ ဝမ်းချုပ်ခြင်း ၊ ဗိုက်ထဲတွင် မအီမသာဖြစ်ခြင်း
- ချဉ်ခြင်းတတ်ခြင်း
- ခံစားချက်များ ပြောင်းလဲမြန်ခြင်း ၊ အတွေးများနေခြင်း
- အဖျားငွေ့ငွေ့ဖျားခြင်း
- အနံ့ခံအာရုံ ပိုကောင်းလာခြင်း၊ အနံ့များကို ပိုခံစားရတတ်သည်
- ခေါင်းမူးခြင်း၊ အားနည်းနွမ်းလျနေခြင်း
- ရာသီမလာခြင်း ပျောက်နေခြင်း
- ရာသီပျောက်ပြီးနောက် ရာသီသွေးအနည်းငယ် (အစက်ပျောက်ပမာဏပင်ဖြစ်နိုင်သည်) ဆင်းခြင်း
အထက်ပါလက္ခဏာများဖြစ်တတ်သော်လည်း အများစုမှာ အစောပိုင်းတွင်သိသာထင်ရှားလေ့မရှိပဲ ပုံမှန်အတိုင်းဖြစ်နေခြင်းမျိုးလဲဖြစ်နိုင်သည်။ အသေချာဆုံးအဖြေမှာ ဆီးစစ်ဆေးကြည့်ရန် လိုအပ်ခြင်းဖြစ်ပြီး ဆီးစစ်တံ ၂ကြောင်းပေါ်လျှင် ကိုယ်ဝန်ရှိခြင်းသေချာနိုင်သည် ။
ကျန်းမာလှပ ပျော်ရွှင်ရသောမေမေများဖြစ်နိုင်ပါစေ ။
Credit- Dr.JuanAK