Print

ရာသီစက်ဝန်း

  29-Mar-2017
Preview Image

ရာသီစက်ဝန်းဆိုလို့ နွေ၊မိုး၊ဆောင်း ဥတုရာသီလို့ စဉ်းစားမိသွားလား။ ဆရာမပြောချင်တဲ့ ရာသီစက်ဝန်း ဆိုတာက အမျိုးသမီးများ ဓမ္မတာလာတဲ့ ဖြစ်စဉ်ကိုပြောတာပါ။ ဆရာမတို့လို မြန်မာမိန်းမသားတွေအနေနဲ့ မျိုးဆက်ပွားကျန်းမာရေး အသိပညာနည်းပါးတာကြောင့် အပျိုဖော်ဝင်ရင် ရာသီစလာမယ်။ တစ်လတစ်ခါလာမယ်။ အသက် ၄၅-၅၅ ဆိုရင် သွေးဆုံးမယ် စသဖြင့်ပဲ သိထားကြတာလေ။ 

 

ဆရာမ ငယ်ငယ်တုန်းကလည်း ဒီအကြောင်း အမြဲစဉ်းစားမိတယ်။ ရာသီကဘာလို့လာတာလည်းပေါ့၊ ရာသီလာချိန်ဆို နာတာကတစ်မျိုး၊ သွေးဆင်းတာကတစ်မျိုး သည်လောက်ရှုပ်တာကို ဘာလို့ဖြစ်တာလဲပေါ့။ ဒါနဲ့ သိချင်လွန်းတော့ အမေ့ကို မေးလိုက်မိပါတယ်၊ ငါးပါးကိုမှောက်ရော။ အမေက ‘ညည်းကဘာသိလို့လဲ။

 

အမျိုးသမီးဆိုရင် ရာသီက လာကိုလာမှာပေါ့ဟ၊ ဒါက သဘာဝပဲတဲ့။ တစ်နေ့တစ်နေ့ မဟုတ်တာတွေပဲ စဉ်းစားမနေနဲ့၊ စာလုပ်တဲ့’ အဲ့လိုပြောခံလိုက်ရတော့ နောက်ထပ်လည်း မမေးရဲတော့။ အဖြေကလည်း ဟုတ်မလိုလိုနဲ့ စိတ်ထဲမှာတော့ မတင်မကျဖြစ်တာပေါ့။  သူငယ်ချင်းတွေမေးတော့လည်း အဖြေက ဒုံရင်းကဒုံရင်းပဲ။ ဒါနဲ့ပဲ ဆရာမလည်း ဆေးကျောင်းတက်မှ ဓမ္မတာအကြောင်း သေသေချာချာ သိတော့တယ်။ ဒါကြောင့် ရာသီစက်ဝန်းကြောင်းကို အမျိုးသမီးတွေ သိသင့်တယ်ထင်လို့ ရာသီအကြောင်း ဆောင်းပါးလေး တင်ပေးထားပါတယ်ရှင်။ 

 

ရာသီစက်ဝန်းမှာ အဓိက အပိုင်း(၃)ပိုင်း ရှိပါတယ်။ 

(၁) ရာသီလာချိန်
(၂) သားဥကြွေချိန်
(၃) သားအိမ်နံရံထူချိန် စသည်တို့ဖြစ်သည်။

 

(၁)ရာသီလာချိန် (၁ရက်မှ ရရက်)

အမျိုးသမီးများ ဓမ္မတာလာချိန်သည် ပုံမှန်အားဖြင့် ၂-၇ ရက်ရှိတတ်၍ အများအားဖြင့် ၅ရက်ကြာလေ့ရှိပါတယ်။ အချို့တွင် ဓမ္မတာသည် ၂ရက်မျှသာလာ၍ အချို့တွင် ၈ရက်ကျော်သည်များလည်းရှိတတ်ပါတယ်။ ကိုယ်ဝန်ရှိလျှင် ဓမ္မတာလာလေ့မရှိပါ။ ထိုသို့မလာရခြင်းရဲ့ အကြောင်းအရင်းကတော့ သားဥနှင့် သုတ်ပိုးတို့တွေ့ရာမှ သန္ဓေအောင်၍ သားဥတွယ်ကပ်ရန် ပြင်ဆင်ပေးထားသော ထူထဲသည့်သားအိမ်နံရံတွင် ချိတ်နေသာကြောင့်ဖြစတာပါ။ သန္ဓေမအောင်လျှင် တွယ်ကပ်သည့်ပစ္စည်းမရှိသောအခါ သားအိမ်နံရံများ ကွာကျ၍ မိန်းမကိုယ်မှတဆင့် အပြင်သို့ထွက်လာပါတယ်။ ၄င်းကို ဓမ္မတာလာခြင်းဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အမျိုးသမီးများ ဓမ္မတာလာချိန်တွင် ဗိုက်နာဝေဒနာ ခံစားရလေ့ရှိပါတယ်။ သားအိမ်နံရံများကွာကျအောင် သားအိမ်ကို ကျုံ့ပေးရသဖြင့် ဗိုက်နာခြင်း ဖြစ်တာပါရှင့်။

 

(၂) သားဥကြွေချိန်

အမျိုုးသမီးများတွင် သားဥအိမ် ၂ခုရှိ၍ တစ်လလျှင်တစ်ခါ သားဥအိမ်တစ်ခုမှ သားဥတစ်လုံးကြွေလေ့ရှိသည်။ ထိုသားဥသည် သားဥပြွန်မှတဆင့် သားအိမ်သို့ရောက်ရှိပြီး သုတ်ပိုးအလာကို စောင့်နေတာရှင့်။ ဒီလိုစောင့်နေတဲ့အချိန်မှာ သုတ်ပိုးနဲ့ သားဥတို့ မေတ္တာမျှပြီး တွေ့သွားလျှင်တော့ ကိုယ်ဝန်ရမှာပေါ့ရှင်။ ဤဖြစ်စဉ်က ရာသီစက်ဝန်း၏ ရရက် နှင့် ၂၁ရက်ကြားတွင်ဖြစ်လေ့ရှိပြီး အများအားဖြင့် ၁၄ရက်ဝန်းကျင်တွင် ဖြစ်လေ့ရှိပါတယ်။ 

 

(၃) သားအိမ်နံရံထူချိန် ( ၁၅-၂၈ ရက်)

ပုံမှန်အားဖြင့် ပထမဆုံးရာသီစလာသည့်ရက်မှ ၁၅ရက်ကြာလျှင် သားအိမ်နံရံတွေက စတင်၍ တဖြည်းဖြည်း ထူလာလေ့ရှိ၍ ကြာမြင့်ချိန်မှာ ၁၄ရက်ဖြစ်ပါတယ်။ ဘာလို့သားအိမ်နံရံထူလာတာလဲ။ ထိုသို့ဖြစ်ရခြင်းမှာ သားဥသားန္ဓေအောင်သည့်အခါ သားအိမ်တွင် ချက်ချင်းတွယ်ကယ်နိုင်သည့် ပတ်ဝန်းကျင် အခြေအနေရရန် သဘာဝအလျောက် သားအိမ်က ပြုပြင်ထားပေးတာပါ။ ကိုယ်ဝန်မရသည့် အခါ သားဥသည့် အရည်ပျော်သွားလေ့ရှိတယ်။ သားအိမ်နံရံကလည်း တဖြည်းဖြည်းကွာကျရာမှ ဓမ္မတာဖြစ်စဉ်ဖြစ်လာပါတယ် ရှင့်။


Credit : Dr. Archer (7887 Healthcare Call Center)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18