Print

ကိုယ်ဝန်ဆောင်နှင့်အဖြူဆင်းခြင်း

  26-Apr-2017
Preview Image


မိန်းမကိုယ်မှ အဖြူဆင်းခြင်းသည် အရွယ်ရောက်ပြီးသော အမျိုးသမီးတို်င်းတွင် ဖြစ်လေ့ဖြစ်ထရှိပါတယ်။ကိုယ်ဝန်ဆောင်ချိန်တွင်လည်း အဖြူဆင်းတာဟာ ပုံမှန်ဖြစ်လေ့ရှိပါတယ်။အကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်ချိန်တွင် ဟော်မုန်းအပြောင်းအလဲကြောင့် အဖြူဆင်းများခြင်းပဲဖြစ်ပါတယ်။ထို့အပြင် ကိုယ်ဝန်ဆောင်ချိန်တွင်မိန်းမကိုယ်ပိုးဝင်ခြင်း(မှိုရောဂါ)သည်လည်းအဖြစ်များသောရောဂါတစ်မျိုးဖြစ်ပါတယ်။လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကြောင့်လည်း မိန်းမကိုယ်ပိုးဝင်ကာအဖြူဆင်းနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်တွင်ဟော်မုန်းအပြောင်း အလဲကြောင့်ပုံမှန်အဖြူဆင်းတတ်သော်လည်းအဖြူဆင်းခြင်းမှာအရည်ကြည်မဟုတ်ပဲအဝါသို့မဟုတ်အစိမ်းရောင်ပြောင်းသွားခြင်း၊အဖြူအဖတ်အဖတ်များဖြစ်ပေါ်ခြင်း၊အနံ့နံခြင်း၊မိန်းမကိုယ်ယားယံခြင်းစသောမိန်းမကိုယ်ပိုးဝင်သည့်လက္ခဏာရပ်များဖြစ်ပေါ်ပါကသားဖွားမီးယပ်ဆရာဝန်နှင့်ပြသသင့်ပါသည်။

writer : Dr Toe



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18